-
ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁ ၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး
ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁ ၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ…
-
ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့် ■ ရုံးနှင့် ဟိုတယ်များကိုပြန်ဖွင့်ခိုင်းပြီး စစ်ရှောင်ပြည်သူများပြန်လာရန် ဖိအားပေး
ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့် ■ ရုံးနှင့် ဟိုတယ်များကိုပြန်ဖွင့်ခိုင်းပြီး စစ်ရှောင်ပြည်သူများပြန်လာရန် ဖိအားပေး -ကဖေး/People’s Spring ရွှေသောင်ယံဒေသတွင် တိုက်ပွဲများခေတ္တငြိမ်သက်သွားပြီးနောက် ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီက ဝါဒဖြန့်ပြီး တိမ်းရှောင်သွားသည် စစ်ဘေးရှောင်များအား ပြန်လာရန်၊ စစ်ကောင်စီရုံးများ နှင့် ဟိုတယ်များ မဖြစ်မနေဖွင့်လှစ်ရန် ဖိအားပေးနေသည်။ ပြီးခဲ့သည့်ဇန်နဝါရီလက ရွှေ သောင်ယံမြို့၊ မကျီးဇင် ရွာ နှင့် ဘောမိရွာ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ဒေသခံအများအပြားသည် ထွက်ပြေးရှောင်ခဲ့ကြသည်။ ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်သုံးခုအပြင် ကျေးရွာများမှ ဒေသခံအများစုသည် ရန်ကုန်၊ ပုသိမ်၊ မအူပင်၊ ရေကြည်၊ ငါးသိုင်းချောင်းစသည့်ဒေသများသို့ ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။ ရွှေသောင်ယံမြို့နှင့် ဆယ်မိုင်ခန့်အကွာမှ ဘောမိကျေးရွာကို ဇန်နဝါရီလ၁၆ရက်တွင် အာရက္ခတပ်တော်(AA)က သိမ်းယူပြီးသည့်နောက် တိုက်ပွဲများငြိမ်သက်နေသည်။ ထို့ကြောင့် ရွှေသောင်ယံမြို့ပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီက ဒေသခံများကို ပြန်လာရန် ဖိအားပေးနေသည်။…
-
မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ)
မြိုင် ကပစ စက်မှု ၂ ရဲ့ အဆောက်အအုံတွေပေါ် ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲ (ရုပ်/သံ) ဖေဖော်ဝါရီ ၂၊ ၂၀၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကပစ စက်မှု ၂ ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကာ အရေအတွက်သိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှု ၄ နှစ်ပြည့်အနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်အောက်ခံတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြိုင်မြို့ရှိ ကပစ စက်မှု…
-
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် လက်နက်ချ၊ ယနေ့မနက်မှစ၍ စကခ(၂၁)သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်မြှင့်
ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် လက်နက်ချ၊ ယနေ့မနက်မှစ၍ စကခ(၂၁)သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်မြှင့် ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူများ ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီတပ်မှ ၂၀ဦးကျော် လက်နက်ချအလင်းဝင်လာခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်နေ့)မနက်တွင် အသိပေးထားသည်။ “အခွင့်အရေး အချိန်ကုန်ပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားပြီး ယနေ့ နံနက် ၅နာနရီခွဲအချိန်မှ စတင်၍ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ( စကခ – ၂၁) ကို အပြီးသတ် ထိုးစစ်ဆင်မှု စတင်နေသည်ဟုအသိပေးထားသည်။ KIA သတင်းရင်းမြစ်တစ်ဦးကလည်း…
-
ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး၊ မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ
ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး၊ မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန်…
-
မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ ▪️ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး
မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ ▪️ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး ဟန်နွေ/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ ” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင်…
-
မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်
မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက် ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၅ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင် အချက်အလက်တွေအရ သိရပါတယ်။ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA…
-
မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ဟု အမေရိကန်အပါအဝင် နိုင်ငံ ၈နိုင်ငံနှင့် အီးယူ ပူးတွဲကြေညာ
မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ဟု အမေရိကန်အပါအဝင် နိုင်ငံ ၈နိုင်ငံနှင့် အီးယူ ပူးတွဲကြေညာ ◾️“အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်” အီယိုရီ/People’s Spring စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်တွင် မြန်မာစစ်အာဏာရှင်အနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်း ၈နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ယနေ့(ဖေဖော်ဝါရီ ၁ရက်)ပူးတွဲကြေညာလိုက်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၄နှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ “ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့…
-
ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…
ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ… ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အရာရှိအဆင့် ဗိုလ်မှူး(၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ စုစုပေါင်း (၁၃၆) ယောက်က အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက် ရပ်တည် ကူးပြောင်း လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်သူတွေထဲမှာ လက်နက်နဲ့အတူ…
-
ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ် ပေးရန် ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံ ခြားရေး၀န်ကြီး David Lammy က ယနေ့ တောင်းဆိုလိုက်ပြီး လွန်ခဲ့သော ၄ နှစ် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ဖြုတ်ချခဲ့ကာ မြန်မာပြည်သူများ၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ “လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ…