မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အာဏာသိမ်းကာလ သက်တမ်း ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီမှသာ ကျင်းပနိုင်မည်ဟု ထုတ်ပြော

by

in

မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အာဏာသိမ်းကာလ သက်တမ်း ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီမှသာ ကျင်းပနိုင်မည်ဟု ထုတ်ပြော
ရန်ကုန်၊ မတ် ၈
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာ သိမ်းကာလ ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလမှသာ ကျင်းပနိုင်မည်ဟု ထုတ်ဖော်ပြောဆိုလာသည်။
ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၇ ရက်နေ့ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံပြီး သတင်း စာရှင်းလင်းပွဲတွင် ပြုလုပ်စဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်း ဖြစ် သည်။
“ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်ရောက်မှသာ ပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော် တပ်သတင်းရင်းမြစ်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
“တပ်ချုပ်က ၂၀၂၆ ခုနှစ် အတွင်းမှာပဲ ရွေးကောက်ပွဲ လုပ်ဖို့ သူစဉ်းစားနေတယ်ဆိုတာကို အစည်းအဝေးတွေမှာ မကြာခဏ ထုတ်ပြောတယ်။ သူ့အနေနဲ့ အခု အိမ်စောင့် အစိုးရအဖြစ် သက်တမ်း ၅ နှစ်အပြည့် တာဝန်ယူဖို့ စိတ် ကူးထားတယ်။ သူက ကျန်းမာနေသေးတယ်၊ တိုင်းပြည်က လိုအပ်နေတယ်ဆိုရင် နောက်ထပ် သက်တမ်းလည်း တာဝန်ထမ်းဆောင်နိုင်သေးတယ်ဆိုတာမျိုးလည်း သူက မကြာခဏ ထုတ်ပြောလေ့ရှိတယ်။ ရွေးကောက် ပွဲ ပြီးရင်လည်း နိုင်ငံရေးမှာ သူက ဆက်ပါနေဦးမယ့် သဘောမျိုး လို့လည်း ယူဆလို့ရနိုင်ပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံသတင်းစာရှင်းလင်းပွဲတွင် စစ်တပ်က လုပ်မည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၅၃ ခု စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။