-
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) မတ် ၈၊ ၂၀၂၅ ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ဝေါမြို့နယ်အတွင်းရှိပြီး တိုက် ခိုက်ခံရမှုကြောင့် ထိခိုက်မှုပျက်စီးမှုကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဝေါမြို့အဝင်အထွက် စစစ်ဆေးရေးဂိတ်တွေကို အင်အားတိုးချပြီး စစ်ဆေးရေးတွေ တင်းကြပ် စွာ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နဲ့ ကဝမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) တို့က…
-
ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် ၊ ▪︎ AA နှင့် စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲ
ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန် ၊ ▪︎ AA နှင့် စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲ ကဖေး/People’s Spring ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာသို့ ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ် ခွာသွားပြီ ဒရုန်းများအပြန်အလှန်သုံး၍တိုက်ပွဲဖြစ်ပွားနေသည်။ စစ်ကောင်စီစစ်ကြောင်းက မတ်လ ၆ရက် နံနက်ပိုင်းတွင် ဦးကင်းကျေးရွာကို ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို AAကလာရောက်တိုက်ခိုက်သွားသည်ဟု ကျောက်ဖြူမြို့ခံသတင်း ရင်းမြစ်က ပြောသည်။ “ဦးကင်းရွာတိုက်ပွဲလည်းတော်တော်ပြင်းထန်တယ်။ ရွာကို လေကြောင်းကနေအရင်ပစ်ပြီးမြေ ပြင်ကလည်း စစ်ကြောင်းဝင်လာတာ။ AAက လာတိုက်တော့ စစ်ကောင်စီဘက်က ၃၀ လောက်သေတယ်ကြားတယ်။ အလောင်းတွေထားခဲ့ပြီး ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် အခုက ဓညဝတီကာကင်းတွေကို AA တိုက်နေပြီး နှစ်ဘက်စလုံးက ဒရုန်းတွေနဲ့ ချနေကြတယ်”ဟု အဆိုပါ ဒေသခံကပြောသည်။ ဓညဝတီရေတပ်ဌာနချုပ်နှင့် သုံးမိုင်ခန့်အကွာတွင်ရှိသော ဦးကင်းရွာတွင် အိမ်ခြေ ၁၇၀…
-
‼️နေ့ခင်းကြီးပေါ်တင်ခိုးနေတဲ့မန္တလေး😌
‼️နေ့ခင်းကြီးပေါ်တင်ခိုးနေတဲ့မန္တလေး😌 မိန်းထဲ လမ်း 69 / 38 လမ်း coco မှာ Honda Cilck 2017 (MDY-61W 16284) အမဲလေး ခိုးခံရလို့ပါ 8.3.2025 1:45 လောက်တွင်း ခိုးခံရလို့ပါ လာရောင်းသည်ဖစ်စေ တွေ့သည် ဖစ်စေ အကြောင်းကြာပါအုံး ပြန်ဝယ်ပမယ် ဖုန်း 09787797005 09400890980
-
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မတ် ၈ ပဲခူးတိုင်း၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ခါးရှည် X Ray ဂိတ်ကို တော်လှန်ရေး…
-
ရန်ကုန်မှ Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲများကို စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင် ဦးဆောင်ကျင်းပနေမှု တော်လှန်ရေးအင်အားစုများ သတိပေး
ရန်ကုန်မှ Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲများကို စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင် ဦးဆောင်ကျင်းပနေမှု တော်လှန်ရေးအင်အားစုများ သတိပေး ရန်ကုန်၊ မတ် ၈ ရန်ကုန်မြို့၊ ရွှေသံလွင်ကုမ္ပဏီပိုင် ရွှေထွဋ်တင်ဝင်း အတွင်း ပြုလုပ်ခဲ့သည့် Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲများစွာကို စစ်ကောင်စီ တွဲဘက်အတွင်း ရေးမှူး ၊ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်နေကြောင်း သိရှိရသည်။ မတ်လ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ အထိ…
-
ပဲခူး၊ မွန်၊ ဧရာဝတီနှင့် မန္တလေးတွင် စစ်တပ်က အသက် ၂၀ အရွယ် လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီး
ပဲခူး၊ မွန်၊ ဧရာဝတီနှင့် မန္တလေးတွင် စစ်တပ်က အသက် ၂၀ အရွယ် လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီး ရန်ကုန်၊ မတ် ၈ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် အကြမ်းဖက် စစ်တပ်က အသက် ၂၀ အရွယ် လူငယ် များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပန်းတောင်းမြို့၊ ဥသျှစ်ပင်ရတနာပုံရပ်ကွက်၊ စိန်ပန်းမြိုင် ၉ လမ်းတွင်နေထိုင်သော အသက် ၁၉ နှစ် အရွယ် ကိုဟိန်းထက်နိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဧည့်စာရင်း ဝင်ရောက်…
-
Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေဟု ဘယ်လာရုစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်၏ ပြောဆိုမှု အင်္ဂလိပ်လို နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများ အသုံးပြုခဲ့ပုံရဟု သုံးသပ်
Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေဟု ဘယ်လာရုစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်၏ ပြောဆိုမှု အင်္ဂလိပ်လို နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများ အသုံးပြုခဲ့ပုံရဟု သုံးသပ် ရန်ကုန်၊ မတ် ၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း Sanction စီးပွားရေးပိတ်ဆို့ခံရလျှင် အတိုက်အခိုက်ခံရသော ဆော့ဝဲ(Software)များက အင်အားစုစည်းမှု ပိုမိုရရှိစေကြောင်း ပြောဆိုခဲ့မှုသည် စီးပွားရေးပိတ်ဆို့မှုကို ကွန်ပျူတာဆော့ဝဲနှင့် အမှတ်မှားနေပုံရကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်က စီးပွားရေးပိတ်ဆို့ခံရလျှင် ကွန်ပျူတာဆော့ဝဲများ အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာစေကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။ “Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions…
-
ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး၊ PDF စခန်းတစ်ခု မီးရှို့ခံရ
ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး၊ PDF စခန်းတစ်ခု မီးရှို့ခံရ ကျော်ဇော/People’s Spring တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။ ယနေ့နံနက်က အရှေ့တောဒေသ ဥယျာဥ်ကြီးနှင့် အညာဖျားရွာများသို့ စစ်ကြောင်းထိုးလာပြီး ထားဝယ်ခရိုင် PDF တပ်ရင်း(၁) T1 ဇုန်စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။ ကနဦးထွက်ပေါ်နေသော သတင်းများအရ ထားဝယ်ခရိုင် တပ်ရင်း(၁)၏စခန်းအား စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းစဥ် တပ်ရင်းရဲဘော်များ ကြိုတင်ရှောင်ရှားနိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်အား ထားဝယ်ခရိုင် PDF တပ်ရင်း(၁)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းရာ “ကျတော်တို့ နောက်မှ…
-
မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အာဏာသိမ်းကာလ သက်တမ်း ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီမှသာ ကျင်းပနိုင်မည်ဟု ထုတ်ပြော
မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အာဏာသိမ်းကာလ သက်တမ်း ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီမှသာ ကျင်းပနိုင်မည်ဟု ထုတ်ပြော ရန်ကုန်၊ မတ် ၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာ သိမ်းကာလ ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလမှသာ ကျင်းပနိုင်မည်ဟု ထုတ်ဖော်ပြောဆိုလာသည်။ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၇ ရက်နေ့ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံပြီး သတင်း စာရှင်းလင်းပွဲတွင် ပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်း ဖြစ် သည်။ “ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလ…
-
စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ
စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ ရန်ကုန်၊ မတ် ၈ အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါနိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joy က ယနေ့ ကြေညာသည်။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ် ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင်…