-
ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ
ရခိုင်နှင့်ဧရာ၀တီ အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေ ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရခိုင်ပြည်နယ်နှင့်ဧရာ၀တီတိုင်း အစပ်ရှိ စစ်ကောင်စီ၏ ပွိုင့်စခန်းကုန်း ၂ ခုကို AA က သိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲနေကြောင်း သိရှိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်း ဧရာဝတီအစပ် ရခိုင်ရိုးမတောင်တလျှောက် ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း၊ ရခိုင် ရိုးမ တောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့ နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိသည့်အပြင် ရိုးမတောင်တလျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရှိရသည်။…
-
အင်းတော်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေဟု KIA အသိပေး
အင်းတော်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်အားထုတ်နေဟု KIA အသိပေး ဟန်နွေ၊ကဖေး/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး မြို့အလုံးစုံသိမ်းပိုက်နိုင်ရေး အားထုတ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၇ရက်တွင် သတင်းဖော်ပြလာသည်။ အင်းတော်မြို့၌ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးနေကြောင်း ဖော်ပြသည်။ ” ဂျပန်လှိုင်ဂူတစ်ခုပဲ ကျန်တာ။ ဒါကို ဝိုင်းပိတ်သမနေတာ။ ဂျပန်လှိုင်ဂူရရင် မြို့ရပြီ” ဟု ကာကွယ်ရေးထောက်ပို့ရဲတစ်တစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေးလမ်းအား ရက်အကန့်အသတ်မရှိပိတ်ထားသည်ဟုလည်း အသိပေးသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ စစ်ကိုင်းတိုင်း ပကဖများ…
-
ဧရာဝတီ-ရခိုင်တိုက်ပွဲတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ် သဂြိုဟ်နေရ
ဧရာဝတီ-ရခိုင်တိုက်ပွဲတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ် သဂြိုဟ်နေရ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၇ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် တိုက်ပွဲမှဒဏ်ရာရရှိသူများကို ပို့ ဆောင်ထားပြီး သေဆုံးသူများကို ပုသိမ်မီးသဂြိုဟ်စက်တွင် နေ့စဉ်သဂြိုဟ်နေရကြောင်း သိရသည်။ ဧရာဝတီ-ရခိုင်အစပ် စစ်မြေပြင်မှ ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးသူများကို ပုသိမ်မြို့ရှိ ရွှေမြင်တင်မီးသဂြိုဟ်စက်တွင် ပို့ဆောင်မီးသဂြိုဟ်နေရကြောင်း ပုသိမ်သတင်းရင်းမြစ်ထံမှ သိရသည်။ “နတခ မဆရ ၄ ထဲကိုခေါ်ပြီး ဆေးကုနေရတဲ့သူတွေ မနည်းဘူး။ အဲဒီကထွက်လာတဲ့ အလောင်းတွေလည်း သဂြိုဟ်နေရတာ မနည်းဘူး”ဟု ဧရာဝတီတိုင်းသတင်းရင်းမြစ်ကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဘဝဆည်းဆာကား၊ စစ်သုံးဖောကားနှစ်စီး၊ အမျိုးသမီးများလိုက်ပါလာသည့် မီနီဘတ်စ်တစ်စီး၊…
-
ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်ကြောင်း AA ထုတ်ပြန်
ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်ကြောင်း AA ထုတ်ပြန် -People’s Spring အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိကြောင်းယနေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။ ပဲခူး- ရခိုင်အစပ်နေရာများ နှင့် ရက္ခိုင်ရိုးမတောင် တန်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ ရခိုင်ရိုးမအထက်ရှိ မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၆ ရက်တွင် မိုးထိတောင်စခန်းအားလည်းကောင်း၊ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းမှပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၇ ရက် နှင့် ပွိုင့် (၃၆၉)စခန်းကို ဇန်နဝါရီ ၂၁ရက်တို့တွင် သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ထိုအပြင်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)…
-
ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး
ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေ ရဲခေါင်/People’s Spring လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။ ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်းမာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက် ရောက်ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။ ထို့အပြင် Non CDM ကျန်းမာရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ…
-
ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ တစ်နိုင်ငံလုံး ဖြစ်ပွားနေသော ငွေညှစ်မှုများအနက်မှ ဖြစ်စဉ်တစ်ခုကို စစ်ကောင်စီက ဝန်ခံမှုဖြစ်
ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ တစ်နိုင်ငံလုံး ဖြစ်ပွားနေသော ငွေညှစ်မှုများအနက်မှ ဖြစ်စဉ်တစ်ခုကို စစ်ကောင်စီက ဝန်ခံမှုဖြစ် ရန်ကုန်၊ ဇန်နဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။…
-
ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူးပေါင်းတပ် ဆက်လက်သိမ်းပိုက်
ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူးပေါင်းတပ် ဆက်လက်သိမ်းပိုက် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။ KIA နှင့် ပူးပေါင်းတပ်ကဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ “လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။…
-
ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း
ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း 🟥 စစ်တွေလည်း AA နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရခိုင်ပြည်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း AA က ယမန်နေ့ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။ AA က ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင်…
-
ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှု ထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်
ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှု ထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ် ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်မှ လူငယ် ၆၀ ဦးကို အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဆင့် ခေါ်စာများ ပေးပို့ခဲ့ပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန်ဆောင်သည်များ၏ အမည်စာရင်းပါ ပါဝင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ခဲ့ပြီး ၂…
-
ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြလိုက်တဲ့ ရခိုင်ပြင်ပက စခန်းသိမ်းတိုက်ပွဲ
ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြလိုက်တဲ့ ရခိုင်ပြင်ပက စခန်းသိမ်းတိုက်ပွဲ ကဖေး/People’s Spring ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။ တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် လက် နက်ခရမ်းများ၊ ဂျန်ပါများနှင့် စစ်သုံးပစ္စည်းအ များအပြားနှင့်အတူပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံကို ဖော်ပြခြင်းဖြစ်သည်။ မည်သည့်မြို့ဖြစ်သည်ကို အသိပေးထားခြင်းမရှိပေ။ သို့သော်AA သိမ်းယူလိုက်သည့် စခန်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မိုးထိတောင်ဗျူဟာဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ၂၀ရက်တွင် ပထမဆုံးအကြိမ်အသိပေးခဲ့ပြီးနောက် ရက်သတ္တပတ်တစ်ပတ်တိတိတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံတစ်ပုံကို ဖော်ပြလာခြင်းဖြစ်သည်။ ” ဗိုလ်ချုပ်ကတော့ အရိပ်အမြွက်ပြပြီ။သိပ်မကြာခင်သတင်းထုတ်ပြန်လာလိမ့်မယ်”ဟုAAနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ AAနှင့် ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ် နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်အချို့တို့မှ စစ်ကောင်စီစခန်းများကို…