စစ်တပ်က ပဌာန်းတော်ကို မိုင်းများ ၊ဗုံးများကျည်ဆံများတွင်ကပ်၍ AA ကိုရင်ဆိုင်ရန်ကြိုးပမ်းခဲ့
ကဖေး/People’s Spring
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိမြို့နယ်များ မှစစ်တပ်စခန်းများပတ်ဝန်းကျင်ကို AA က မိုင်းရှင်းလင်းစဉ် ဘုရားစာများကပ်ထားသည့် မိုင်းများ၊ ဗုံးများ၊ လက်နက်
ကြီးကျည်ဆန်များကို တူးဖော်တွေ့ရှိခဲ့သည်။
၂၄ ပစ္စည်း ပဌာန်းတော် များ ရေးထားသော စာများ ကပ်ထားသည့် ဗုံးများ၊ မိုင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံတစ်ဦးကပြောသည်။
“တပ်တော်က မိုင်းတွေရှင်းရင်းနဲ့တွေ့တာဗျာ။ တော်တော်များတယ်။ အမ်းအပြင် တခြားမြို့နယ်တွေမှာလည်း အဲဒီလိုတွေတွေ့တယ်လို့ကြားရတယ်”ဟု အဆိုပါဒေသခံကပြောသည်။
မိုင်းများ၊ ဗုံးများအပြင် လက်နက်ကြီးကျည်များတွင်လည်း၂၄ပစ္စည်းပဌာန်းစာများ ကပ်ထားသည်ကို တွေ့ရပြီး ယတြာချေခြင်းဖြစ်နိုင်ကြောင်း မြောက်ဦးမြို့မှဒေသခံတဦးကပြောသည်။
“အထူးသဖြင့် ဘုရားကျောင်းကန်နားပတ်ဝန်းကျင်တွေမှာအများဆုံးတွေ့ရတယ်။ ဒီလူတွေက ဘာ
သာရေးအယူလွဲနေတာဖြစ်မယ်။ သူတို့ကို စစ်တပ်က အဲ့လိုသင်ထားတာကို အဟုတ်ထင်နေတာ”ဟု ၎င်း ပြောသည်။
စစ်တပ်ထောင်ခဲ့သည့် မိုင်းများ ၊ ဗုံးများ ၊လက်နက်ကြီးကျည်များတွင် အများဆုံးရေးထားသည် “အတ္ထိပစ္စယော၊နတ္ထိပပစ္စယော”မှာ ဗုဒ္ဓဘာ
သာတွင် ၂၄ပစ္စည်းပဌာန်းပါ အချက်၂၄ချက်အနက်နှစ်ချက်ဖြစ်သည်။ ဗုဒ္ဓစာပေတစ်ခုတွင် ” အတ္တိပစ္စည်းသည် ရှိသည့်အရာက ကျေးဇူးပြုသည့် ပစ္စည်း ဖြစ်သည်။ နတ္ထိပစ္စည်းသည် မရှိသည့်အရာက ကျေးဇူးပြုသည့် ပစ္စည်း ဖြစ်သည်။ ထို့ကြောင့် ဤ ပစ္စည်း ၂- မျိုးကို နားလည်လျှင် ဘဝသည် ကျေနပ်စရာ”ဟု ရေးသားထားသည်ကိုတွေ့ရသည်။
စစ်လက်နက်ပစ္စည်းများ၌ ၂၄ပစ္စည်းပဌာန်းစာ
သားများကပ်၍ မြေမြှုပ်ထားသည်ကို AAသိမ်းယူထားသောမြို့နေတိုင်းတွင် တွေ့ရသောကြောင့် တိုင်းစစ်ဌာနချုပ်၏ အမိန့်ဖြင့် တပြည်နယ်လုံးအတိုင်းအတာအားဖြင့်လုပ်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်းပြော
သည်။
၂၄ ပစ္စည်းပဌာန်းတော်မှာ ဗုဒ္ဓဘာသာဝင်များကအန္တရာယ်ကင်းရန် ရွတ်ဖတ်သရဇယ်ကြခြင်းဖြစ်ပြီး စစ်တပ်က လူသတ်ရန် ထိုပဌာန်းတော်အ
သုံးပြုခြင်းအပေါ် ပြည်သူများက အံအားသင့်
နေကြသည်။
ရခိုင်ပြည်နယ်၏တိုင်းစစ်ဌာနချုပ်ဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ၂၀၂၄
ခုနှစ်ဒီဇင်ဘာလ၂၀ရက်တွင် AAက သိမ်းယူခဲ့ပြီးဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။ စစ်သုံပန်းရာနှင့်ချီ၍လည်းဖမ်းဆီးခဲ့ပြီးတိုက်ပွဲအတွင်း လက်နက်ချစဉ် အလွန်ကြောက်ရွံ့နေသည့်ပုံစံများကို မြင်တွေ့ခဲ့ရသည်။
“အလံဖြူမရှိတော့ ရေခဲပုံးအဖြူအဖုံးကြီးမပြီး
အ လင်းဝင်လာတာလေ။ သူတို့အရမ်းကြောက်ကြတာ။ အခု ယတြာချေတာကလည်း အကြောက်တရားကြောင့်ပဲ”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ ပထမလှိုင်း တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ရှုံးပြီး မြို့များဆက်တိုက်လက်
လွတ်ခဲ့စဥ်ကလည်း စစ်တပ်က မျောက်သုံးကောင်းပုံသုံး၍ ယတြာချေခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရော ၊ရခိုင်ပြည်နယ်တွင်ပါယတြာချေခဲ့သော်လည်း စစ်တပ်ပင် စစ်ရှုံးခဲ့သည်။
AA၏ စစ်ရေးစွမ်းရည်ကို ထိတ်လန့်နေသည့် စစ်ကောင်စီသည် ဧရာဝတီတိုင်း၌လည်း ဌာနဆိုင်ရာများစုပေါင်း၍ ဘုရားစေတီများ၌ ပဌာန်းရွတ်ကြရန် ညွှန်ကြားခဲ့ဖူးသလို ယခုရက်ပိုင်းတွင်လည်း အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရပ်ကွက်အလိုက်ရွတ်ရန် ညွှန်ကြားနေသည်ဟု ဌာနဆိုင်ရာဝန်ထမ်းအချို့ကပြောသည်။
ရခိုင်ပြည်နယ်တွင် AA သိမ်းယူခြင်းမရှိသေးသည့် မာန်အောင်မြို့၌လည်း ယခုရက်ပိုင်း စစ်ကောင်စီက ဘုရားတည်နေသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
AAသည် ရခိုင်ပြည်နယ်တွင် ကျောက်တော်၊မာန်အောင်၊ စစ်တွေမြို့တို့မှအပ ကျန်မြို့များအားလုံးကို တိုက်ခိုက်သိမ်းယူထားသည်။
သိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီက စွန့်လွှတ်မိုင်းများထောင်
ထားခဲ့ပြီးအရပ်သားပြည်သူများ မိုင်းနင်းမိခြင်းကြောင့် အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။
ယခုအခါ အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အ
တွင်းအုပ်ချုပ်ရေးယန္တရားတည်ဆောက်နေသည်။အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်
သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စ
ခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်
စီ (ယာယီ)စခန်းချခဲ့ရာနေရာများတွင်မိုင်းအန္တ
ရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေ
ထိုင်ကြရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် AAက သတိပေးခဲ့သည်။
(စစ်တပ်က မိုင်းများ ၊ဗုံးများ ၊ကျည်ဆံများတွင်
ပဌာန်းတော်ပါစာများ ကပ်ထားသည်ကိုတွေ့ရှိရ
စဥ်။ဓါတ်ပုံ-APM)