Author: admin
-
မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော
မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော နိုဝင်ဘာ ၇၊ ၂၀၂၄ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ် MNDAA ၊ TNLA နဲ့ AA တို့မှာ ငြိမ်းချမ်းရေးအတွက်လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့သက်သေပြနိုင်မှာ ဆွေးနွေးနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံကိုရောက်ရှိစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲတဲ့ ဆက်ဆံရေးဖြင့် အတူတကွ လက်တွဲကျော်ဖြတ်နိုင်ခဲ့ကြလို့ အခုကိစ္စရပ်မှာလည်း တရုတ်နိုင်ငံရဲ့ ရပ်တည်မှုဟာ အရေးပါတယ်လို့ မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။ နေ့စဉ် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက မြောက်ပိုင်းတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးကိုမလိုလားတဲ့သဘောကိုဆောင်ကြောင်း တရုတ်နိုင်ငံနဲ့တွေ့ဆုံစဉ်မှာ…
-
MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု
MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု ရန်ကုန်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားသည်။ နိုဝင်ဘာလ ၆ ရက်နေ့ မဲခေါင်အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ တိုင်ကြားလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ၂၀၁၈…
-
မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)
မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ) နိုဝင်ဘာ ၆၊ ၂၀၂၄ မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။ ပျူတွေဆီကနေ M16သေနတ် ၂ လက်၊ G3 ၁ လက်၊ 5.56 ကျည် ၁၈၀ တောင့်၊ G3ကျည် ၈၀ တောင့်၊ ဖုန်း၂လုံးနဲ့ Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့…
-
ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီး ပျက်စီး
ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီး ပျက်စီး အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့(နိုဝင်ဘာ၆ရက်) နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ဘုရားစုရွာနှင့် ညောင်ပင်လှကျေးရွာကြားတွင် စစ်ကောင်စီယာဥ်တန်းအနက် နောက်ဆုံးတစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “မိတ္ထီလာဘက်ကလာတာ ဖြစ်မယ်။ ဝမ်းတွင်းကိုဖြတ်လာတာ။ မြောက်ကိုသွားတာ။ ဘယ်ကိုသွားမလို့လဲတော့မသိဘူး။”ဟု Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက်မသိရသေးဘဲ ကားတစ်စီးပျက်စီးသွားသည်ဟု Voice Of Wundwin အဖွဲ့က ဆိုသည်။…
-
လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ
လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ နိုဝင်ဘာ ၆၊ ၂၀၂၄ မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။ တိုက်ပွဲတွေကြောင့် တာဝါကျိုးသွားခဲ့တဲ့ လောပိတဟာ ပြန်လည်မပြင်ဆင်နိုင်သေးသလို ၊ရာဂီ မုန်တိုင်းကြောင့် ရေဝင်ရောက်ခဲ့တဲ့လောပိတမှာ ကြီးကြီးမားနည်းပညာအရ ပြန်လည်အဆင့်မြှင့်ဖို့လိုအပ်နေပြီး ဘတ်ဂျတ်မရှိတာကြောင့် ပြန်လည်မပြင်ဆင်နိုင်သေးတာလို့ သိရပါတယ်။ ကရင်နီ လွိုင်ကော်ဒေသထဲက လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားကိုလွှိုင်ကော်မှတဆင့် တီကျစ်လိုင်း၊ တီကျစ်မှတဆင့် အမျိုးသားဓာတ်အားလိုင်းထဲထည့်ရန် မဂ္ဂါဝပ်မလုံလောက်တဲ့ ပြသနာနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးပေးဝေမှုပုံစံကိုပြောင်းလဲပြီး ဝန်အားလျှော့လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ…
-
နေပြည်တော်ပတ်လည်က လေကြောင်းရန်ကာကွယ်ရေးတပ်တွေကိုကျော်ပြီး လယ်ဝေးထဲကို Fixed Wing တွေ ဝင်ရောက်လာ ■ ၃ စီး ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်
နေပြည်တော်ပတ်လည်က လေကြောင်းရန်ကာကွယ်ရေးတပ်တွေကိုကျော်ပြီး လယ်ဝေးထဲကို Fixed Wing တွေ ဝင်ရောက်လာ ■ ၃ စီး ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန် နေပြည်တော် ၊ နိုဝင်ဘာ ၆ ၊ ၂၀၂၄ ။ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းကို နိုဝင်ဘာ ၅ ရက် မနေ့မနက်ပိုင်းက Fixed Wing တွေ ဝင်ရောက်ပျံသန်းလာပြီး ၃ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယမန်နေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီဒရုန်း ၃ စင်းကို လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး၊ ကြံခင်းစုကျေးရွာအနီးနဲ့ နနွင်းအိုင်ကျေးရွာအနီးတွေမှာ ဗုံးသီးတွေနဲ့အတူ အသီးသီးရှာဖွေတွေ့ရှိခဲ့ပြီး ဗုံးသီးတွေကိုတော့ ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ အဲ့ဒီဒရုန်းတွေဟာ နေပြည်တော်ရဲ့အရေးကြီးအဆောက်အဦနဲ့ နေရာဌာနတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ပျံသန်းလာတာလို့လည်း စစ်ကောင်စီထုတ်ပြန်ချက်က ဖော်ပြပါတယ်။…
-
ကားလောကထိပ်တန်းလုပ်ငန်းရှင်ကိုကြည်သာဟန် အဖမ်းခံရခြင်းမှာ အာဏာသိမ်းခေါင်းဆောင်သား နှင့်အငြင်းပွား၍ဟုသတင်းထွက်ပေါ်
ကားလောကထိပ်တန်းလုပ်ငန်းရှင်ကိုကြည်သာဟန် အဖမ်းခံရခြင်းမှာ အာဏာသိမ်းခေါင်းဆောင်သား နှင့်အငြင်းပွား၍ဟုသတင်းထွက်ပေါ် ရဲခေါင်/People’s Spring အာဏာသိမ်းခေါင်းဆောင်၏သား အောင်ပြည့်စုံ နှင့် အငြင်းပွားသဖြင့် ကားလောကတွင်ထိန်းတန်းလူငယ်လုပ်ငန်းရှင် ကိုကြည်သာဟန် ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်နေသည်။ ကိုကြည်သာဟန်ကို နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟု မော်တော်ယာဥ် ဝယ်ရောင်းအသင်း ဝင်အချို့က ပြောသည်။ “EV(လျှပ်စစ်ကား) ကိစ္စနဲ့ ငြိတာလို့ လောလော ဆယ် သိရတယ်။EV ကား တွေ အာမခံ ကုမ္ပဏီတွေမှာ ထား မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ ကြားတယ်”ဟု မော်တော်ယာဥ် အသင်း အဖွဲ့ဝင်တစ်ဦးကလူထုနွေဦးသို့ ပြောသည်။ စစ်ကောင်စီ၏ အထူးတင်သွင်းခွင့်ပေးသည့် လျှပ်စစ် ကား EV မူဝါဒထွက်ပေါ်လာပြီးနောက် ကိုကြည်သာဟန်သည် Amazing Auto ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့…
-
ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးမှုအပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို
ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာမည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးမှုအပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးနေမှုများ အပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံ မြိုနယ် ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ လေကြောင်းရန်ကာကွယ်ရေးတပ် နှင့် လေတပ်ဝင်းအတွင်း သို့ အဆင့်မြင့်တင်ထားသော မစ်ဇိုင်း ဒုံးကျည်…
-
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား
စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ တချို့ က လုပ်ငန်းများ တရားဝင် ရပ်နား ရန်ကုန်၊ နိုဝင်ဘာ ၆ အကြမ်းဖက် စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက် ရွှေကုန်သည်အများစု လိုင်စင်လျှောက်ထားမှု မရှိသေးဘဲ ရွှေကုန်သည်တချို့ မှာမူ လုပ်ငန်းများ ယာယီရပ်နားလိုက်ကြကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်းကိုလည်း စစ်ကောင်စီက ဖွဲ့စည်းထားသော ရွှေစျေးနှုန်းသတ်မှတ်ရေးကော်မတီက နေ့စဉ် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လိုင်စင်များကိုလည်း ရွှေဆိုင်နှင့် ရွှေကုန်သည်များအားလုံး ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုင်စင်မရှိဘဲ ရွှေအရောင်းအဝယ် ခွင့်ပြုမည်မဟုတ်ဘဲ အရေးကြီးကုန်စည်နှင့်…
-
တောင်ကုတ်မြို့နယ်၊ ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်
တောင်ကုတ်မြို့နယ်၊ ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက် ရန်ကုန်| နိုဝင်ဘာ ၆ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မနှင့် ၃ မိုင်ကျော်သာဝေးသည့် ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ကြောင်း ဒေသခံ စစ်ရေးအခြေအနေ သိသူတစ်ဦးက ပြောသည်။ ” AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းကနေ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗုံးအလုံး အများအပြားနဲ့…