Author: admin
-
Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု
Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ကြောင်း၊ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုလည်း လိုက်လံ ချေမှုန်းလျက်ရှိပြီး စစ်ကောင်စီက ဂွမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် ရန်ကြိုးစားလျက်ရှိကြောင်း ၎င်းက ဆိုသည်။ “ဂွမြို့ တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉…
-
အောင်ဇေယျစစ်ကြောင်းမှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော ▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ
အောင်ဇေယျစစ်ကြောင်းမှစစ်သားများ အစာရေစာငတ်ပြတ်၍ အလင်းဝင်လာသူများနေဟု ဗိုလ်မှူးဒါဘော ပြော ▪️ပိတ်ဆို့ဖြတ်တောက်ခံထားရသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်များနေ ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းမှစစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေ၍ အလင်းဝင်လာသူ အများအပြားရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ဦးဆောင်သော ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။ ထို့ကြောင့် ယခု ဒီဇင်ဘာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်လာသူ ၂၀ဦးခန့်ရှိနေကြောင်း စစ်ဆင်ရေးမှူးက ပြောသည်။ ” အစာရေစာငတ်ပြတ်ပြီး ဝင်လာတာ။ လူတွေက ပိန်လှီးနေတာပဲ။ ဒီရောက်တော့ ရဲဘော်တွေက ကောင်းကောင်းမွန်မွန်ဘဲ…
-
ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ
ကျောက်ထုမြို့တွင် စစ်တပ်က စစ်အင်အားများဖြည့်တင်းပြီး တပ်မိသားစုဝင်အားလုံးကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့နေ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်အတွင်းရှိ တပ်မိသားစုဝင်အားလုံးကို ပြောင်းရွှေ့ပြီး အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်လျက်ရှိကြောင်း ယော အလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ လေ ယာဥ် ကွင်းအတွင်းသို့ MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကင်းပတ်ပစ်ခတ်တိုက်ခိုက်ကာ Mi 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီး ၂ ကြိမ်စီ ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ထောက်ပို့လေယာဉ်များ ဆင်း…
-
အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား
အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။ “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ…
-
ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ
ဧရာဝတီတိုင်းထဲ AA ဝင်လာမှာကြောက်တဲ့ ဝန်ကြီးချုပ်နဲ့ တိုင်းရဲချုပ်တို့ မော်တင်ဘုရားမှာ ယတြာချေ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၂၈ ရက် ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရပါတယ်။ တည်းဖြတ်/ထုတ်လုပ် – ဧရာဝတီတိုင်းမ်
-
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း…
-
စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို
စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို ဒီဇင်ဘာ ၂၈ ၊ ၂၀၂၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဧရာဝတီတိုင်း၊ နတခ တိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိလာတာပါ။ ဒု-စစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းက ရက္ခိုင့်တပ်တော်…
-
ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ဒီဇင်ဘာ ၂၈၊ ၂၀၂၄ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီအထိုင်တပ်စခန်းရှိ အဆောက်အအုံတွေ၊ ဂျမ်ဘာတွေနဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို ဆိပ်ဖြူ မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃)၊ မကွေးတိုင်း…
-
ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေး ညွှန်ကြား
ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေး ညွှန်ကြား ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ရောက်ရှိနေသော အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံထားရသူများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက သွားရောက်တွေ့ဆုံစဉ် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ ၃ ရဲ အတိုင်း ရန်သူကို ချေမှုန်း…
-
မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ
မုံရွာမြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ် ဓားပြမှုကျူးလွန်သူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး တရားရုံးရမန် ၂ ပတ်ယူ စစ်ဆေးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၈. စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် လူသတ်ဓားပြမှုကျူးလွန်သူများကို ဖမ်းဆီးထားပြီး တရားရုံးချုပ်ရက် ရီမန်ကြီး ၂ ပတ်ယူကာ စစ်ဆေးနေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တာဝန်ခံကို အာကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၇ နာရီအချိန်က မုံရွာမြို့၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်း အတွင်းရှိ အသက် ၄၀ အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ကားယူထွက် ပြေးသွားသည့် အဖွဲ့ကို မုံရွာမြို့နယ်ပလဖ (တာဝန်ခံ)…