Author: admin
-
စစ်ရေးအရ အရေးပါလှတဲ့ အင်းတော်နဲ့ဖလမ်းအောင်ပွဲ
စစ်ရေးအရ အရေးပါလှတဲ့ အင်းတော်နဲ့ဖလမ်းအောင်ပွဲ အညာသား၊ဟန်နွေ/People’s Spring စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်မှာ စစ်ရေးအရ အရေးပါလှတဲ့ မြို့ ၂ မြို့ကိုတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။ ၂၀၂၅ ဧပြီ ၇ ရက်နေ့ဟာ နွေဦးတော်လှန်ရေးရဲ့အရေးကြီး တဲ့နေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် ။စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်အစပ်မှာ စစ်ရေးအရ အရေးပါလှပြီး ၇ လတိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက ငါးလကြာထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါအပြင် စစ်တပ်မှာ မာလှ ၊ကြမ်းလှပါတယ်ဆိုပြီး နာမည်းဆိုးနဲ့ကျော်ကြားတဲ့ တပ်မ ၇၇ ကိုပါ တော်လှန်ရေးတပ်တွေက အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ●အင်းတော်မြို့သိမ်းတိုက်ပွဲ ဒုတိယကမ္ဘာစစ်လက်ကျန် လိုဏ်ဂူဖြစ်တဲ့ ဂျပန်လှိုဏ်ဂူထဲမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ပြီး…
-
Breaking News- မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင် မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ
Breaking News- မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင် မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ ရန်ကုန်၊ ဧပြီ ၁၃ . မန္တလေးတိုင်း၊ မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် မိတ္တီလာမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း၊ အဆိုပါ ငလျင်ကြောင့် မန္တလေး၊…
-
အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်
အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့် ရန်ကုန်၊ဧပြီ ၁၃ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ မတ်လ ၃၀ ရက်နေ့ မှ ဧပြီ ၁၂ ရက်နေ့အထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို “နိုင်ငံလုံးဆိုင်ရာ…
-
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နဲ့ ငလျင်ပြန်လည်ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာဖို့ စစ်ကောင်စီကို ကုလ တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နဲ့ ငလျင်ပြန်လည်ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာဖို့ စစ်ကောင်စီကို ကုလ တောင်းဆို ~~~ ◼ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ကြေညာပေးဖို့ ကုလသမဂ္ဂ က ဧပြီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃၆၀၀ ကျော် သေဆုံးကာ ၅၀၁၈ ဦး ဒဏ်ရာရပြီး ၁၄၅ ဦး ပျောက်ဆုံးနေချိန် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ငလျင်ဘေး အသက်ရှင်ကျန်ရစ်သူ တွေကို…
-
ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး
ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁၂ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် ဒီပဲယင်းနယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…
-
ပြည်တွင်းပြည်ပကုမ္ပဏီများ၏ ငလျင်ဘေးအလှူငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်မှာ နိုင်ငံတဝန်းလူထုအပေါ် စစ်အုပ်စု ကျူးလွန်မှုများအား အထောက်အပံ့ဖြစ်နိုင်ဟု JFM သတိပေး
ပြည်တွင်းပြည်ပကုမ္ပဏီများ၏ ငလျင်ဘေးအလှူငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်မှာ နိုင်ငံတဝန်းလူထုအပေါ် စစ်အုပ်စု ကျူးလွန်မှုများအား အထောက်အပံ့ဖြစ်နိုင်ဟု JFM သတိပေး ဧပြီ-၁၂၊ ၂၀၂၅။ အီယိုရီ/People’s Spring ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပကုမ္ပဏီများက စစ်အုပ်စုကို လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅.၈ သန်းသည် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတဝန်းလူထုအပေါ် ကျူးလွန်နေမှုများအတွက် အထောက်အပံ့ ဖြစ်သွားနိုင်ကြောင်း Justice For Myanmar က သတိပေးလိုက်သည်။ နိုင်ငံစုံအလှူရှင်များက စစ်တပ်ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် အလှူငွေများ ပေးအပ်ခဲ့ကြပြီး ယင်းအလှူရှင်များထဲတွင် ဂျပန်နိုင်ငံ၏ နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး AEON၊ တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နှင့် China National Petroleum Corporation (CNPC) တို့ ပါဝင်ကြောင်း…
-
တောင်ဒဂုံ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရ
တောင်ဒဂုံ မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရ ရန်ကုန်၊ ဧပြီ ၁၂ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မြို့မရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း THE BLOOD LINE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် တောင်ဒဂုံမြို့နယ်၊ တောင်-မြောက် လမ်းဆုံအနီးရှိ မြို့မရဲစခန်းကို THE BLOOD LINE အဖွဲ့ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။…
-
စစ်ကောင်စီလက်အောက်ခံ လေတပ်များ သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်ကာလ အနားမရဘဲ လေကြောင်းစစ်ဆင် ရေးများ ဆက်တိုက်ရှိနေမည်ဖြစ်၍ ပြည်သူများ သတိပြုရန် လိုအပ်
စစ်ကောင်စီလက်အောက်ခံ လေတပ်များ သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်ကာလ အနားမရဘဲ လေကြောင်းစစ်ဆင် ရေးများ ဆက်တိုက်ရှိနေမည်ဖြစ်၍ ပြည်သူများ သတိပြုရန် လိုအပ် ရန်ကုန်၊ဧပြီ ၁၂ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လေတပ်များအနေဖြင့် သင်္ကြန်နှစ်သစ်ကူးကာလ ပိတ်ရက်များတွင် အနားမရဘဲ လေ ကြောင်း စစ်ဆင်ရေးများ ဆက်တိုက်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အထိ သင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက် ၉ ရက်အတွက် စစ်ကောင်စီ၏ အရပ်ဘက်ဝန်ကြီးဌာနရုံးများ၊ အရပ်ဘက် ဝန်ထမ်းများအတွက် နားရက်ပေးထားသော်လည်း စစ်ဘက်ဝန် ထမ်းများ အထူးသဖြင့် စစ်ကောင်စီလက်အောက်ခံ လေတပ်များတွင်မူ အနားမပေးဘဲ အလှည့်ကျ တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။ “သင်္ကြန်ကာလမှာ တပ်မတော်(လေ)…
-
စစ်ကိုင်းငလျင်ကြီးကြောင့် နန်းတွင်းရှိ လပခစစ်ဌာနချုပ်အဆာက်အအုံများပျက်စီးမှုရှိဟု စစ်ကောင်စီ ပြောလာ
စစ်ကိုင်းငလျင်ကြီးကြောင့် နန်းတွင်းရှိ လပခစစ်ဌာနချုပ်အဆာက်အအုံများပျက်စီးမှုရှိဟု စစ်ကောင်စီ ပြောလာ ဧပြီ ၁၂၊၂၀၂၅။ရဲခေါင်/People’s Spring စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့နန်းတွင်းအတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)၏ အဆာက်အအုံများပျက်စီးမှုရှိသည်ကို စစ်ကောင်စီက ပြောဆိုလာသည်။ ယနေ့(ဧပြီ ၁၂ရက်)ထုတ်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာအချို့တွင် ဖော်ပြချက်အရ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့ မန္တလေးမြို့သို့လာရောက်ခဲ့ကြောင်း ကနဦးဖော်ပြသည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်သင့်နေရာများရှိ အပျက်အစီးများအမြန်ဆုံးရှင်းလင်းရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်ဟု ဆိုသည်။ နန်းတွင်းရှိ စစ်တပ်အဆောက်အအုံများအပြင် စစ်ကြောရေးအချုပ်ဆောင်များလည်းပြိုကျခဲ့ပြီး နန်းတွင်း၌ရှိသည့် အဆောက်အအုံ၏ ၇၀ ရာခိုင်နှုန်းခန့် ပြိုကျခဲ့ကြောင်း လပခရှိ စစ်ကောင်စီတပ်သားတစ်ဦးက လူထုနွေဦးသို့ အသိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ သေဆုံးထိခိုက်ခြင်း ၊အချုပ်ဆောင်ရှိ အကျဥ်းသားများ ထိခိုက်သေဆုံးမှုလည်းရှိကြောင်းလည်း ၎င်းက ဆိုသည်။ “စီနီယာဆရာဝန်တချို့ကို ခေါ်သွားတာ။ဒဏ်ရာရတဲ့သူတွေ…
-
နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်
နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ် – BBC NEWS မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်မှာ ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်မှာ ၄ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ လူအများက စိုးရိမ်ပူပန်နေကြပါတယ်။ တခါ ငလျင်ရဲ့ ဗဟိုချက် အနီးကပ်ဆုံး မန္တလေးမြို့က အိုးဘိုထောင်မှာလည်း အကျဉ်းသူ တချို့ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မသူဇာလင်းက ဆက်ပြီး ပြောပြပေးမှာပါ။ #ဘီဘီစီမြန်မာပိုင်း