MYIA MM

    • Sample Page
Illustration of a bird flying.
  • တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာတိုက်ပွဲများအတွင်း စခန်း ၄ခုသိမ်းရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဟုဆို

    တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာတိုက်ပွဲများအတွင်း စခန်း ၄ခုသိမ်းရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဟုဆို

    တောင်ပိုင်းစစ်ဒေသ၌ ဒီဇင်ဘာတိုက်ပွဲများအတွင်း စခန်း ၄ခုသိမ်းရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဟုဆို ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်အကြား တိုက်ပွဲ ၆၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်ပြည်သူ လွတ်မြောက်ရေးတပ် TPLF၊ အခြား ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာအတွင်း စစ်ကောင်စီ အထိုင်ချစခန်း ၄ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က…

    January 15, 2025
  • “ထိုင်းစစ်တပ်ပါ ပါလာပြီဟေ့ အပြန်အလှန်တွေ ဆော်နေပြီ”

    “ထိုင်းစစ်တပ်ပါ ပါလာပြီဟေ့ အပြန်အလှန်တွေ ဆော်နေပြီ”

    “ထိုင်းစစ်တပ်ပါ ပါလာပြီဟေ့ အပြန်အလှန်တွေ ဆော်နေပြီ”

    January 15, 2025
  • လွိုင်ကော်ရောက်နေသည့်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း၏ ညစာစားပွဲကယားပြည်နယ်ခန်းမနှင့် ဒကစအား ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ

    လွိုင်ကော်ရောက်နေသည့်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း၏ ညစာစားပွဲကယားပြည်နယ်ခန်းမနှင့် ဒကစအား ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ

    လွိုင်ကော်ရောက်နေသည့်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း၏ ညစာစားပွဲကယားပြည်နယ်ခန်းမနှင့် ဒကစအား ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ ကျော်ဇော၊သတိုး/People’s Spring (၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စကစတပ်ဖွဲ့ဝင်တွေမှာ စိုးဝင်းလို စစ်ခေါင်းဆောင်တွေတောင် လုံခြုံမှုမရှိတော့ပါဘူး၊ သူတို့အသက်က တော်လှန်ရေးအင်အားစုတွေရဲ့လက်တစ်ကမ်းကိုရောက်လာနေပါပြီ” ဟု ၎င်းက ပြောသည်။ ယမန်နေ့(ဇန်နဝါရီ ၁၄ ရက်)ည ၇ နာရီက လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ပြုလုပ်သော ဒုချုပ်စိုးဝင်းတက်ရောက်သည့် ညစာစားပွဲခန်းမအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ပြီး တချိန်တည်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ(လွိုင်ကော်)အတွင်းသို့ ရှော့တိုက်ဒုံး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။…

    January 15, 2025
  • လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ ဇန်နဝါရီ ၁၅ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces…

    January 15, 2025
  • တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု PDA တီးတိန် ကြေညာ ◾️ပြည်သူများ အချိန်မီပြင်ဆင် ထားရန် အသိပေးထားပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်ဖိတ်ခေါ်

    တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု PDA တီးတိန် ကြေညာ ◾️ပြည်သူများ အချိန်မီပြင်ဆင် ထားရန် အသိပေးထားပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်ဖိတ်ခေါ်

    တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု PDA တီးတိန် ကြေညာ ◾️ပြည်သူများ အချိန်မီပြင်ဆင် ထားရန် အသိပေးထားပြီး မည်သည့်တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်ဖိတ်ခေါ် ◾️ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းကလည်း တီးတိန်မှ စစ်ကောင်စီတပ်များတိုက်ထုတ်ရန် စီစဉ်ပြီးဖြစ်၍ PDA၏ တိုက်ပွဲဖော်ဆောင်မှုလက်မခံဟု တုံ့ပြန် ဟန်နွေ/People’s Spring ချင်းပြည်ကောင်စီ(CC)နှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးထားသည့် တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedimက တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဖြစ်ကြောင်း တီးတိန်မြို့နယ်ကောင်စီက ဇန်နဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာကာ တီးတိန်မြို့နယ်အတွင်း ပြည်သူလူထုများ အချိန်မီပြင်ဆင်ထားကြရန် အသိပေးလိုက်သည်။ တီးတိန်မြို့သိမ်းတိုက်ပွဲကို PDA-Tedimမှ မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့် ကွက်ခွင့်မရှိသကဲ့သို့ ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ အမှန်တကယ် စစ်ကောင်စီတပ်သားများ ချေမှုန်းကင်းစင်စေလိုသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီ တောင်းဆိုကြောင်း…

    January 15, 2025
  • မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ…

    January 15, 2025
  • အာရှလမ်းပိုင်းကို ၁ လအတွင်း ပြန်သိမ်းရန် အောင်ဇေယျစစ်ကြောင်း အင်အားဖြည့်တင်း

    အာရှလမ်းပိုင်းကို ၁ လအတွင်း ပြန်သိမ်းရန် အောင်ဇေယျစစ်ကြောင်း အင်အားဖြည့်တင်း

    ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ့ လမ်းဟောင်းကို ၁ လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းနေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ဘားအံ-ကျုံဒိုး-ကော့ကရိတ်လမ်းအတိုင်း သံချပ်ကာယာဉ်တွေနဲ့အတူ အရပ်သား ယာဉ်တွေကို အသုံးပြုပြီး အင်အား ဖြည့်တင်းနေပါတယ်။ ရှေ့တန်းသတင်းရင်းမြစ်က “အဲလောက်ကြီးမဟုတ်ပါဘူး။ ရှေ့မှာတော့ အကုန်လုံးရှိပါတယ်။ ထိပ်တိုက်တော့ ကောင်းကောင်းမတွေ့သေးဘူး။ ဒါပေမဲ့…

    January 15, 2025
  • ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

    ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

    ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက် သတိုး / People’s Spring ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းအား အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံက လူထုနွေဦးသို့ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ မြေပြင်သို့ ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ Operation Flame အနေဖြင့် ဆက်လက်၍ ရန်ကုန် တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်းကာ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

    January 15, 2025
  • NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်

    NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်

    NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင် ရန်ကုန်၊ ဇန်နဝါရီ ၁၄ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများထံ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံ G-3 သေနတ် ၁ လက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂…

    January 14, 2025
  • မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

    မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

    မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ) ဇန်နဝါရီ ၁၄၊ ၂၀၂၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။ တိုက်ပွဲ ၄ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ကာ စခန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် လေကြောင်း ပစ်ခတ်မှုနဲ့ စခန်းရှိ ဘန်ကာကို မသိမ်းပိုက်နိုင်ခဲ့မှုကြောင့် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့တယ်လို့ သိရပါတယ်။

    January 14, 2025
←Previous Page
1 … 182 183 184 185 186 … 202
Next Page→

MYIA MM

Proudly powered by WordPress