MYIA MM

    • Sample Page
Illustration of a bird flying.
  • လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

    လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

    လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ် -ရှိန်း / People’s Spring မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။ မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆လမ်းကနေ ၅၆လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း၉၀အထိ၊တောင်ဘက် ၂၆လမ်းကနေ ၃၅လမ်းအထိ၊မြောက်ဘက်၁၂လမ်းကနေ ၅လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။ မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။ အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊၅၁လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊၅၃အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။ လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုနွေဦးက ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ “ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။ ၂၀၂၄ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။ အဲဒီနောက်ပိုင်း…

    January 29, 2025
  • ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန် ကီရာ မဇ္ဈိမ။ ။ဟာသသရုပ်ဆောင်မွန်လေးက ၎င်းအားဝေဖန်သူတဦးကို ဒူးထောက်ခိုင်းကာ ပါးရိုက်ပြီးနောက် ခြေဖဝါးထိကန်တော့ခိုင်းသည့် ရုပ်သံဖိုင်လူမှုကွန်ရက်၌တင်ခဲ့မိခြင်းအတွက် တောင်းပန်လိုက်သည်။ အဆိုပါရုပ်သံဖိုင်တွင် ဒူးထောက်နေသူက “အွန်လိုင်းပေါ်မှာ ကိုမွန်လေးကို မဟုတ်မမှန်လာမန့်ထားတဲ့ မန့်ကို ထောက်ခံပြီးတော့ မန့်မိတဲ့အတွက် ကိုမွန်လေးကို လူသိထင်ရှားတောင်းပန်တာပါ” ဟု ပြောဆို ထားပြီး “မင်းနောက်တခါပြောဦးမလား အာချောင်ဦးမလား၊ အခု မင်းမှားလား ငါမှားလား”ဟု ပြော၍ ပါးရိုက်ခဲ့ပြီး “ငါသဘောအရမ်းကောင်းနေလို့နော် သွားတွေပြုတ်ထွက်ကုန်မယ်၊ ငါ့ကိုကန်တော့ပြီး တောင်းပန်၊ ခြေဖဝါးကိုထိပြီးတောင်းပန်”ဟု ပြောဆိုထားသည်ကို တွေ့ရသည်။ ယခုကဲ့သို့ ဟာသသရုပ်ဆောင်မွန်လေး၏ လူမိုက်ဆန်ဆန်လုပ်ပြနေသည့်ကိုမြင်တွေ့ရသည်မှာ မြန်မာ ပြည်၏ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းကို အတိအလင်းဖော်ပြနေခြင်းဖြစ်ကြောင်း ကြည့်ရှုသူတဦး ကပြောသည်။ “ကြည့်ပြီး တကယ်ရွံလည်းရွံ၊ ကြောက်လည်းကြောက်မိတယ်။ ဒီလို လူမိုက်ဆန်ဆန် ရမ်းကားမိုက်ရိုင်းရဲ လောက်အောင် ဘာကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သူ့ပုံစံက မြန်မာပြည်က ဘယ်လောက်တောင် ဥပဒေ စိုးမိုးမှုကင်းမဲ့နေလဲဆိုတာ အတိအလင်း ပြောပြလိုက်သလိုပဲ။ ကျွန်တော်တို့လို…

    January 29, 2025
  • စစ်ကိုင်းနှင့် မကွေးဒေသများတွင် မဟာမိတ်များနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားရန်ရှိဟု ချင်းညီနောင်အဖွဲ့ဝင် CNDF ပြော

    စစ်ကိုင်းနှင့် မကွေးဒေသများတွင် မဟာမိတ်များနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားရန်ရှိဟု ချင်းညီနောင်အဖွဲ့ဝင် CNDF ပြော

    စစ်ကိုင်းနှင့် မကွေးဒေသများတွင် မဟာမိတ်များနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားရန်ရှိဟု ချင်းညီနောင်အဖွဲ့ဝင် CNDF ပြော ဟန်နွေ/People’s Spring စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ CNDFနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများရှိနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းစဉ် ယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။ ချင်းညီနောင်အနေဖြင့်ဖြစ်စေ၊ CNO/CNDF ဖြစ်စေ BPLAနှင့် ဆက်ဆံရေးကောင်းမွန်စွာရှိပြီး နိုင်ငံရေး၊ စစ်ရေးမဟာမိတ်လုပ်ဆောင်ရန် ဆွေးနွေးထားကြောင်း ဆလိုင်းတီမီက ပြောသည်။ “သူတို့ဘက်ကလည်းမကွေး၊ စစ်ကိုင်း အဲဒီမှာ လှုပ်ရှားဖို့ရန် အတွက် သူတို့ ပြင်ဆင်နေတဲ့ဟာ ရှိတဲ့အတွက်ချင်းဘက်မှာ ချင်းညီနောင်နဲ့ ကျနော်တို့ CNO/CNDF အနေနဲ့သော်လည်းကောင်း စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အတူတကွ လုပ်ဆောင်ဖို့ရန်အတွက် အများကြီးရည်ရွယ်ထားတဲ့ဟာရှိပါတယ်”ဟု CNDF…

    January 29, 2025
  • စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ

    စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ

    စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ 001 မဇ္ဈိမ။ ။စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ ထောက်ပြပြောဆို မှုများရှိပြီး အများစုသည် စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဉက္ကဋ္ဌဗိုလ်ချုပ်ကြီးမောင်မောင်အေးက စွပ်စွဲ ပြောဆိုသည်။ စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့် ၏အားနည်းချက်များကို အများစုက သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ကကျင်းပသည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း ဝေးတွင် ၎င်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း အင်အားပြုန်းတီးနေသည့် စစ်ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှု ထမ်းဉပဒေကိုအသက်သွင်းခဲ့ရာ ထိုဉပဒေကိုအကြောင်းပြပြီး ပြည်သူများအ‌ပေါ် ငွေတောင်းခံမှုများ၊ ပေါ်တာဆွဲသည့်အတွက်…

    January 29, 2025
  • တရုတ်က မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

    တရုတ်က မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

    တရုတ်က မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော အီယိုရီ/People’s Spring အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီက အဖြေမဟုတ်သည်ကို ယခုထက် ပို၍ သဘောပေါက်ရန် လိုအပ်ပြီး ကျားဖြန့်ကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာဇဝတ်မှုများသည် စစ်အာဏာသိမ်းမှုအောက်တွင် ပိုမိုကြီးထွားလာကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းကိစ္စရပ်များသည် ပြည်တွင်းရေး ကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့်အနေအထားမျိုးဖြစ်သည်ဟု ဆက်ပြောသည်။ “မြန်မာပြည်သူလူထုမျက်နှာထက် နေပြည််တော်ရဲ့ မျက်နှာကို ကြည့်နေသလို ဖြစ်နေတယ်လို့ ကျွန်မ ပွင့်ပွင့်လင်းလင်းဖြေကြားချင်ပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့(ဇန်နဝါရီ ၂၉ရက်)ကျင်းပသော NUG…

    January 29, 2025
  • မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး

    မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး

    မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ရန်…

    January 29, 2025
  • သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

    သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ

    သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြော ဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရော်ကစဉ် စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိနေပြီး AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊…

    January 29, 2025
  • ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၈ ရက် ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။…

    January 29, 2025
  • သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး ကဖေး/People’s Spring ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၂၈ ရက်​နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာ၌ တိုက်ပွဲဖြစ် ပွားခြင်းဖြစ်ပြီး ဒုရဲမှူးဝင်းနိုင်ဦးသေဆုံးကြောင်း ဧရာဝတီတိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတဦးက လူထု​နွေဦးသို့ အတည်ပြုပြောကြားသည်။ “စနိုက်ဘာ ထိတာတဲ့ဗျ။ သူ့တပည့် နယ်ထိန်းက ထွက်ပြေးလာတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။ ကျားခေါင်းရွာသည် ဇန်နဝါရီလ ၁၆ ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာနှင့် ဆက်စပ်တည်ရှိသည်။ ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။ ဒုရဲမှူးဝင်းနိုင်ဦးသည် စစ်ကောင်စီထောက်ခံသည့် သဘောထားတင်းမာသူအဖြစ်လူသိများသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်ကရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ထွက် ပြေးရာ စစ်ကောင်စီကပြန်လည်ဖမ်းမိပြီးနောက်…

    January 29, 2025
  • NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIAတပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

    NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIAတပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

    NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIAတပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ တွေ့ဆုံသည့် နေ့ရက်နှင့်နေရာဒေသ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း အတော်လှန်ရေး ကာလအတွင်းလုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)က ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။ အနာဂတ်ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေး…

    January 29, 2025
←Previous Page
1 … 164 165 166 167 168 … 202
Next Page→

MYIA MM

Proudly powered by WordPress