“အဆိုတော် သံသာဝင်းကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်”

“အဆိုတော် သံသာဝင်းကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်”

၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖမ်းဆီးခံလိုက်ရ
သည့် အဆိုတော် သံသာဝင်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ၊ ၅၀ (ည) အပြင် ပုဒ်မပေါင်းများစွာဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး နောက် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုတော်နွဲ့ယဉ်ဝင်း၏ သမီးဖြစ်သလို အဆိုတော် အနဂ္ဂ၏ ဇနီးဖြစ်သူ သံသာဝင်း ဖမ်းဆီးခံ ထားရသည့်သတင်းကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
NLD ပါတီ ၏ ၂၀၁၅ ၊ ၂၀၂၀ အောင်နိုင်ရေးသီချင်းများ ဖန်တီးသူ သံသာဝင်းကို စစ်ကောင်စီက အငြိုးထားကာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးပြန်လွှတ်ပေးခဲ့သည်။
၂၀၂၃ ခုနှစ်ကုန်ပိုင်းခန့်တွင်မှု ပုဒ်မပေါင်းများစွာဖြင့် ၎င်း၏ နေအိမ်ကို ဝင်ရာက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် အဆိုတော်သံသာဝင်း၏ သတင်းကို ပြင်ပသို့မပေါက်ကြားရန် ထိန်ချန်ထားပြီး ၎င်း၏ မိသားစုဝင်များကိုလဲ စောင့်ကြည့်နေကြောင်း နီးစပ်သူများ၏ အဆိုအရသိရသည်။