-
စစ်တပ်က ပဌာန်းတော်ကို မိုင်းများ ၊ဗုံးများကျည်ဆံများတွင်ကပ်၍ AA ကိုရင်ဆိုင်ရန်ကြိုးပမ်းခဲ့
စစ်တပ်က ပဌာန်းတော်ကို မိုင်းများ ၊ဗုံးများကျည်ဆံများတွင်ကပ်၍ AA ကိုရင်ဆိုင်ရန်ကြိုးပမ်းခဲ့ ကဖေး/People’s Spring အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက် ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။ ၂၄ ပစ္စည်း ပဌာန်းတော် များ ရေးထားသော စာများ ကပ်ထားသည့် ဗုံးများ၊ မိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံတစ်ဦးကပြောသည်။ “တပ်တော်က မိုင်းတွေရှင်းရင်းနဲ့တွေ့တာဗျာ။ တော်တော်များတယ်။ အမ်းအပြင် တခြားမြို့နယ်တွေမှာလည်း အဲဒီလိုတွေတွေ့တယ်လို့ကြားရတယ်”ဟု အဆိုပါဒေသခံကပြောသည်။ မိုင်းများ၊ ဗုံးများအပြင် လက်နက်ကြီးကျည်များတွင်လည်း၂၄ပစ္စည်းပဌာန်းစာများ ကပ်ထားသည်ကို တွေ့ရပြီး ယတြာချေခြင်းဖြစ်နိုင်ကြောင်း မြောက်ဦးမြို့မှဒေသခံတဦးကပြောသည်။ “အထူးသဖြင့် ဘုရားကျောင်းကန်နားပတ်ဝန်းကျင်တွေမှာအများဆုံးတွေ့ရတယ်။ ဒီလူတွေက ဘာ သာရေးအယူလွဲနေတာဖြစ်မယ်။ သူတို့ကို စစ်တပ်က အဲ့လိုသင်ထားတာကို အဟုတ်ထင်နေတာ”ဟု…
-
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ထားဝယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ရွှေဂူ စစ်တပ်ဂိတ်စခန်းနှင့် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာရှိ ရွှေဂူ စစ်တပ် ဂိတ်စခန်းနှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု…
-
တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်
တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ် ရန်ကုန်၊ ဇန်နဝါရီ ၃၀ အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးကို တရားဝင် ဖွင့်လှစ်လိုက်ပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလျက်ရှိကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။ ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ဆက်တွဲအနေ ဖြင့် NUG ၏ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း…
-
ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ ရန်ကုန်၊ ဇန်နဝါရီ ၃၀ ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ…
-
ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ၏ ရွှေဂူတံတားစစ်ရေးဂိတ်နှင့် စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်
ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီ၏ ရွှေဂူတံတားစစ်ရေးဂိတ်နှင့် စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက် ▪️စစ်သုံ့ပမ်းလေးဦး အရှင်ဖမ်းမိပြီး သေနတ် ၁၁လက်ရ ကျော်ဇော/People’s Spring တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် – သရက်ချောင်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးကာ စစ်ကောင်စီတပ်သားလေးဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းက ယနေ့ (ဇန်နဝါရီလ ၃၀ ရက်)နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။ ယမန်နေ့(ဇန်နဝါရီ ၂၉ ရက်)နေ့လယ် ၂နာရီခန့်က ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ် ဆေးရေးဂိတ်နှင့် စခန်းကုန်းကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၅ နာရီခန့်ကြာမြင့်ပြီး ဂိတ်နှင့် စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကာ လေးဦးအရှင်ဖမ်းမိသည့်အပြင် ငါးကြင်းမြီးတစ်လက်၊…
-
အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာ
အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာ ရဲခေါင်/People’s Spring စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦးနှင့် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခံရသူ လေးဦး အလင်းဝင်လာကြောင်း ရှမ်းတောင်နှင့် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင်ထုတ်ပြန်သည်။ စစ်ကောင်စီ၏ တပ်မ(၅၅)လက်အောက်ခံ ခမရ(၅၀၈)တပ်ရင်းမှ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်း၌ ပို့ဆောင်ခံရသည့် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသူ တပ်သားလေးဦးသည် ယနေ့ နံနက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(SSLRU) နှင့် အမှတ် (၁၀၀၈)တပ်ရင်း (SSRY) တို့မှ သွားရောက်ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ အလင်းဝင်ရောက်လာသူ တပ်သားများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မတရားလူသစ်စုဆောင်းခြင်းခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့ စိတ်ဆန္ဒမပါပဲ တာဝန်ထမ်းဆောင်နေရသည့်အတွက် ဇန်နဝါရီ ၂၅ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ စတင်ချိတ်ဆက်ခဲ့ကြောင်း အသိပေးသည်။…
-
တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ
တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ ရဲခေါင်/People’s Spring စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ဇန်နဝါရီ ၂၇ ရက်ကစ၍ ဇန်နဝါရီ ၂၉ ရက်အထိ တမူးမြို့နယ် ကျွန်းပင်သာနှင့် မင်းသာကျေးရွာတို့ရှိ စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဟု ဆိုသည်။ “တိုက်ပွဲက တမူးမြို့အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာမှာ ဖြစ်နေတာ။မနေ့က ရှမ်းနီတပ်မတော်SNAက အရာရှိတစ်ယောက် အပါအဝင် စကစ ပူးပေါင်းတပ်ဖွဲ့တွေ သေဆုံးတာတွေရှိတယ်။နှစ်ဖက်ထိခိုက်မှု များတယ်လို့ကြားတယ်”ဟု တမူးခရိုင် စစ်ရေးနှင့်ဆက်စပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ကျွန်းပင်သာနှင့် မင်းသာကျေးရွာတွင် စစ်ကောင်စီတပ်၊ ကသဲ၊ SNA နှင့် နာဂပြည်သူစစ် စုစုပေါင်း အင်အား ၆၀၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။ ကျွန်းပင်သာကျေးရွာရှိ စစ်ကောင်စီစခန်းများကို…
-
ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ
ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ ရန်ကုန်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြော ဆိုသည်။ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ လိုက်လံကောက်ခံနေပြီး တော်လှန်ရေးနှင့် ပတ်သက် ဆက်နွယ်သူများကိုပါ တစ်ပါတည်း စိစစ် ဖမ်းဆီးရန် ရှိနေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပေါ်ကို ဒေသ…
-
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုများကို ထောက်ခံကူညီနေသော တရုတ်အစိုးရကို ကန့်ကွက် ရှုတ်ချသော လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)
ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုများကို ထောက်ခံကူညီနေသော တရုတ်အစိုးရကို ကန့်ကွက် ရှုတ်ချသော လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုများကို ထောက်ခံကူညီနေသော တရုတ်အစိုးရကို ကန့်ကွက် ရှုတ်ချသော လှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) နှင့် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တွင် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုများအား ထောက်ခံကူညီနေသော တရုတ်သမ္မတ ရှီကျင့်ဖျင် တို့၏ ရုပ်ပုံများ၊ “China…Stop Your Hypocrisy!…
-
သာပေါင်းအထိ AA နှင့် ပူးပေါင်းတပ်များရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေ
သာပေါင်းအထိ AA နှင့် ပူးပေါင်းတပ်များရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေ ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၉ ရက် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲသို့ အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များ ရောက်ရှိနေပြီ ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် AA ပူး ပေါင်းတပ်တို့သည် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ “သာပေါင်းအစပ်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က စစ်ကူတွေပို့ပေမယ့် ဖြတ်တောက် ထားနိုင်တဲ့အခြေအနေပါ။ ရိက္ခာပို့တဲ့ မြို့နယ်ရဲမှူးကိုလည်း စနိုက်ဘာနဲ့ရှော့(ပစ်) ထားနိုင်တဲ့အပေါ်မှာ ဖိအားပေးပြီး လွှတ်နေရတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို…