-
မြင်းခြံမြို့နယ်တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီး (ရုပ်/သံ)
မြင်းခြံမြို့နယ်တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီး (ရုပ်/သံ) ရန်ကုန်၊ မတ် ၆ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး သံချပ်ကာကား ၂ စီး ပျက်စီးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး…
-
မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် ၁၁၀ မဂ္ဂါဝပ် အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ အဆင်မြှင့်တင် တိုးချဲ့ ဓာတ်အား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား
မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် ၁၁၀ မဂ္ဂါဝပ် အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ အဆင်မြှင့်တင် တိုးချဲ့ ဓာတ်အား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထား ရန်ကုန်၊ မတ် ၆ မြန်မာနိုင်ငံတွင် ရုရှားက တည်ဆောက်ပေးမည့် မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ လျှပ်စစ်တိုးချဲ့ထုတ်လုပ် အဆင့်တိုးမြှင့်နိုင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို သဘောတူညီလက်မှတ်ရေးထိုးထားကြောင်း ရုရှားသတင်းဌာနများက သတင်းဖော်ပြသည်။ မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးချက်အရ မြန်မာနိုင်ငံတွင် ၁၁၀ မဂ္ဂါဝပ် အသေးစားနူကလီးယားဓာတ်ပေါင်းဖိုကို ရုရှားက တည်ဆောက်ပေးမည်ဖြစ်ပြီး သဘောတူညီချက်များတွင် နှစ်နိုင်ငံအကြား အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းကမ်းချက်များပါဝင်ကြောင်း၊ ထို့ပြင် အသေးစားနူကလီးယား ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ်…
-
မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တွေအနက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်အပါအဝင် သုံးဦး သေဆုံး
မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တွေအနက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်အပါအဝင် သုံးဦး သေဆုံး ■စစ်သားတွေက ခရီးသည်တင်ယာဥ်မောင်းကိုသေနတ်ထောက် တိုက်ပွဲဖြစ်ရာနေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့ ချောင်းဦးပကဖပြော မင်းညို/People’s Spring စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်းဖြတ်သန်းလာချိန် ကာ ကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။ တိုက်ပွဲဖြစ်ပွားနေချိန်မှာထပ်လာတဲ့ စစ်သားတွေက ခရီးသည်တင်ကား ၁ စီးကို တိုက်ပွဲဖြစ်နေတဲ့နေရာဆီ ဖြတ်မောင်းခိုင်းပြီး တိုက်ပွဲနေရာရောက်တဲ့အခါ ဆင်းနေခဲ့ကြပါတယ် ။တိုက်ပွဲကြားပိတ်မိသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ အရွယ် ခရီးသည်အမျိုးသမီးနဲ့…
-
စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ်ထိုးရန် အဟောသိကံ ဖြစ်ဟု ဦးကျော်မိုးထွန်းပြော 🟥 မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီဖြတ်တောက်ရေး တောင်းဆိုနေချိန် စစ်ကောင်စီက ရုရှားအကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်တော့မည်
စစ်အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ်ထိုးရန် အဟောသိကံ ဖြစ်ဟု ဦးကျော်မိုးထွန်းပြော 🟥 မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီဖြတ်တောက်ရေး တောင်းဆိုနေချိန် စစ်ကောင်စီက ရုရှားအကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်တော့မည် ရန်ကုန်၊ မတ် ၆ နိုင်ငံတကာ နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ် နိုင်ရေးမှာ စစ်အာဏာသိမ်းမှုကြောင့် အဟောသိကံ ဖြစ်သွားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုသည်။ မတ်လ ၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် နျူကလီးယားလက် နက် များ တားမြစ်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ တတိယအကြိမ် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဗီယင်နာလုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၏ သိသာထင်ရှားသော တိုးတက်မှုများကို ကြိုဆိုသည့်အပြင် ပြီးခဲ့သည့်…
-
တရုတ်သတင်းပေးမှုဖြင့်ဖမ်းထားသော ယာယီ ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို
တရုတ်သတင်းပေးမှုဖြင့်ဖမ်းထားသော ယာယီ ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို စစ်ကောင်စီ ပြန်လွှတ် ကဖေး/People’s Spring ကျားဖြန့် ငွေလိမ်လုပ်ငန်းများတွင် ပါဝင်နေသည်ဟုတရုတ်ရဲတပ်ဖွဲ့၏ သတင်းပေးပို့မှုဖြင့် စစ်ကောင်စီကဖမ်းဆီးထားသည့် ယာယီအရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးအပါအဝင် လေးဦးအနက် ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို ပြန်လွှတ်လိုက်သည်။ “ဘိုးတော်( စစ်ကောင်စီခေါင်းဆောင်) တက်တဲ့ ဗထူးတပ် သင်တန်းဆင်းပွဲကို လှမ်းဖိတ်ပြီး တခါတည်းဖမ်းခေါ်သွားတာ။ နေပြည်တော်ကို။ အခုကတော့ ဗိုလ်မှူးကြီးထွန်းနိုင်စိုး ပြန်လွတ်လာတာမှန်တယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။ အာဏာသိမ်းခေါင်းဆောင်သည် ဖေဖော်ဝါရီလ ၂၁ ရက်က ဗထူးတပ်၌ပြုလုပ်ခဲ့သော ဗိုလ် လောင်းသင်တန်းဆင်းပွဲတက်ခဲ့သည်။သင်တန်း ဆင်းပွဲသို့ ရှမ်းပြည်နယ်ရှိ ရမခဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများကို ဖိတ်ခဲ့ပြီး ရမခတိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုး၊ တန့်ယန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်မော်အောင်တို့ကို ဖမ်းဆီးခြင်းဖြစ်သည်။ သို့သော်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို မတ်လ ၃ရက်တွင် ပြန်လွှတ်ပေးပြီး…
-
ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ကျော် ဖမ်းဆီးခံရ
ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ကျော် ဖမ်းဆီးခံရ မတ် ၆၊ ၂၀၂၅ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။ တစ်လတာအတွင်း စစ်မှုထမ်းဖို့ အပါအဝင် လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့မှု အခြေအနေအကြောင်း မတ်လ ၅ ရက်မနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံ စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးခံရမှု အများဆုံးရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ် ၉၆ ခု ရှိခဲ့ပြီး အဲဒီအထဲက ဖြစ်ရပ် ၇၀ ကို အတည်ပြုနိုင်ခဲ့ပေမယ့် ၂၆…
-
ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဘွဲ့နှင့် ဆမ မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်သင်ကြားခွင့် ပိတ်ပင်
ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဘွဲ့နှင့် ဆမ မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်သင်ကြားခွင့် ပိတ်ပင် ရန်ကုန်၊ မတ် ၆ မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို နိုင်ငံ့ဝန်ထမ်း မလုပ်၍ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဆေး ပညာဘွဲ့နှင့်ဆေးကုသခွင့်လက်မှတ် (ဆမ) မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ကြားကိုပါ ပိတ်ပင်လိုက်ကြောင်း ဆရာဝန်များနှင့် နေပြည် တော်၊ ကျန်းမာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။ ထိုသို့ ပိတ်ပင်မှုကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်…
-
ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော လူငယ်တချို့ စစ်မှုထမ်းတပ်သားများအဖြစ် ပြန်လည်တွေ့ရှိရ
ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော လူငယ်တချို့ စစ်မှုထမ်းတပ်သားများအဖြစ် ပြန်လည်တွေ့ရှိရ ရန်ကုန်၊ မတ် ၆ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူမပြည့်သေး၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပျောက်ဆုံးနေသော လူငယ် တချို့ စုဆောင်းရေးတပ်ထဲရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် ၈၆ ဂိတ်ဟောင်း မှတ်တိုင်အနီးရှိ မင်္ဂလာကွက်သစ်တွင်…
-
AA နှင့် PDF များ၏ ထိုးစစ်ကို စိုးရိမ်၍ ပြည်မြို့ရှိ ရဲစခန်း၊ ကင်းစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို ဘန်ကာများ၊ ဝါးချွန်များဖြင့် လုံခြုံရေးတိုးမြှင့်၊ မြို့စောင့်တပ်အဖြစ် ပျူစောထီးများကို လက်နက်တပ်ဆင်မည်
AA နှင့် PDF များ၏ ထိုးစစ်ကို စိုးရိမ်၍ ပြည်မြို့ရှိ ရဲစခန်း၊ ကင်းစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို ဘန်ကာများ၊ ဝါးချွန်များဖြင့် လုံခြုံရေးတိုးမြှင့်၊ မြို့စောင့်တပ်အဖြစ် ပျူစောထီးများကို လက်နက်တပ်ဆင်မည် ရန်ကုန်၊ မတ် ၆ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် AA နှင့် PDF များ ထိုးစစ်ဆင်လာနိုင်သည်ဟုဆိုကာ ရဲစခန်း၊ ကင်းစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို ဘန်ကာများ၊ ဝါးချွန်များ၊ ကွန်ကရစ်ဘန်ကာများဖြင့် လုံခြုံရေးတိုးမြှင့်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်နှင့်ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ယခုမတ်လပိုင်းမှ စတင်၍ ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများ၊ ခရိုင်ထွေအုပ်ရုံးနှင့် အမှတ် ၁ ရဲစခန်း တို့တွင် ဘန်ကာများ၊ ဝါးချွန်များဖြင့် ခံစစ် ပြင်ဆင်နေကြောင်း၊ စစ်တပ်နှင့်ရဲများက ရဲစခန်း၊…
-
ရုရှား ပူတင်နှင့်တွေ့ဆုံခဲ့ရမှု အလွန်အောင်မြင်အကျိုးဖြစ်ထွန်းဟု မင်းအောင်လှိုင်က စိုးဝင်းနှင့်နေပြည်တော်မှ ဗိုလ်ချုပ်များကို ဝမ်းသာအားရ အကြောင်းကြား၊ မတ်လ ၉ ရက်နေ့ အိမ်ပြန်ခရီး ခမ်းခမ်းနားနားကြိုကြမည်
ရုရှား ပူတင်နှင့်တွေ့ဆုံခဲ့ရမှု အလွန်အောင်မြင်အကျိုးဖြစ်ထွန်းဟု မင်းအောင်လှိုင်က စိုးဝင်းနှင့်နေပြည်တော်မှ ဗိုလ်ချုပ်များကို ဝမ်းသာအားရ အကြောင်းကြား၊ မတ်လ ၉ ရက်နေ့ အိမ်ပြန်ခရီး ခမ်းခမ်းနားနားကြိုကြမည် ရန်ကုန်၊ မတ် ၆ ရုရှား ခေါင်းဆောင် ပူတင်နှင့်တွေ့ဆုံခဲ့ရမှုမှာ အလွန်အောင်မြင်အကျိုးဖြစ်ထွန်းသည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် စိုးဝင်းနှင့် ဗိုလ်ချုပ်များကို ဝမ်းသာအားရ အသိပေးအကြောင်းကြားလာကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၄ ရက်နေ့ ရုရှား ခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံခဲ့ရမှုမှာ မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ကြောင်း၊ ရုရှားနှင့်မြန်မာတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုမြန်ဆန်နွေးထွေးမည်ဖြစ်ပြီး ယခုခရီးစဉ်၏ အောင်မြင်မှု အသီးအပွင့်များကို မကြာခင် တွေ့မြင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရစ်ခဲ့သော…