လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ ■ထွက်ပြေးလာ​သောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့​ပေးရ

by

in

လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ
■ထွက်ပြေးလာ​သောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့​ပေးရ
မတ်-၂၅၊၂၀၂၅။အညာသား/People’s Spring
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက်
ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေရပြီး ဒဏ်ရာရထားသည့် အရပ်ဝတ်စစ်သားများကို ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ကွင်းကောက်မြို့ရှိ စစ်လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပေးလိုက်ရသည်။
မတ်လ ၂၄ရက်ညနေက အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထား​သောစစ်သား ၁၅ဦးသည် ကွင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်သည်။ ပုသိမ်-မုံရွာလမ်းအနီး၌ ကင်းစောင့်နေသောရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်မည့်အနေအထားပင်ဖြစ်ခဲ့ကြောင်း လေးမျက်နှာမြို့ဒေသခံတစ်ဦးကပြောသည်။
“ရဲတွေကသေနတ်နဲ့ချိန်တော့ စစ်တပ်ကကောင်တွေကပြန်ဆဲပြီးသူတို့က ဘယ်တပ်ရင်းကပါဆိုပြီးပြောတာ။ ဆုတ်လာတာ လမ်းမှားနေလို့ပါပေါ့။ ရဲတွေက ခဏခေါ်ထားပြီး လေ့ကျင့်ရေး(၅)ထဲ လိုက်ပို့လိုက်တယ်”ဟု ယင်းမြို့ခံကပြောသည်။
ကွင်းကောက်မြို့တွင်အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိပြီးဧရာဝတီတိုက်ပွဲကိုယင်းနေရာမှနေ၍စစ်ကောင်စီကအင်အားဖြည့်တင်းနေသည်။
ထွက်ပြေးလာသောစစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၅၃၄)မှဖြစ်ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကရေကြည်မြို့နယ်သို့ ပို့
ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော လေးမျက်နှာမြို့နယ်မှတိုက်ပွဲကို မတ်လ ၁၆ရက်တွင်စတင်တိုက်ခိုက်ခဲ့ရပြီးဆုတ်
ခွာထွက်ပြေးလာခြင်းဖြစ်သည်။
“တိုက်ပွဲတွေမှာသေဆုံးတာတွေများတယ်။အများဆုံးသေတာက စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်သင်တန်းဆင်းတွေ။ ပြေးနေသူတွေများပြီး ဒီစစ် ကြောင်းကကံကောင်းလို့ ရဲနဲ့တွေ့သွားတာ။ AA တို့ PDF တို့နဲ့သာတွေရင် ငိုပြနေလောက်ပြီ” ဟုဧရာဝတီစစ်ရေးသတင်းရေးမှူးတစ်ဦးကပြော
သည်။
ဧရာဝတီတိုင်းမှစစ်တပ်ရင်းများသည်ရခိုင်ပြည်
နယ်နှင့် အညာဒေသမှတိုက်ပွဲများတွင်လည်း စစ်ကြောင်းတစ် ကြောင်းလုံးပျက်စီးသည့်အထိ တိုက်ခိုက်ခံရမှုများရှိခဲ့သည်။
ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလက အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဉ် စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁)အပြင် ရန်ကုန်၊ လှိုင်သာယာအခြေ
စိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ၁၂၀ ဦးကျော်သေဆုံးခဲ့သည်။ စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၃ခုနှစ်က ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။
၂၀၂၄ နှစ်ကုန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့ ခမရ(၅၃၄)မှ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက် ထွက်ပြေးမှုဖြစ်ခဲ့သည်။
ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေး
မျက်နှာမြို့နယ်ထိစပ်ဧရိယာများတွင်တိုက်ပွဲများဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။AAနှင့် ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်
စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့်
သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထွက်ပြေးနေသူများရှိသလို သေဆုံးမှုများလည်းရှိနေသည်။မတ်လ၁၉ရက်နေ့ကလည်း စစ်ကောင်စီအရာရှိ ရုပ်အလောင်းအချို့ကိုကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင်လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။
(မ​ကွေးတိုင်း ၊ငဖဲမြို့နယ်ရှိ နတ်​ရေကန်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို AA ကထိုးစစ်ဆင်တိုက်ခိုက်ရာ ကာကင်းစခန်းများမှစစ်သားများ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်ထွက်​ပြေးစဥ် CDF အရှိုက ဖမ်းဆီးနိုင်ခဲ့​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-CDFအရှို )