မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တွေအနက် ၃ နှစ်အရွယ်ကလေးငယ်နဲ့
မိခင်အပါအဝင် သုံးဦး သေဆုံး
■စစ်သားတွေက ခရီးသည်တင်ယာဥ်မောင်းကိုသေနတ်ထောက် တိုက်ပွဲဖြစ်ရာနေရာကို လိုက်ပို့ခိုင်းရာမှ ခရီးသည်တွေတိုက်ပွဲကြားပိတ်မိခဲ့တာလို့
ချောင်းဦးပကဖပြော
မင်းညို/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တွေအနက် ၃ နှစ်အရွယ်ကလေးတဦးနဲ့မိခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်းဖြတ်သန်းလာချိန် ကာ
ကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။
တိုက်ပွဲဖြစ်ပွားနေချိန်မှာထပ်လာတဲ့ စစ်သားတွေက ခရီးသည်တင်ကား ၁ စီးကို တိုက်ပွဲဖြစ်နေတဲ့နေရာဆီ ဖြတ်မောင်းခိုင်းပြီး တိုက်ပွဲနေရာရောက်တဲ့အခါ ဆင်းနေခဲ့ကြပါတယ် ။တိုက်ပွဲကြားပိတ်မိသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ အရွယ် ခရီးသည်အမျိုးသမီးနဲ့ သူရဲ့အသက် ၃ နှစ်အရွယ်သမီးငယ်တဦး၊ အခြားခရီးသည် အမျိုးသမီးတဦး စုစုပေါင်း ၃ ဦ္ဟာ စစ်တပ်ရဲ့ စက်တပ်လေထီးပေါ်က ချတဲ့ ဗုံးထိမှန်ပြီးသေဆုံးခဲ့တယ်လို့ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“မုံရွာဘက်ကလာတဲ့ကားနှစ်စီးကို ဖြတ်တိုက်တာ။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပထမတော့ကားတွေက တန်းစီရပ်နေတာ။ စစ်ကောင်စီတပ်သားတွေက Express ကားပေါ်လိုက်လာပြီး ယာဥ်မောင်းကို သေနတ်နဲ့ထောက်ပြီး မောင်းခိုင်းတယ်။ အခင်း
ဖြစ်တဲ့နားရောက်တော့ စစ်သား ၁၅ ဦးလောက် ဆင်းသွားတယ်။ ကျွန်တော်တို့လည်း Express ကားပေါ်က ပြည်သူတွေကို ကယ်ထုတ်တယ်။ လမ်းဘေးမှာ မှောက်ခိုင်းထားတဲ့အချိန် ပါရာမိုတာနဲ့ချတာ။ အဲချိန်မှာဖြစ်သွားတာ။”လို့ ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကားပျက်စီးမှုတွေကလည်း မိုင်းထိတာမဟုတ်ပဲ ကားကတိုက်ပွဲကြား ဝင်သွားချိန် ပစ်ခတ်ခံထားရတာတွေဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဝါ ဒဖြန့် တယ်လီဂရန့်တွေက တော့
သားအမိကို PDF တွေက ပစ်လို့သေတယ်ဆိုပြီးတယ်လီဂရန်ချန်နယ်လ်တွေမှာ ရေးသားဖြန့်ဝေနေကြပါတယ် ။
မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီယာဥ် ဖြတ်သန်းသွားတိုင်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိပြီး အဲဒီလိုတိုက်ခိုက်ချိန် လမ်းပိုင်းယာယီပိတ်ထားလေ့ရှိပါတယ်။ တိုက်ပြီးတွေဖြစ်ပြီးနောက်နေ့ မတ်လ ၅ ရက်နေ့မှာတော့ မုံရွာ-မန္တလေးလမ်း ပြန်လည်သွားလာနေကြတယ်
လို့ ဒေသခံတွေက ပြောပါတယ်။
(ပျက်စီးခဲ့တဲ့ခရီးသည်တင်ယာဥ်နဲ့ သေဆုံးခဲ့တဲ့သားအမိကိုတွေ့ရစဥ်။ဓာတ်ပုံ-CJ)