Author: admin

  • Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…

    Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…

    by

    in

    Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်… ၂၀၂၄ စက်တင်ဘာလ ၂၂ရက်နေ့ ၂၃ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခုးတိုင်းအရှေ့ပိုင်းအထိ Soulik typhoon မုန်တိုင်းရဲ့ UAC 500mbar winds များရောက်ရှိမိုးကြီးစေနိုင်ပါတယ် ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း ကဗ္ဘောဒီးယားနိုင်ငံ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ အားလုံး မုန်တိုင်းအန္တရာယ်ရှိပါတယ် ကြိုတင်ပြင်ဆင်ကြပါ အန္တရာယ်ရှိသဖြင့် ရက်နီး update weather forecast ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအကူအညီများကိုလည်း တတ်နိုင်တဲ့ဖက်က စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးနေပါတယ် 17/09/2024 7:25am(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 ၂၄နာရီအတွင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် လင်းခေးခရိုင်…

  • “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

    “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

    by

    in

    “ရန်ကုန်မြေနိမ့်အားလုံးပြင်ဆင်ထားကျပါအရေးကြီးပါတယ်”

  • ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

    ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

    by

    in

    ရွှေပေါက္ကံမြို့သစ် (၂၂)ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ “လက်ပစ်ဗုံးနှစ်လုံးကွဲအား ပြင်းတယ်။ လတ်တလော အုပ်ကြီးရှောသွားတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။ စက်တင်ဘာ ၁၆ ရက် ည ၈နာရီခွဲခန့်တွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက အစစ်အဆေးပြုလုပ်ခဲ့သော်လည်း ရဲဘော်များဘေးကင်းရာသို့ရောက်ရှိပြီဟု ၎င်းက ပြောသည်။ “အုံးသံကြားပြီး မီးတွေအကုန်ဖြတ်ပစ်လိုက်ပြီး ဆေးရုံကားသံတွေကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်အထိ ပေါက်ကွဲမှုဖြစ်သည့်နေရာ၌ ပျူစောထီးအင်အားအများအပြားဖြင့် ကင်းလှည့်မှုများပြုလုပ်ကာ အစစ်အဆေးလုပ်နေကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့ပြစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ…

  • တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊  စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊  စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊

    တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊ စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊ စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊

    by

    in

    တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊ စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊ စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊ MN/MFP ၊ စက်တင်ဘာ – ၁၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ခြုံကြီးရွာကို ဒီကနေ့ စက်တင်ဘာလ (၁၆)ရက် မနက်ပိုင်း စစ်အုပ်စုက အလစ်အငိုက် စီးနင်းကာ ခြောက်ဦးကို ဖမ်းဆီး၊ ညှဉ်းပန်း၊ နှိပ်စက်ပြီးနောက် နှစ်ဦးကို ခေါင်းဖြတ်၊ နှစ်ဦးကို သေနတ်နဲ့တေ့ ပစ်သတ်ကာ နှစ်ဦးကတော့ အလောင်းမတွေ့သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒါ့အပြင် ခြုံကြီးရွာမှာ တိုက်ပွဲဖြစ်ပွားချိန်…

  • ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်

    ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်

    by

    in

    ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင် ရောင်နီ (မဇ္ဈိမ)။ ။ လက်ရှိကာလ၌ ရေကြီးနစ််မြုပ်မှုကြုံတွေ့နေသည့် ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် မိုးကြီးနိုင်သည့်အတွက် ရေဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့(စက်တင်ဘာလ ၁၆ရက်) သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၂၀ ၊ ၂၁၊ ၂၂ ရက်နေ့များ၌ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က သတိပေးထားသည်။ အဆိုပါဒေသများတွင် မိုးကြီးမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ထိခိုက်မှုအန္တရာယ်လျော့ပါးစေရေး ကြိုတင်ပြင်ဆင်နေထိုင်ရန်လည်းအကြံပြုထားသည်။ လက်ရှိတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ မြို့ပေါ်ရပ်ကွက်များ ရေဝင်နေပြီး ဒေသခံများသည် ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။ ကရင်နီပြည်၌လည်း ဒီးမော့ဆိုမြို့အပါအဝင် ဒေသအများစု ရေဘေးကြုံတွေ့နေပြီး ဘေးသင့်ပြည်သူ ထောင်ချီရှိနေသည်ဟု ကူညီရေးလုပ်ဆောင်နေသူများထံမှသိရသည်။ မြစ်ရေကြီးမှုများလည်း…

  • သတိထားရတော့မုန်တိုင်းအန္တရာယ် Soulik တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း

    သတိထားရတော့မုန်တိုင်းအန္တရာယ် Soulik တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း

    by

    in

    သတိထားရတော့မုန်တိုင်းအန္တရာယ် Soulik တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေအားလုံးသက်ရောက်နိုင်ပါတယ် ပိမိုတိကျသေချာစေရန်အတွက် weather data အချက်အလက်များကိုဝယ်ယူစိစစ်တွက်ချက်ပြီး ရက်ကြိုတင်ခန့်မှန်းပေးသွားမည်ဖြစ်ပါတယ် ISSUED TIME 16/09/2024 5:38pm(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 ရေကြီးသည့်ဒဏ်ခံခဲ့ရသည့် ဒေသများအတွက်၊ အပူတွေကြားထဲ စိတ်မကောင်းစရာသတင်းထပ်ပြီး ပြောရပါမည်၊ ၁- ဖိလစ်ပိုင်နိူင်ငံ အရှေ့ပိုင်းတွင်စတင်ပြီး မုန်တိုင်း ဖြစ်ပေါ်လာနိူင်သည့် တိုင်ဖွန်းအစပျိုးနေသည့်ကိစ္စသည် အကယ်၍သာ(အကယ်၍သာ)တိုင်ဖွန်း မုန်တိုင်းဖြစ်သွားပါက ဗီယက်နမ်နိူင်ငံ အရှေ့ပိုင်း Vinh မြို့နားကို ရွေ့လျား(မြန်မာနိုင်ငံတောင်ငူမြို့အရှေ့တည့်တည့် ကီလိုမီတာ (၁၀၀၀) ခန့်ကို )ဝင်ရောက်လာနိူင်ပါသည်၊ (မြန်မာနိူင်ငံကို မဟုတ်ပါ) ၂- အဆိုပါ လေဖိအားနည်းသည် တိုင်ဖွန်းမုန်တိုင်းအဖြစ် ကူးပြောင်းခဲ့ပါလျှင်(ခဲ့ပါလျှင်)ဗီယက်နမ်နိူင်ငံသို့ ၂၀/၂၁-၉-၂၀၂၄ ခန့်တွင် Cat…

  • စစ်ရိပ်စစ်ငွေ့ကြောင့် ပြင်ဦးလွင်မြို့ ခြောက်သွေ့နေ

    စစ်ရိပ်စစ်ငွေ့ကြောင့် ပြင်ဦးလွင်မြို့ ခြောက်သွေ့နေ

    by

    in

    စစ်ရိပ်စစ်ငွေ့ကြောင့် ပြင်ဦးလွင်မြို့ ခြောက်သွေ့နေ ဆိုင်းမင်း/People’s Spring စစ်တက္ကသိုလ်တွေတည်ရှိရာပြင်ဦးလွင်မြို့မှာ စစ်ရိပ်စစ်ငွေ့ သန်းလာပြီးနောက် တချိန်က အပန်းဖြေ မြို့ ဖြစ်ခဲ့တဲ့ပေမယ့် လက်ရှိမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေပါပြီ။ မြို့ပေါ် အပါအဝင် ရပ်ကွက်အချို့မှာ နေအိမ်တွေ နဲ့ ဆိုင်ခန်းတွေ သော့ခတ်ပြီး ပိတ်ထားကြတယ်လို့ အခုရက်ပိုင်း ပြင်ဦးလွင်ဆီ ရောက်ရှိခဲ့သူ အချို့ထံကသိရပါတယ်။ တိုက်ပွဲတွေ မြို့နား ကပ်လာချိန်မှာ ပြင်ဦးလွင်ဆီ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် မရှိသလောက်နည်းပါးသွားသလို ဟိုတယ်တွေလည်း ပိတ်ထားကြပါတယ်။ ပြင်ဦီးလွင်က နာမည်ကြီး အမျိုးသားကန်တော်ကြီး ဥယာဉ် အပါအဝင် အပန်းဖြေ နေရာတွေ မှာလည်း လူအဝင်အထွက် ပါးသွားတယ်လို့သိရပါတယ်။ စစ်တပ်နဲ့ ထိစပ်နေတဲ့ နေရာတွေမှာနေထိုင်ကြတဲ့ဒေသခံတွေ လည်း နေရာရွှေ့ပြောင်းတာရှိနေပါတယ်။ ” သာမာန်ပြည်သူကတော့ ရပ်ကွက်တွေထဲမှာဆက်ရှိနေပါတယ်”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။ ပြင်ဦးလွင်မှာ…

  • မုံရွာမြို့၊  အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား

    မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား

    by

    in

    မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား ရန်ကုန်၊ စက်တင်ဘာ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး၊ လက်လုပ်ရော့ကတ်ဒုံးများဖြင့် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Chindwin Rocket Brothers -CRB မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့၊ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)…

  • ဟော 🔴 ယာဂိလို မုန်တိုင်းကြီးနောက်တစ်လုံး ” SOULIK “တဲ့ဟေ့..မင်းဂွတ်သီးလေးစုစုစံသတိပေးပြန်ပီ 👇👇👇

    by

    in

    သတိထားရမည့် နောက်ထပ် မုန်တိုင်းတစ်လုံး Yagi ယဂိ လမ်းကြောင်းအတိုင်းရွှေလျှားလာမယ် the South China Sea. Next Name = Soulik. မုန်တိုင်းအမည်ဖြစ်မယ် အချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေပါတယ် ရက်ဝေးခန့်မှန်းချက်တွေ ကြိုတင်ခန့်မှန်းချက်ထုတ်ပေးနိုင်ရန်အတွက်ကြိုးစားနေပါတယ် ISSUED TIME 16/09/2024 2:10pm(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာမဲ့ လေဖိအားနည်းရပ်ဝန်း(ဖိလစ်ပိုင်အမည်(GENER) အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် စတင်ဖြစ်ပေါ်လာကြောင်းတွေ့ရပါတယ်။ ဖိလစ်ပိုင်မိုးလေဝသဋ္ဌာန ထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်နိုင်ငံအတွက် ၇ လုံးမြောက် ဖြစ်တာကြောင့် ၇ လုံးမြောက်အင်္ဂလိပ်အက္ခရာအတိုင်း GENER လို့ အမည်ပေးထားတာတွေ့ရပါတယ်။ ဖိလစ်ပိုင်မိုးလေဝသဋ္ဌာနရဲ့ ကြိုတင်ခန့်မှန်းချက်အရ တောင်တရုတ်ပင်လယ်တွင်းကိုရောက်ရှိပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဟိုင်နန်ကျွန်းကိုဦိးတည်ရွေ့လျားနိုင်ကြောင်း လက်ရှိခန့်မှန်းချက်အရ အပူပိုင်းမုန်တိုင်း(Tropical Storm(TS) အဆင့်အထိရောက်နိုင်ကြောင်း ကနဦးခန့်မှန်းချက်မှာ တွေ့ရပါတယ်။…

  • ဆည်တော်ကြီး ရေလှောင်တမံကိစ္စ ပြည်သူတွေ မစိုးရိမ်ဖို့ MDY-PDF အသိပေး၊

    ဆည်တော်ကြီး ရေလှောင်တမံကိစ္စ ပြည်သူတွေ မစိုးရိမ်ဖို့ MDY-PDF အသိပေး၊

    by

    in

    ဆည်တော်ကြီး ရေလှောင်တမံကိစ္စ ပြည်သူတွေ မစိုးရိမ်ဖို့ MDY-PDF အသိပေး၊ ဒေါ်လာ/MFP ၊ စက်တင်ဘာ – ၁၅ မန္တလေးတိုင်း မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံဟာ ရေပြည့်အမှတ်ရောက်ဖို့ ပေ ၃၀ ကျော် လိုအပ်နေသေးပြီး ဆည်တော်ကြီးတမံကြောင့် ဘေးအန္တရာယ် ဖြစ်မှာကို မစိုးရိမ်ကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF စစ်ဦးစီးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ဆည်တော်ကြီး ရေလှောင်တမံ အပါအဝင် မတ္တရာနယ် အရှေ့ခြမ်း ဒေသကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စလို့ MDY-PDF က တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ “မတ္တရာမြို့နယ်၊ ဆည်တော်ကြီး ရေလှောင်တမံ၏ ကန်ရေပြည့် အမှတ်မှာ (၄၂၀)ပေ ဖြစ်ပြီး ပုံမှန် ရေထိန်းအမှတ်ကို…