ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်

by

in

ထောက်ကြန့်ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်
သတိုး / People’s Spring
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းအား အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံက လူထုနွေဦးသို့ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ မြေပြင်သို့ ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
Operation Flame အနေဖြင့် ဆက်လက်၍ ရန်ကုန် တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်းကာ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။