-
စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ
စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများနှင့် ပုဂ္ဂလိကတဦးချင်း၏ပြောဆိုမှု ပုံကြီးချဲ့ခြင်းဟု စစ်မှုထမ်း ဗဟိုအဖွဲ့ စွပ်စွဲ 001 မဇ္ဈိမ။ ။စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ ထောက်ပြပြောဆို မှုများရှိပြီး အများစုသည် စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဉက္ကဋ္ဌဗိုလ်ချုပ်ကြီးမောင်မောင်အေးက စွပ်စွဲ ပြောဆိုသည်။ စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့် ၏အားနည်းချက်များကို အများစုက သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပုံကြီးချဲ့ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ကကျင်းပသည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း ဝေးတွင် ၎င်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း အင်အားပြုန်းတီးနေသည့် စစ်ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှု ထမ်းဉပဒေကိုအသက်သွင်းခဲ့ရာ ထိုဉပဒေကိုအကြောင်းပြပြီး ပြည်သူများအပေါ် ငွေတောင်းခံမှုများ၊ ပေါ်တာဆွဲသည့်အတွက်…
-
တရုတ်က မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော
တရုတ်က မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်မျက်နှာကို ကြည့်သလို ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော အီယိုရီ/People’s Spring အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီက အဖြေမဟုတ်သည်ကို ယခုထက် ပို၍ သဘောပေါက်ရန် လိုအပ်ပြီး ကျားဖြန့်ကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာဇဝတ်မှုများသည် စစ်အာဏာသိမ်းမှုအောက်တွင် ပိုမိုကြီးထွားလာကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ယင်းကိစ္စရပ်များသည် ပြည်တွင်းရေး ကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့်အနေအထားမျိုးဖြစ်သည်ဟု ဆက်ပြောသည်။ “မြန်မာပြည်သူလူထုမျက်နှာထက် နေပြည််တော်ရဲ့ မျက်နှာကို ကြည့်နေသလို ဖြစ်နေတယ်လို့ ကျွန်မ ပွင့်ပွင့်လင်းလင်းဖြေကြားချင်ပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ယနေ့(ဇန်နဝါရီ ၂၉ရက်)ကျင်းပသော NUG…
-
မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး
မြ၀တီရှိ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက် ထောက် ဝန်ကြီးက ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ BGF နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ရွှေက္ကိုလ် ကျားဖြန့် လောင်းကစား မြို့ကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးကြောင်း ထိုင်း The Reporter က သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ရန်…
-
သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ
သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် စခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံး၊ AA က သာပေါင်းမြို့ နယ်အတွင်းအထိ ရောက်ရှိလာ ရန်ကုန်၊ ဇန်နဝါရီ ၂၉ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူ စစ်တပ်စခန်းသို့ ရိက္ခာသွားပို့သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း သာပေါင်းမြို့နယ်ရဲစခန်းမှ ရဲအသိုင်းအ၀ိုင်းက ပြော ဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ သာပေါင်းမြို့နယ်၊ မြို့မရဲစခန်းမှူးသည် သစ်ဖြူကျေး ရွာအုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန်သွားရော်ကစဉ် စနိုက်ပါဖြင့် ပစ် ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ သာပေါင်းမြို့နယ်အတွင်းတွင် AA တပ်တချို့ ရောက်ရှိနေပြီး AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊…
-
ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်
ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၈ ရက် ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။…
-
သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး
သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး AA စနိုက်ဘာကျည်ထိမှန်သေဆုံး ကဖေး/People’s Spring ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၂၈ ရက်နေ့ )ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)၏ စနိုက်ဘာကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာ၌ တိုက်ပွဲဖြစ် ပွားခြင်းဖြစ်ပြီး ဒုရဲမှူးဝင်းနိုင်ဦးသေဆုံးကြောင်း ဧရာဝတီတိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတဦးက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။ “စနိုက်ဘာ ထိတာတဲ့ဗျ။ သူ့တပည့် နယ်ထိန်းက ထွက်ပြေးလာတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။ ကျားခေါင်းရွာသည် ဇန်နဝါရီလ ၁၆ ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာနှင့် ဆက်စပ်တည်ရှိသည်။ ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။ ဒုရဲမှူးဝင်းနိုင်ဦးသည် စစ်ကောင်စီထောက်ခံသည့် သဘောထားတင်းမာသူအဖြစ်လူသိများသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်ကရွှေသောင်ယံမြို့၊ မကျီးစင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ထွက် ပြေးရာ စစ်ကောင်စီကပြန်လည်ဖမ်းမိပြီးနောက်…
-
NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIAတပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIAတပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ တွေ့ဆုံသည့် နေ့ရက်နှင့်နေရာဒေသ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း အတော်လှန်ရေး ကာလအတွင်းလုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)က ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။ အနာဂတ်ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေး…
-
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး
အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော ◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး ဒီးဒီ၊သတိုး/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ဇန်နဝါရီ ၂၇ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောကြားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ဇန်နဝါရီ ၂၈ရက်တွင် ပြောသည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းအား ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။ ”…
-
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ
မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ ရန်ကုန်၊ ဇန်နဝါရီ ၂၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထား သွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်…
-
ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူနေ
ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူနေ ~~~ ■ ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စာရင်းကို စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ ကောက်ယူတာဖြစ်ပြီး ခရီးဝေးသွားမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို အကြောင်းကြားပေးဖို့လည်း တစ်ပါတည်း အသိပေးတာတွေရှိတယ်လို့ ပြောပါတယ်။ စာရင်းကောက်ယူတဲ့အထဲမှာ အသက် ၂၀ အရွယ် သမီးဖြစ်သူ ပါသွားတာကြောင့် စိတ်သောက ရောက်နေရတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ယောက်က RFA ကို…