-
ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့်အောင် တို့ကို အသေ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်းရရှိ
ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့်အောင် တို့ကို အသေ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့် အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်…
-
အမ်း- ပဒါန်းလမ်းပိုင်းအနီးရှိ ကမြင်းကန်ဗျူဟာနှင့် ပိန်းရေစမ်းစခန်းတို့ကို AA သိမ်းပိုက်
အမ်း- ပဒါန်းလမ်းပိုင်းအနီးရှိ ကမြင်းကန်ဗျူဟာနှင့် ပိန်းရေစမ်းစခန်းတို့ကို AA သိမ်းပိုက် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၃ရက် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းနှင့် ပိန်းရေစမ်းကျေးရွာရှိ စစ်ကောင်စီ စခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။ အင်အား ၂၀၀ခန့် ရှိသည့် စစ်ကောင်စီ၏ ကမြင်းကန်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ရက်နေ့တွင် AA က သိမ်းပိုက်ရရှိခဲ့ပြီး နတ်ရေကန်စခန်းနှင့် ဂုတ်ကြီးစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာများတွင်ရှိသော စစ်ကောင်စီတပ်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကပင်တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီထံက ဒရုန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဇန်နဝါရီ ၂၀ရက်နေ့တွင် AA က ထုတ်ပြန်သည်။ “ကမြင်းကန်က အမ်းနဲ့ မကွေးအစပ်မှာရှိတဲ့ အင်အားကြီးစခန်းတစ်ခုပါ။…
-
အမ်းနဲ့ မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတွေ AA သိမ်းပိုက်
အမ်းနဲ့ မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတွေ AA သိမ်းပိုက် ~~~ ■ မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အစပ် ကမြင်းကန်ရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ ပိန်းရေစမ်းစခန်းကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတည်ပြုပြောပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်တွေက ငဖဲမြို့နယ်၊ ပျင်းဝရွာအနီးမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတာကြောင့် လင်းဒဲ၊ ဂုတ်ကြီး၊ စပ်စီ စတဲ့ရွာတွေပါအဝင် ရွာကိုးရွာက ဒေသခံတွေ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငဖဲမြို့နယ် ဒေသခံတစ်ဦးက RFA…
-
■News Story “ပိုဆိုးလာတဲ့ မန္တလေးက ဆိုင်ကယ်လုယက်မှုများ”
■News Story “ပိုဆိုးလာတဲ့ မန္တလေးက ဆိုင်ကယ်လုယက်မှုများ” ရောင်ဝါ/People’s Spring ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။ ထိုအချိန် ၎င်းနှင့်မျက်နှာချင်းဆိုင်တွင် ဆိုင်ကယ် ၃ စီးဖြင့် လူငယ်ခြောက်ဦး တည့်တည့်မောင်းနှင်လာသည်ကို တွေ့ရှိလိုက်ရ၍ သင်္ကာမကင်းဖြစ်သွားပုံရသည်။ Click စီးသောလူငယ်မှာ ချက်ချင်းပြန်ကွေ့သည်။ သို့သော် မျက်နှာချင်းဆိုင် ဆိုင်ကယ်အုပ်စုမှ တစ်စီးနှင့်တိုက်မိပြီး လမ်းဘေးကို တိုးဝင်သွားသည်။ ဆိုင်ကယ်အုပ်စုမှလူငယ်များက ထိုလူငယ်ဆီပြေးဝင်ကြသည်။ လူငယ်ကထွက်ပြေးသည်။ လူငယ်အုပ်က လဲနေသော Click…
-
ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိရှိလာ
ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိရှိလာ ဇန်နဝါရီ ၂၃၊ ၂၀၂၅ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No More…
-
ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်း ဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်း ဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံး ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၂၃ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦး အရှင်ဖမ်းဆီးရရှိကာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း People’s Revolution Alliance – PRA-Magway တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၉ ရက် မွန်းတည့်…
-
မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင် လှိုင် ပြော၊ လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ
မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်၍ ဂုဏ်ယူတတ်ကြရန် မင်းအောင် လှိုင် ပြော၊ လက်တွေ့တွင် စစ်သားမရှိ၍ တစ်နိုင်ငံလုံး လူငယ်များကို ပေါ်တာဆွဲ ဖမ်းနေ ရန်ကုန်၊ ဇန်နဝါရီ ၂၃ မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းဝန်းကျင်တွင် လူဦးရေ အနည်းငယ်သာ စစ်သားဖြစ်ခွင့်ရပြီး မွန်မြတ်၊ မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် ဂုဏ်ယူတတ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်၊တောင်ညို တပ်နယ်သို့ သွားရောက်ပြီး ထိုသို့ ပြော ဆို လိုက်ခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့်…
-
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက အကြွေးစနစ်ဖြင့် သေနတ်ရောင်း
ရန်ကုန်မြို့က မြောက်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီအဖွဲ့က သေနတ်တွေကို အကြွေးစနစ်နဲ့ ရောင်းချပေးနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြောက်ဒဂုံမြို့နယ်ထဲက သေနတ်အကြွေးယူထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ထားဝယ်ချောင် ရဲစခန်းအတွင်းမှာ ဇန်နဝါရီလကစပြီး လက်နက်ငယ် အဖြုတ်အတပ်သင်တန်း ပေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “၄၉၊ ၅၀၊ ၅၁ က ရပ်ကွက်လူကြီးတွေ ပါတယ်။ တရပ်ကွက်ကို ၃ ယောက်နှုန်းနဲ့ သွားနေကြတာ။ သေနတ်က ပစ္စတိုတွေ။ တလ ဘယ်လောက်နဲ့ အရစ်ကျခွဲသွင်းရမှာ အကြွေးစနစ်နဲ့။” ရွှေပြည်သာမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရုံးအဖွဲ့ဝင်တွေကိုတော့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်းမှာ လက်နက်ငယ်သင်တန်း ၂ ကြိမ် ပေးခဲ့ဖူးသလို ရဲနဲ့ စစ်မှုထမ်းဟောင်းတွေကိုပါ ရုံးလုံခြုံရေးအဖွဲ့မှာ ထည့်သွင်းပေးထားပါတယ်။ သေနတ်မရရှိချိန်က ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့တွေမှာ…
-
မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်
မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင် ရှိန်း/People’s Spring မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ ဆောင်နေပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်နေတယ်လို့ စုံစမ်းသိရပါတယ် ။ဒါ့အပြင် ကွန်ပျူ တာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့ဒေသခံ တချို့ဆီကသိရပါတယ်။ အထက်မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တလေး မြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ကျော်ပဲကွာဝေးတာဖြစ်ပါတယ်။ မန္တလေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ် ၊ Alpha ဘိလပ်မြေက စစ်တပ်စခန်း ၊ဆည်တော်ကြီးရဲစခန်း ၊ဖယောင်တောင် စစ်တပ်စခန်း တွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။…
-
ချောင်းသာနှင့်ရွှေသောင်ယံမှ ဒေသခံအချို့ ပုသိမ်မြို့သို့ ရွှေ့ပြောင်း
ချောင်းသာနှင့်ရွှေသောင်ယံမှ ဒေသခံအချို့ ပုသိမ်မြို့သို့ ရွှေ့ပြောင်း ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၂ ရက် ဧရာ၀တီတိုင်း၊ ချောင်းသာနှင့် ရွှေသောင်ယံမှ ဒေသခံများသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး ပုသိမ်မြို့သို့ စစ်ဘေးရှောင်ရန် ရွှေ့ပြောင်းရောက်ရှိလာကြောင်း သိရသည်။ ရွှေ့ပြောင်းလာသူများသည် ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှါးခြင်း၊ ဆွေမျိုးများ၏ အိမ်များတွင်နေထိုင်ခြင်းနှင့် ရဘုန်းကြီးကျောင်းများတွင် ယာယီတည်းခိုခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။ “ကြိုရှောင်တဲ့သဘောပဲ ၊ မကျီးဇင်နဲ့ ဘောမိတောင် ခဏလေးနဲ့ ကျသွားတာ။ ကမ်းခြေဘက်တွေကို တိုက်ပွဲကရောက်မလာနိုင်ဘူးလို့မပြောတတ်ဘူး။ ခုလိုစောစောထွက်လာတော့ မိသားစုနဲ့လည်းတကွဲတပြားမဖြစ်တော့ဘူးလေ”ဟု တိမ်းရှောင်လာသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ချောင်းသာနှင့် ရွှေသောင်ယံမြို့များတွင် စစ်ကောင်စီမှ မြို့များမကျအောင်ကာကွယ်မည့်အတွက် ရှောင်တိမ်းစရာမလိုကြောင်း အုပ်ချုပ်ရေးမှုးများကို လိုက်လံအသိပေးခိုင်းနေကြောင်း ဒေသခံများမှပြောသည်။ “ကြောက်ကတာ စစ်တပ်ပဲ ၊ ဘောမိမှာဆိုသူတို့လဲ မနိုင်ပဲနဲ့…