Author: admin
-
မန္တလေးတွင် ငလျင်ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်အတွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာ
မန္တလေးတွင် ငလျင်ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်အတွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာ ရန်ကုန်၊ ဧပြီ ၃ မန္တလေးတွင် ငလျင်ကြောင့် ပြိုကျခဲ့သော ဂရိတ်ဝေါဟိုတယ်တွင်းရှိ ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများ ထုတ်ယူဖော်ယူခွင့် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က ကန့်သတ်မှုများ လုပ်လာနေကြောင်း သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်ပြိုကျပျက်စီးခဲ့ကြောင်း၊ ယင်းနောက် ရှာဖွေရေးလုပ်ငန်းများ ခဏတာလုပ်ဆောင်ပြီးနောက် မတ်လ ၃၁ ရက်နေ့ ညပိုင်းမှစတင်ကာ ပိတ်မိနေသော ပြည်သူ များနှင့် သေဆုံး ပြည်သူများ၏ ရုပ်အလောင်းများ ထုတ်ဖော်သယ်ယူခွင့်ကို ဟိုတယ်ပိုင်ရှင်က စတင်ကန့်သတ်နေကြောင်း သိရှိရသည်။ လက်ရှိ အချိန်အထိ ဂရိတ်ဝေါဟိုတယ်က အသက်ရှင် လျက်ကယ်ထုတ်နိုင်သူ ၂…
-
နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့
နိုင်ငံတစ်ဝန်း ငလျင်ဒဏ် ၅ ရက်တာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ ဧပြီ ၃၊ ၂၀၂၅ နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်းလုပ်ဆောင်နေရတဲ့ကာလတွေမှာ အာဏာသိမ်းစစ်တပ်က စုစုပေါင်း တိုက်ခိုက်မှု ၃၂ ကြိမ်အတွင်း အရပ်သား ပြည်သူ အယောက် ၅၀ ကျော် သေဆုံးခဲ့ပြီး ၄၉ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုတွေထဲမှာ ငလျင်ဒဏ်သင့် နေရာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း…
-
စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာပြီးနောက်နေ့တွင် ၀ိုင်းမော်မြို့ကို ထိုးစစ်ဆင် ■အင်းတော်ကြီးဒေသလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
စစ်ကောင်စီက အပစ်ရပ်ကြောင်းကြေညာပြီးနောက်နေ့တွင် ၀ိုင်းမော်မြို့ကို ထိုးစစ်ဆင် ■အင်းတော်ကြီးဒေသလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ■ဆားလင်းကြီးတွင်လည်း စစ်တပ်က စစ်ကြောင်းထိုး၍ ဧပြီ ၃ ရက်နံနက်အထိ တိုက်ပွဲဖြစ်ပွားနေ ဧပြီ၃၊ ၂၀၂၅။ဟန်နွေ၊ခွာညို/People’s Spring အာဏာသိမ်းစစ်ကောင်စီက ဧပြီ ၂ရက်ညပိုင်းက ယာယီအပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပြီး နောက်နေ့မနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာထောက်ထားနားလည်ခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဧပြီ ၂ ရက်မှ ၂၂ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် စစ်ကောင်စီက ကြေညာခဲ့သော်လည်း ယနေ့(ဧပြီ၃ရက်) နံနက်အစောတွင် လေကြောင်းတိုက်ခိုက်မှုနှင့် ထိုးစစ်ဆင်မှု လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ” သူက…
-
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာ ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း လေတပ်မှ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေ ယာဉ် ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်သည်။ မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်း စစ်တပ် အထူးလေယာဉ် ဖြင့် နေပြည်တော်မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်တွင် BIMSTEC အစည်းအဝေးကို လာရောက်မည်ဖြစ် ကြောင်း၊ ယင်းအစည်း အဝေး ကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra…
-
Breaking News- ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်
Breaking News- ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်၊ ဧပြီ ၂ ရန်ကုန်မြို့အနီး ဖျာပုံမြို့နှင့် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့-USGSက သတင်းထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီ ၅၇ မိနစ်အချိန် ဖျာပုံမြို့တောင်ဘက် ၈၆ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ပြင်းအား ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ ရန်ကုန်မြို့ခံအများစုက ငလျင်လှုပ်ခတ်သွားသည်ကို မသိရှိလိုက်ကြဘဲ တချို့သောမြို့ခံများကမူ ငလျင် ခပ်ဖြည်းဖြည်း တစ်ချက် လှုပ်ခတ်သွားသည်ကို သိရှိသည်ဟုဆိုကြသည်။…
-
ငလျင် ဘေးသင့်နေချိန် စစ်ကိုင်းနဲ့ မန္တလေးက နေရာ ၁၀ ခု ကျော်ကိုစစ်အုပ်စုက ဗုံးကြဲ အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးပြီး ၊ ၄၉ ဦး ထိခိုက်ဒဏ်ရာရ
ငလျင် ဘေးသင့်နေချိန် စစ်ကိုင်းနဲ့ မန္တလေးက နေရာ ၁၀ ခု ကျော်ကိုစစ်အုပ်စုက ဗုံးကြဲ အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးပြီး ၊ ၄၉ ဦး ထိခိုက်ဒဏ်ရာရ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မတ် (၂၈) ရက် ကနေ ဧပြီလ ၁ရက် အထိ လေရက်တာ ကာလအတွင်း စစ်အုပ်စုက ငလျင်ဘေးဒဏ်သင့်စစ်ကိုင်းနဲ့ မန္တလေးရှိ နေရာ ၁၁ နေရာ ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅၀ ဦးထက် မနည်း သေဆုံးကာ ၄၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(National Unity Consultative Council-NUCC) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုဟာ…
-
စစ်ကိုင်းငလျင်စတင်တဲ့ဗဟိုချက်နေရာတဲ့… ဖြစ်သွားတာကြောက်စရာကြီး ပြသနာအားလုံးဒီကစတင်ခဲ့တာနော်
7.7 ငလျင်ဗဟိုချက်နေရာ အသေးစိတ်လေ့လာလိုသူများအတွက် 2025 March 28 – 1:24 PM မှာ ကျွန်တော်တင်ပေးခဲ့တဲ့ စစ်ကိုင်းမြို့အနီးမှာပါပဲ။ အတိအကျဆိုရင် စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်း၊ စာရေးရွာအနီးမှာ ဖြစ်ပါတယ်။ Time 2025-03-28 12:50:52 (UTC+06:30) Location 21°59’46.7″N 95°55’32.9″E Depth 10.0 km https://maps.app.goo.gl/mKFtgByWKqidbdHV9… (21.9963024, 95.9257993) Video Credit: Original Uploader Phyo Thu Win
-
နေပြည်တော်တွင် ငလျင်လှုပ်ချိန် မင်းအောင်လှိုင် စားပွဲ တစ်ခြမ်းတွင် နေရာယူခဲ့ရသည့်အပြင် ၁ နာရီကျော် အပြင်ထွက်မတ်တပ်ရပ်နေခဲ့ရဟု ထုတ်ဖော်ပြောဆို (ရုပ်/သံ)
နေပြည်တော်တွင် ငလျင်လှုပ်ချိန် မင်းအောင်လှိုင် စားပွဲ တစ်ခြမ်းတွင် နေရာယူခဲ့ရသည့်အပြင် ၁ နာရီကျော် အပြင်ထွက်မတ်တပ်ရပ်နေခဲ့ရဟု ထုတ်ဖော်ပြောဆို (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ချိန် စားပွဲ တစ်ခြမ်းတွင် နေရာယူခဲ့ရပြီး အပြင်ထွက်၍ ၁ နာရီကျော် မတ်တပ်ရပ်နေခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ငလျင်ကူညီရေး အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ “၂၈ ရက်နေ့ ငလျင်လှုပ်တဲ့အချိန်ကျတော့ ကျနော်က ရုံးမှာ စာတွေ ဖတ်နေတဲ့အချိန်ဖြစ်ပါတယ်။ စလှုပ်တဲ့အချိန်မှာ ချက်ချင်း သတိရတာနဲ့ နာရီကောက်ကြည့်လိုက်တော့ ၁၂ နာရီ ၅၁ မိနစ်ပေါ့လေ။…
-
ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် ဧပြီလ (၄)ရက်နေ့ကစပြီး မိုးထစ်ချုန်းရွာနိုင်
ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် ဧပြီလ (၄)ရက်နေ့ကစပြီး မိုးထစ်ချုန်းရွာနိုင် * * * * * ငလျင်ဒဏ်သင့်ဒေသတချို့ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဧပြီလ(၂)ရက်နေ့ ညနေ(၃)နာရီ (၁၇)မိနစ်အချိန်က အသိပေးထားသည်။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် နေရာကြဲကြဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။ ထို့အပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ (၃)ရက်မှ (၈)ရက်အတွင်း မိုးအသင့်အတင့် ရွာနိုင်မည်ဟုလည်း အသိပေးထားသည်။ လက်ရှိတွင် ငလျင်ဒဏ်သင့် မန္တလေး၊…
-
ငလျင်ကြောင့် သေဆုံးသူ ၂၇၀၀ ကျော်ရှိလာပြီး အလောင်းများ ထုတ်ယူရာတွင် ပုတ်ပွနေသဖြင့် ထုတ်ယူရန်ခက်ခဲ၊ စစ်ကိုင်းနှင့်မန္တလေးမြို့ ပြိုကျအဆောက်အအုံများတွင် အပုတ်နံ့များလှိုင်နေ
ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်… ဧပြီ ၂၊ ၂၀၂၅ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူ ၄၆၃၉ ယောက်နဲ့ ပျောက်ဆုံးနေသူ ၃၇၃ ယောက် ရှိတယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။ ငလျင်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တွေမှာတော့ ပျောက်ဆုံးနေသူ အများအပြားရှိပြီး သေဆုံးတဲ့ ဦးရေကလည်း တိုးလာနေသလို ဒီနေ့အချိန်အထိ ပိတ်မိနေသူ အများအပြား ရှိနေသေးတာ ဖြစ်ပါတယ်။ မြေပြင်မှာ ကူညီကယ်ဆယ်ရေးတွေ…