မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံပြောပြန်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြောကြားလိုက်သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဇူလိုင် ၉ ရက်က ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM)တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရစေချင်ပါတယ်” လို့ ယင်းအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ပြောကြားခဲ့သည်။ “အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အပြင် အာဆီယံမိသားစုဝင်လည်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်” လို့ ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြောကြားလိုက်သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဇူလိုင် ၉ ရက်က ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM)တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရစေချင်ပါတယ်” လို့ ယင်းအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ပြောကြားခဲ့သည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အပြင် အာဆီယံမိသားစုဝင်လည်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်” လို့ ၎င်းက ဆိုသည်။

မြန်မာ့အကျပ်အတည်းနှင့်ဆိုင်သည့် ကိစ္စများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပံ့ပိုးနိုင်သည့် အကူအညီများကို ဦးစားပေးခြင်းဖြင့် စတင်ရမည်ဖြစ်ကြောင်း ဆူဂီယိုနိုက ဆက်ပြောသည်။

“နိုင်ငံအသီးသီးက ဘယ်လိုဘယ်ပုံ ကူညီကြမလဲ” လို့ ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ယခုနှစ် ဇန်နဝါရီလက ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မြန်မာ့အရေးဆိုင်ရာ သံတမန်ရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယာနိုက “မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် နိုင်ငံရေးအကျပ်အတည်းကို ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန် အင်ဒိုနီးရှားနိုင်ငံက ဆက်လက်တိုက်တွန်းအားပေးနေကြောင်း” ပြောကြားခဲ့ဖူးသည်။

“အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ အပြုသဘောဆောင်ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ဖန်တီးနိုင်ရေး အစဉ်ကတိပြုထားပါတယ်” လို့ ၎င်းက ပြောသည်။

“မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ပြည်တွင်းပဋိပက္ခကြောင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ မြင့်တက်လာကာ မြန်မာတွင် ဘိန်းထုတ်လုပ်မှု ပြန့်ပွားလာပြီး ဒေသတွင်းအတွက် ခြိမ်းခြောက်မှုများတိုးလာသည့်အပေါ် စိုးရိမ်မိကြောင်းလည်း” ဆူဂီယိုနိုက ပြောကြားခဲ့သည်။

Antara မှ ASEAN nations voice concern over crisis in Myanmar ကို သက္ကောစ ဘာသာပြန်သည်။