ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကားတိုက်မှုဖြစ်ပွား ထိခိုက်သူအချို့ စိုးရိမ်ရ
(DBA) မတ်လ – ၂၆
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၅မိုင်အကျော်တွင် ယာဉ်မတော်တဆမှု မတ်လ ၂၅ရက်နေ့ မနက်၄နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးစားဖြူနက်ကြားရောင် Express ခရီးသည်ယာဉ်မှာ ယာဘက်နောက်ဘီးပွင့်ထွက်သွားတဲ့အတွက် နောက်အပေါ်အောက်စုံမီးနှင့် ယာဉ်နောက် ပေ(၃၀)ခန့်အကွာတွင် အတားအဆီးများချ၍ရပ်တန့်ထားစဉ် အိမ်စီးကားကနောက်မှ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ကူညီရေးတွင်ပါဝင်သူတစ်ဦးက ပြောပါတယ်။
“Toyota Hilux Revo အမျိုးစားယာဉ်ကနောက်ကနေဝင်တိုက်တာ။ယာဉ်မောင်းအိပ်ငိုက်ပြီးအရှိန်မထိန်း နိုင်ဘဲနောက်ကတိုက်တာ။Expressယာဉ်မောင်းနဲ့ကားပေါ်ပါသူတွေကတော့ထိခိုက်ဒဏ်ရာမရဘူး။ဝင်တိုက်တဲ့ကားကလူ၄ယောက်ပဲထိသွားတာပါ” လို့ သူကပြောပါတယ်။
Toyota Hilux Revo ယာဉ်ပေါ်ပါ ကျား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မြို့ချောင်းတိုင်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီးပေးခဲ့ထားတယ်လို့ သိရပါတယ်။
အလားတူ ယနေ့မတ်လ၂၆.ရက်နေ့ မနက်၃နာရီကျော်အချိန်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆၀)ကျော် တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူညပ်နေတဲ့အတွက် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းနဲ့ ဉသျှစ်ကုန်း အမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် PK Express ယာဉ်ပေါ်ပါ ကျား(၃)ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ (၆)ဘီးကုန်ကား ယာဉ်ပေါ်ပါ ကျား(၁)ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကို စေတနာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ် ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။