ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့်အောင် တို့ကို အသေ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်းရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နှင့် တပ် ကြပ်ကြီး မြင့် အောင် တို့ကို အသေပစ်ခတ်ဖမ်းဆီးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း Bago PDF က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန်ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း ၉-မိုင် ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ် ၁ စစ်ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့သည် UG များ၏ သတင်းကွင်းဆက်များ လိုက်လံစုံစမ်း၍ လက် နက်များ ၀ယ်ယူ မည် ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြသူများ ဖြစ်သည်။
ဒုဗိုလ်မှူးကြီး /ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင် တို့နှင့်အတူ စုစုပေါင်း လူ ၄ ဦး လိုက်ပါသော TOYOTA VANGUARD အမည်းရောင် ယာဉ် သည် ရန်ကုန်-မန္တလေး အမြန် လမ်း အတိုင်း ထွက်ခွာလာပြီဖြစ်ကြောင်း YUA အဖွဲ့၏ သတင်း အချက် အလက် ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲဝင်များမှာ ကင်းပုန်းဝပ်၍ ကားကို တားဆီး ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။
ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲဝင်များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်း ဆီးစဉ် အဆိုပါ ၂ ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည် ခုခံ သဖြင့် တော်လှန်ရေးတပ်ဖွဲဝင်များက ပစ်ခတ်ဖမ်းဆီးရာ စစ်ကောင်စီ၏ တပ်ဖွဲဝင် ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ ထံမှ ၉မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက် စာတမ်း တချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်ကို မီးရှို့ ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။
“YUA အဖွဲ့ရဲ့ သတင်းပေးချက်အရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကင်းပုန်း ဝပ် စောင့်ပြီး ဖမ်းခဲ့တာပါ၊ ကားရပ်တဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတော့ အဲဒီ(ဒုဗိုလ်မှူးကြီး သန်း ထွဋ်နှင့် တကက ကြီး မြင့်အောင်) ၂ ဦး က အသင့်ပါလာသော လက်နက်တွေနဲ့ ပြန်ပစ်ခတ်တဲ့ အချိန် မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းလိုက်တာ နေရာမှာတင် ၂ ဦး လုံး သေသွားတယ်၊ တော်လှန်ရေး ရဲဘော်တွေ အန္တရာယ် ကင်းပါတယ်”ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်နှင့် အတူပါ လာသော အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ဆောင်လာစဉ် လက် နက်အား လုယူထွက်ပြေးရန် ကြိုးစားလာသောကြောင့် တော်လှန်ရေး ရဲ ဘော်များက ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်ဖွဲဝင်များ ထိခိုက်ဒဏ်ရာမရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်ထားသည်။