လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိ ရောက်ရှိလာ

by

in

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိ ရောက်ရှိလာ
ဇွန် ၁၈ ၊ ၂၀၂၅
ဂင်းနစ်စံချိန်ချိုးဖို့အတွက် လုပ်ဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့် မွေးနေ့ဆုတောင်းဗီဒီယို ၇သောင်းကျော်အထိရောက်ရှိလာပြီ ဖြစ်ပြီး ၁ ရက်ပဲ ကျန်တော့တာမို့ ဆက်လက် ပါဝင်ပေးကြဖို့အတွက် Suu 80 Birthday Campaign က ဒီနေ့မနက်မှာ အသိပေးထားပါတယ်။
“အမေ့ကိုချစ်တဲ့သူတွေရဲ့ မွေးနေ့ဆုတောင်းတွေဟာ အခုဆို စုစုပေါင်း ၇၂၄၉၇ ကိုရောက်လာပါပြီ ၈၀၀၀၀ ပြည့်ဖို့သိပ်မလိုတော့ဘူးနော် ဆက်ဆွဲစို့” လို့ Suu 80 Birthday Campaign က ပြောပါတယ်။
ဇွန် ၁၈ရက် (ဒီနေ့) မနက်အထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ ဆုတောင်းဗီဒီယိုပေးပို့မှုက ၇၂၄၉၇ ခု အထိ ရှိလာခဲ့ပြီလို့ Suu 80 Birthday Campaign က အသိပေး ထားတာပါ။
မွေးနေ့ဆုတောင်း ဗီဒီယိုဖိုင်တွေကို လုံခြုံရေးအရ သေချာစွာသိမ်းဆည်းထားမှာဖြစ်ပြီး မိခင်ဖြစ်သူ လွတ်မြောက်လာတဲ့အခါမှာ အဲဒီဗီဒီယိုတွေကို ပြသပြီးတော့ ပြည်သူတွေရဲ့ ချစ်ခင်လေးစားအားကိုးမှုတွေ ကို ဖော်ပြမှာဖြစ်တယ်လို့လည်း ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်း က ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းအတွက် စက္ကန့် ၃၀ စာ ဗီဒီယိုဖိုင်လေးတွေကို ပေးပို့ဖို့နဲ့ ပြည်သူလူထုရဲ့ ပေးပို့တဲ့ ဗီဒီယို အရေအတွက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ မြန်မာပြည်သူ ဘယ်လောက်ရှိကြောင်းကို ကမ္ဘာကို ချပြဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
မွေးနေ့ဆုတောင်း ဗီဒီယို ကမ်ပိန်းတွင်ပါဝင်လိုသူတွေဟာ ဗီဒိီယိုမှာ Happy Birthday နဲ့ Su စကားလုံးတွေပါဝင်ရမှာဖြစ်ပြီး အများဆုံးစက္ကန့်သုံးဆယ်ကြာမြင့်ရမှာဖြစ်ပြီး ရိုက်ကူးထားတဲ့ဗီဒီယိုများကို Suu 80 Birthday Campaign ၊ Kim Aris-Htein Lin ပေ့ခ်ျတွေကိုပေးပို့နိုင်တယ်လို့ သိရပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ဟာ ဇွန်လ ၁၉ရက်နေ့မှာကျရောက်မှာမို့ ပြည်သူတွေပါဝင်ဖို့ ၁ ရက်သာကျန်တော့ပြီး ၁၉ ရက်နေ့ ယူကေအချိန် ည ၁၁နာရီတိတိမှာ ဗီဒီယိုလက်ခံပေးခြင်းရပ်နားမှာဖြစ်ပါတယ်။
​မွေး​နေ့ဆု​တောင်း ဗွီဒီယို ​ပေးပို့တဲ့အခါ…
🌹 • စက္ကန့် ၃၀ ထက် မပိုရပါ။
🌹 • ၁၀၀ မီဂါဗိုက် (100MB) ထက် မပိုရပါ။
🌹 • ဟက်ပီဘတ်​ဒေး (Happy Birthday) ဖြင့် စတင်ရမည် ဖြစ်ပြီး စု (Suu) ဟူ​သော စကားလုံး ပါဝင်ရပါမည်။
🌹 • ​ကျေးဇူးပြု၍ တဦးလျှင် “ဗွီဒီယို တခု” သာ တင်ပြ​ပေးပါရန်။
မွေးနေ့ ဆုတောင်း ဗွီဒီယိုတွေကို…
✨️ https://tinyurl.com/80BDWish လင့်ခ်မှာ ကိုယ်တိုင် upload လုပ်၍ ဖြစ်​စေ
✨️ https://www.facebook.com/Suu80BirthdayCampaign ပေ့ချ်ရဲ့ မက်ဆင်ဂျာကတဆင့်ဖြစ်​စေ ပေးပို့နိုင်ပါတယ်။
#SpringRevolution
#PVTV