-
စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေး တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး
စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေး တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဟု NUG ယာယီသမ္မတ သတိပေး ရန်ကုန်၊ မတ် ၂၆ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေသည့် စစ်အာဏာရှင်စနစ်တစ်ခုလုံး ချေမှုန်း သုတ်သင်နိုင်ရေးမှာ တော်ရုံဇွဲသတ္တိ၊ တော်ရုံအားထုတ်မှုဖြင့် မရနိုင်ဘဲ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်ရမည်ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုသည်။ ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၉/၂၀၂၅ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။ တော်လှန်ရေးရဲဘော်များအနေဖြင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန်မှာ စိတ်နှင့်ခန္ဓာ မာကြောနေရမည်ဖြစ်ပြီး အပင်ပန်းခံ၊ အဆင်းရဲခံရဲရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ကျနော် တို့ဟာ အပင်ပန်းခံရဲရမယ်၊…
-
စသုံးလုံးအရာရှိများပါသောကားကို ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်PDFများတိုက်ခိုက် ■နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရဟုPDFပြော
စသုံးလုံးအရာရှိများပါသောကားကို ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်PDFများတိုက်ခိုက် ■နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရဟုPDFပြော မတ်-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)အရာရှိ အပါအဝင် ရဲသုံးဦးကို ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ် ၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၇၈၀၅) တပ်ခွဲ (၄ )က ယနေ့ ထုတ်ပြန်သည်။ ကျိုက်ထိုမြို့နယ် ၊ ကြာဖြူကျေးရွာထိပ်-ခမိတ်အစိုးရ ရာဘာခြံအနီး တွင် ကျိုက်ထိုမြို့နယ် စုံ စမ်းစစ်ဆေးရေးဦးစီးဌာန( စစစ)မှစုံမှုးအပါဝင် ၃ ဦးအားမတ်လ ၂၃ ရက်ညနေပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။ စုံစမ်းစစ်ဆေးရေးမှူးသူရစိုးမှာဒဏ်ရာရရှိခဲ့ပြီး ၊ ဒုစုံစမ်းစစ်ဆေးရေးမှူးမင်းသူ နှင့် လက်ထောက် စုံမှူးမျိုးသန့် တို့မှာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဖော်ပြသည်။ PDF တပ်ရင်း-၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UGနှင့် ကျိုက် ထို ပကဖ မှပူးပေါင်းအဖွဲ့မှရဲဘော်များအထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ “ကျနော်တို့တွေအခက်ခဲပေါင်းများစွာ…
-
ထိုင်း-မြန်မာနယ်စပ်တွင် ၂၆ နှစ်ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ
ထိုင်း-မြန်မာနယ်စပ်တွင် ၂၆ နှစ်ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ ရန်ကုန်၊မတ် ၂၆ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ လှိုင်းဘွဲ့မြို့နယ်တွင် ၂၆ နှစ်ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်ကောင်စီစခန်းကို K.N.L.A တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှစတင်ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် ၂ စင်းဖြင့်…
-
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကားတိုက်မှုဖြစ်ပွား ထိခိုက်သူအချို့ စိုးရိမ်ရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကားတိုက်မှုဖြစ်ပွား ထိခိုက်သူအချို့ စိုးရိမ်ရ (DBA) မတ်လ – ၂၆ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၅မိုင်အကျော်တွင် ယာဉ်မတော်တဆမှု မတ်လ ၂၅ရက်နေ့ မနက်၄နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစားဖြူနက်ကြားရောင် Express ခရီးသည်ယာဉ်မှာ ယာဘက်နောက်ဘီးပွင့်ထွက်သွားတဲ့အတွက် နောက်အပေါ်အောက်စုံမီးနှင့် ယာဉ်နောက် ပေ(၃၀)ခန့်အကွာတွင် အတားအဆီးများချ၍ရပ်တန့်ထားစဉ် အိမ်စီးကားကနောက်မှ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ကူညီရေးတွင်ပါဝင်သူတစ်ဦးက ပြောပါတယ်။ “Toyota Hilux Revo အမျိုးစားယာဉ်ကနောက်ကနေဝင်တိုက်တာ။ယာဉ်မောင်းအိပ်ငိုက်ပြီးအရှိန်မထိန်း နိုင်ဘဲနောက်ကတိုက်တာ။Expressယာဉ်မောင်းနဲ့ကားပေါ်ပါသူတွေကတော့ထိခိုက်ဒဏ်ရာမရဘူး။ဝင်တိုက်တဲ့ကားကလူ၄ယောက်ပဲထိသွားတာပါ” လို့ သူကပြောပါတယ်။ Toyota Hilux Revo ယာဉ်ပေါ်ပါ ကျား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မြို့ချောင်းတိုင်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီးပေးခဲ့ထားတယ်လို့ သိရပါတယ်။ အလားတူ ယနေ့မတ်လ၂၆.ရက်နေ့ မနက်၃နာရီကျော်အချိန်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆၀)ကျော်…
-
လေးမျက်နှာမြို့အနီးသို့ AA ၏ ထိုးစစ် ရောက်ရှိလာပြီး စစ်တပ်က ငဝန်တံတားအဆင်း ရွှေသစ်စုရွာတွင် ခံစစ်ပြင်ဆင်နေကာ ပြည်သူများကို ထမင်းနှင့် ဟင်းများ ခြိမ်းခြောက် ချက်ခိုင်း၍ ပို့ဆောင်ခိုင်းနေ
လေးမျက်နှာမြို့အနီးသို့ AA ၏ ထိုးစစ် ရောက်ရှိလာပြီး စစ်တပ်က ငဝန်တံတားအဆင်း ရွှေသစ်စုရွာတွင် ခံစစ်ပြင်ဆင်နေကာ ပြည်သူများကို ထမင်းနှင့် ဟင်းများ ခြိမ်းခြောက် ချက်ခိုင်း၍ ပို့ဆောင်ခိုင်းနေ ရန်ကုန်။ မတ် ၂၆ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့အနီးသို့ AA ၏ ထိုးစစ်က ရောက်ရှိလာပြီး အကြမ်းဖက် စစ်တပ်က ငဝန်တံတားအဆင်း ရွှေသစ်စုရွာတွင် ခံစစ်ပြင်ဆင်နေကာ ကျေးရွာပြည်သူများကို ထမင်းနှင့် ဟင်းများကို စစ်တပ်က အတင်းအကျပ်ချက်၍ ပို့ဆောင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ကာ လေးမျက်နှာမြို့နယ်တွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲများ စတင်ပြင်းထန်လာပြီး လက်ရှိအချိန် လေးမျက်နှာမြို့ အနီးအထိ AA ၏ ထိုးစစ်များ…
-
နွေရာသီ လျှပ်စစ်မီးပြတ်ချိန် ထပ်တိုးမြှင့်သဖြင့် ရန်ကုန်မြို့ခံများ အခက်ပို
ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်အတွင်းက မြို့နယ်အားလုံးမှာ စစ်ကောင်စီက လျှပ်စစ်မီးပြတ်ချိန် ထပ်တိုးမြှင့်လိုက်တာကြောင့် အဘက်ဘက်က ထိခိုက်မှုတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 🚨 ရန်ကုန်မှာ မီးပျက်ချိန်နည်းလို့ မြို့ခံတွေ အကျပ်အတည်းဖြစ်နေချိန်မှာပဲ အခုလိုပူပြင်းတဲ့ မတ်လမှာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှာ မတ်လ ၂၄ ရက်နေ့ကစတင်ပြီး ၄နာရီ မီးပေး ၊ ၈ နာရီ မီးပျက် စနစ်နဲ့ အလှည့်ကျလျှပ်စစ်မီးပေးသွား မယ်လို့ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွေက အသိပေးကြေညာလိုက်တာပါ။ 🚨 ဒါပေမယ့်လည်း တချို့မြို့နယ်တွေမှာတော့ အလှည့်ကျမီး လာရမယ့်အချိန်မှာတောင် မီးပျက်နေတာ ကြောင့် လူမှုဘဝတွေမှာ ထိခိုက်မှုတွေရှိလာနေတယ်လို့ ဆိုပါတယ်။ 👇 စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံတဝန်းက မြို့နယ်အများစုမှာ လျှပ်စစ်မီးရချိန် အရင်ကထက် ပိုနည်းလာလို့…
-
စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဟု မင်းအောင်လှိုင် ပြော
စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဟု မင်းအောင်လှိုင် ပြော ရန်ကုန်၊ မတ် ၂၆ အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထ ပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထား…
-
လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ ■ထွက်ပြေးလာသောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့ပေးရ
လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ ■ထွက်ပြေးလာသောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့ပေးရ မတ်-၂၅၊၂၀၂၅။အညာသား/People’s Spring ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက် ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေရပြီး ဒဏ်ရာရထားသည့် အရပ်ဝတ်စစ်သားများကို ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ကွင်းကောက်မြို့ရှိ စစ်လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပေးလိုက်ရသည်။ မတ်လ ၂၄ရက်ညနေက အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထားသောစစ်သား ၁၅ဦးသည် ကွင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်သည်။ ပုသိမ်-မုံရွာလမ်းအနီး၌ ကင်းစောင့်နေသောရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်မည့်အနေအထားပင်ဖြစ်ခဲ့ကြောင်း လေးမျက်နှာမြို့ဒေသခံတစ်ဦးကပြောသည်။ “ရဲတွေကသေနတ်နဲ့ချိန်တော့ စစ်တပ်ကကောင်တွေကပြန်ဆဲပြီးသူတို့က ဘယ်တပ်ရင်းကပါဆိုပြီးပြောတာ။ ဆုတ်လာတာ လမ်းမှားနေလို့ပါပေါ့။ ရဲတွေက ခဏခေါ်ထားပြီး လေ့ကျင့်ရေး(၅)ထဲ လိုက်ပို့လိုက်တယ်”ဟု ယင်းမြို့ခံကပြောသည်။ ကွင်းကောက်မြို့တွင်အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိပြီးဧရာဝတီတိုက်ပွဲကိုယင်းနေရာမှနေ၍စစ်ကောင်စီကအင်အားဖြည့်တင်းနေသည်။ ထွက်ပြေးလာသောစစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၅၃၄)မှဖြစ်ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကရေကြည်မြို့နယ်သို့ ပို့ ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော လေးမျက်နှာမြို့နယ်မှတိုက်ပွဲကို မတ်လ ၁၆ရက်တွင်စတင်တိုက်ခိုက်ခဲ့ရပြီးဆုတ် ခွာထွက်ပြေးလာခြင်းဖြစ်သည်။…
-
စစ်ကောင်စီခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ရရှိ
စစ်ကောင်စီခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှသိမ်းပိုက်ရရှိ Salween Press မတ်လ ၂၅ရက်၊၂၀၂၅။ KNUတပ်မဟာ၇ နယ်မြေရှိ ခလယ်ဒေးအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၂၅ ရက်နေ့နေ့လယ်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နီးစပ်သူထံမှသိရှိရသည်။ “ခလယ်ဒေးစခန်းတော့ကျပြီး။ နေ့လယ်လောက်မှာရတယ်ပြောလာတယ်။ သူတို (စစ်ကောင်စီတပ်ဖွဲ့များ) ထွက်ပြေးကြတယ်” လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။ တပ်မဟာ ၇ မှ ခလယ်ဒေးစစ်ကောင်စီတပ်သည် KNLA မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး မတ်လ၂၁ရက်နေ့မှ ယနေ့မတ်လတ် ၂၅ ရက်နေ့မနက်အထိ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းဖြင့်နေ့စဉ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ယနေ့တွင်သိမ်းပိုက်ရရှိခဲ့ တာြဖစ်သည်။ စစ်ကောင်စီ၏ခလယ်ဒေးတပ်စခန်းအားဝင်ရောက်တိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်ကလည်း လေယာဉ်ပစ်ကူမှုများအပြင် ဒရုန်းများဖြင့်အသုံးပြုတိုက်ခိုက်မှုများနှင့် ကင်းထောက်မှုများလုပ်ဆောင် ခဲ့ပါသည်။ တိုက်ပွဲပြင်းထန်သည့်ရက်တွင်မှာ ခလယ်ဒေးဒေသခံတချို့ကလည်း ဘေးလွတ်ရာထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ ပုံဟောင်းများ – KNLA…
-
ထိုင်းအစိုးရက မင်းအောင်လှိုင်ကို BIMSTEC ညီလာခံတက်ရန် ဖိတ်ကြားသည်ဆိုသည့်အပေါ် အရပ်ဘက်အဖွဲ့များ အပြင်းအထန်ရှုတ်ချ
ထိုင်းအစိုးရက မင်းအောင်လှိုင်ကို BIMSTEC ညီလာခံတက်ရန် ဖိတ်ကြားသည်ဆိုသည့်အပေါ် အရပ်ဘက်အဖွဲ့များ အပြင်းအထန်ရှုတ်ချ ရန်ကုန်၊ မတ် ၂၅ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက်(BIMSTEC) ညီလာခံ တက်ရောက်ရန် ထိုင်းအစိုးရက ဖိတ်ကြားသည်ဆိုသည့်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ယနေ့ထုတ်ပြန်ကြေညာခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် ဧပြီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကျင်းပမည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း Thai PBS သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖော်ပြခဲ့သည်။ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့်သီရိလင်္ကာနိုင်ငံတို့ ပါဝင်သော အဆိုပါ ဘင်းမ်စတက် (BIMSTEC) အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်…