Author: admin

  • ထီးချိုင့်မြို့အဝင် အရေးပါဆုံး မြတောင်ရွာစစ်စခန်းများကို KIA၊PDFပူးပေါင်းတပ် သိမ်းပိုက်

    ထီးချိုင့်မြို့အဝင် အရေးပါဆုံး မြတောင်ရွာစစ်စခန်းများကို KIA၊PDFပူးပေါင်းတပ် သိမ်းပိုက်

    by

    in

    ထီးချိုင့်မြို့အဝင် အရေးပါဆုံး မြတောင်ရွာစစ်စခန်းများကို KIA၊PDFပူးပေါင်းတပ် သိမ်းပိုက် သားကြီး/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်သာခြား​သော မြတောင်ရွာမှ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့( သြဂုတ် ၂၂) ညနေတွင် သိမ်းပိုက်လိုက်ပြီး အလံဖြူထောင်လက်နက်ချသူများနှင့် စစ်သုံ့ပန်းများပါ ဖမ်းမိထားသည်။ “မြတောင်စခန်းတွေ အကုန်ရပါပြီ။အလံဖြူထောင်တာတွေရော သုံ့ပန်းတွေရော ရသလို ထွက်ပြေးနေသူတွေလည်း ရှိတယ်။ စစ်ကောင်စီ စခန်းက တံတားနဲ့မြို့ထဲမှာပဲ ကျန်တော့တယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ မြတောင်ရွာသည် ထီးချိုင့်မြို့ပေါ်နှင့် ဧရာဝတီမြစ်ခြားလျှက်ရှိပြီး မြို့တွင်းသို့ မန္တလေးတိုင်းဘက်မှဝင်ရောက်သည့် အဓိကလမ်းဆုံဖြစ်ကာထီးချိုင့်မြို့ မကျရန် စစ်​အုပ်စုက ခုခံ​နေ​သော အဓိကခံစစ်စခန်းများလည်းဖြစ်သည်။ စစ်ကောင်စီတပ်က ဘန်ကာများဖြင့် စခန်းငါးခုထက်မနည်း ဖွင့်ထားပြီး အခိုင်အမာ ခံစစ်ပြင်ထားသည့်နေရာဖြစ်သည်။ “ရဲဘော်တစ်ချို့ ထိခိုက်တာရှိပါတယ်။ မြတောင်စခန်းသိမ်းတိုက်ပွဲက ကြီးပါတယ်။ မြို့ထဲဆုတ်သွားတဲ့အဖွဲ့ကို…

  • ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ်မှ  ထပ်မံ တိုးမြှင့် အရေးယူ မခံရရေး  ရာပြည့် ဦးဆောင် ကြိုးပမ်းနေ

    ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ်မှ ထပ်မံ တိုးမြှင့် အရေးယူ မခံရရေး ရာပြည့် ဦးဆောင် ကြိုးပမ်းနေ

    by

    in

    ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ်မှ ထပ်မံ တိုးမြှင့် အရေးယူ မခံရရေး ရာပြည့် ဦးဆောင် ကြိုးပမ်းနေ ရန်ကုန်၊ ဩဂုတ် ၂၃ ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသော အမည်ပျက်နိုင်ငံအဖြစ်မှ လာမည့် အောက်တိုဘာတွင် ထပ်မံတိုးမြှင့်အရေးယူမခံရရေး စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ရာပြည့်က ဦးဆောင် ကြိုး ပမ်းနေကြောင်း သိရှိရသည်။ ပြည်ထဲရေးဝန်ကြီး ရာပြည့် ဦးဆောင်သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဩဂုတ်လ ၂၁ ရက်နေ့ နေပြည်တော်တွင် အစည်းအဝေး တစ်ရပ်ခေါ်ယူကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က ၂၀၂၂…

  • ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်းများစွာ တူးနေ

    ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်းများစွာ တူးနေ

    by

    in

    ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်းများစွာ တူးနေ ရန်ကုန်၊ ဩဂုတ် ၂၃ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ပြင်ဦးလွင်ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှစတင်၍ ပြင်ဦးလွင်မြို့နယ်၊ ဒီဇင်ဘာခြံအနီးတစ်၀ိုက်တွင် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း၊ ယင်းနောက် ယမန်နေ့ည ၁၀ နာရီ ၂၃ မိနစ်တွင်လည်း လက် နက်ကြီးသံ ထပ်မံ ကြားရကြောင်း၊ ည ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် လေယာဉ်ပျံသံများ ထပ်မံကြားရကြောင်း၊ ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် လက်နက်ကြီးသံတစ်ချက်၊ ည ၁၁ နာရီ…

  • စစ်ကောင်စီက ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေ

    စစ်ကောင်စီက ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေ

    by

    in

    စစ်ကောင်စီက ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မည့် လူငယ် အမျိုးသား၊ အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေ ရန်ကုန်၊ ဩဂုတ် ၂၃ အကြမ်းဖက် စစ်ကောင်စီက ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မည့် လူငယ် အမျိုး သားနှင့် အမျိုးသမီးများကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းနေကြောင်း လေဆိပ်တာဝန်ကျ လ၀က ဝန်ထမ်းတချို့ထံမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့ပြီးနောက် ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်မည့်သူများကို လေဆိပ်တွင် တားဆီးမှုများ…

  • “ဒီပုံစံအတိုင်း ဆို မကြာတော့ဘူး ပန်းတိုင်နီးပြီဟေ့”

    “ဒီပုံစံအတိုင်း ဆို မကြာတော့ဘူး ပန်းတိုင်နီးပြီဟေ့”

    by

    in

    “ဒီပုံစံအတိုင်း ဆို မကြာတော့ဘူး ပန်းတိုင်နီးပြီဟေ့”

  • တောင်ကုတ်က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေ

    တောင်ကုတ်က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေ

    by

    in

    တောင်ကုတ်က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေ CJ Platform အာရက္ခတပ်တော်မှ ဝန်းရံပိတ်ဆို့ထားတဲ့ ရခိုင်ပြည် တောင်ကုတ်မြို့က စစ်ကောင်စီတပ် မိသားစုဝင်တွေကို ပဲခူးတိုင်း ဥသျှစ်ပင်မြို့သို့ လျှို့ဝှက် ပြောင်းရွေ့ခိုင်းနေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။ “ဩဂုတ် ၂၀ရက်နေ့ထဲက စပြီးတော့ ပြောင်းခိုင်းနေတာ၊ အိမ်စီးကားတွေ ဆိုင်ကယ်တွေနဲ့ ပြောင်းနေကြတယ်၊ အရပ်သားဟန်ဆောင်ပြီး ပြောင်းခိုင်းတာ၊ ဥသျှစ်ပင်က စစ်တပ်တွေထဲမှာ နေခိုင်းတယ်လို့ ကြားရပါတယ်”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။ ဥသျှစ်ပင်မြို့ကို သွားသည့် လမ်းတလျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေကို ချထားပြီး အရပ်သားပြည်သူတွေကို ဖြတ်သန်းခွင့်မပြုဘူးလို့လည်း…

  • “NUGတာဝန်ရှိသူရဲ့ မောက်မာမှုကြောင့်နာမည်ကြီးတော်လှန်ရေးတပ်မှူးPDFကနှုတ်ထွက်”

    “NUGတာဝန်ရှိသူရဲ့ မောက်မာမှုကြောင့်နာမည်ကြီးတော်လှန်ရေးတပ်မှူးPDFကနှုတ်ထွက်”

    by

    in

    “NUGတာဝန်ရှိသူရဲ့ မောက်မာမှုကြောင့်နာမည်ကြီးတော်လှန်ရေးတပ်မှူးPDFကနှုတ်ထွက်”

  • တောင်ငူမြို့တွင် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် စည်ပင်၊ ယာဉ်ထိန်းနှင့် မြို့နယ်လျှပ်စစ် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်

    တောင်ငူမြို့တွင် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် စည်ပင်၊ ယာဉ်ထိန်းနှင့် မြို့နယ်လျှပ်စစ် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်

    by

    in

    တောင်ငူမြို့တွင် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် စည်ပင်၊ ယာဉ်ထိန်းနှင့် မြို့နယ်လျှပ်စစ် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်၊ ဩဂုတ် ၂၂ ပဲခူးတိုင်း၊ တောင်ငူမြို့တွင် အကြမ်းဖက် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူမြို့ပြ တော်လှန်ရေးအင်အားစု တာဝန်ခံ စစ်သူ ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံန ၁၀ နာရီခန့်တွင် တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ် အလိုကျ ပြည် သူများကို ဖိနှိပ်နေသည့် တောင်ငူမြို့ စည်ပင်သာယာရုံးဝန်ထမ်းအိမ်ရာ၊ မြို့နယ်လျှပ်စစ်ရုံး နှင့် ယာဉ်ထိန်း အိမ်ရာတို့ကို ပြင်းအားမြင့်ရှေ့ထွက်မိုင်းဖြင့်…

  • မကွေး၊ ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေပြီး ရန်ကုန်၊ တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းနေ

    မကွေး၊ ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေပြီး ရန်ကုန်၊ တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းနေ

    by

    in

    မကွေး၊ ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေပြီး ရန်ကုန်၊ တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းခိုင်းနေ ရန်ကုန်၊ ဩဂုတ် ၂၂ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက်စစ်တပ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲနေမှုများရှိပြီး ရန်ကုန်တိုင်း တောင်ဒဂုံတွင်လည်း အသက်မပြည့်သေးသူများကိုပါ စစ်မှုထမ်းရန် ဖောင်အတင်းအကျပ်ဖြည့်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ဟပြောဆိုသည်။ မကွေးတိုင်း မြို့သစ်မြို့နယ်တွင် လမ်သွားလမ်းလာပြည်သူများ၊ လမ်းဘေးလယ်ယာစိုက်ခင်းများတွင် ပျိုးနုတ်လုပ်သားများ၊ တောင်ပေါ်ဒေသသို့ မြစ်ချိုးထွက်သူများကို စစ်မှုထမ်း အပတ်စဥ် ၅ အတွက် အတင်းအဓမ္မ ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ သြဂုတ်လ ၁၉ရက် နေ့မှစ၍ မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်ဝင်းထက်၊ ရဲမှူး သိန်းလင်း၊ ဗိုလ်မှူး သီဟအောင် ဆိုသူတို့…

  • “မင်းအောင်လှိုင်..သတင်းကောင်းလေး ထူးပြီ”

    “မင်းအောင်လှိုင်..သတင်းကောင်းလေး ထူးပြီ”

    by

    in

    “မင်းအောင်လှိုင်..သတင်းကောင်းလေး ထူးပြီ”