MYIA MM

    • Sample Page
Illustration of a bird flying.
  • ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း ပေးပို့ကြရန် စစ်ကောင်စီက အမြန်တောင်းခံပြန်

    ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော  အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း ပေးပို့ကြရန် စစ်ကောင်စီက အမြန်တောင်းခံပြန်

    ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း ပေးပို့ကြရန် စစ်ကောင်စီက အမြန်တောင်းခံပြန် ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း စစ်ကောင်စီက တောင်းခံလာကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်နှင့်မန္တလေးရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမားအရေအတွက်ကို ပထမဆုံးအကြိမ်…

    January 17, 2025
  • ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို ပိတ်ထား

    ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး  စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို  ပိတ်ထား

    ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို ပိတ်ထား ရန်ကုန်၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ် ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်၊ ၃၄၃ တပ်၊ ၅၈၇ တပ် အနီးရှိ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးတွင်ရေးဘီလူးတပ်ရင်းက လုံခြုံရေးအရ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် တပ်ကြပ်ကြီးအဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ တပ်များနှင့် နီးကပ်သည့် အမှတ် ၈…

    January 17, 2025
  • တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန်

    တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန်

    ရေးမြို့ရှိ စကခ(၁၉)လက်အောက်ခံတပ်များ စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများဖြစ် ■​စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု ဒေါနစစ်ကြောင်း ပြော ကျော်ဇော/People’s Spring မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် (၄)မိုင်အကွာရှိ ကျုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သုံးရက်ဆက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့​ပြီး စစ်ရေးတင်းမာနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။ စစ်ကောင်စီတပ်နှင့် ဒေါနစစ်ကြောင်းအပါအဝင် မွန်၊ ကရင်တော်လှန်ရေးတပ်များကြားဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲမှာ ဇန်နဝါရီ ၉ရက်မှ ၁၁ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့(ဇန်နဝါရီ ၁၆ ရက်)အထိ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု ဒေါကစစ်ကြောင်းက အသိပေးသည်။ အဆိုပါ နှစ်ဘက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၇၀ခန့် သေဆုံးပြီး ၃၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဘိုကလေးဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။…

    January 17, 2025
  • မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန်

    မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန်

    မြန်မာတွေကို ဗီဇာသက်တမ်းတိုးပေးမယ်လို့ တောင်ကိုရီးယားတရားရေးဌာန ထုတ်ပြန် ~~~ ■ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပတ်စပို့သက်တမ်းကုန်ဆုံးသူတွေကို ဗီဇာသက်တမ်းတိုးပေးသွားမယ်လို့ တောင်ကိုရီးယားအစိုးရ တရားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုင်ငံကူးလက်မှတ်ရဖို့နဲ့ သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။ “တောင်ကိုရီးယားနိုင်ငံရဲ့ တရားရေးဝန်ကြီးဌာန ထုတ်ပြန်ပြောဆိုချက်အရ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့သူတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံစိတ်ချစွာနေထိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်” တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတဲ့သူတွေကို ပတ်စ်ပို့ အမည်ပျက်စာရင်းသွင်းတာတွေ၊ တော်လှန်ရေးဇနီးမောင်နှံက မွေးဖွားလာတဲ့ ကလေးတွေကို မွေးစာရင်းမထုတ်ပေးတာတွေ လုပ်ခဲ့တဲ့အတွက် တောင်ကိုရီးယားရောက် မြန်မာပြည်သူတွေ…

    January 17, 2025
  • ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို တောင်းဆို

    ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို တောင်းဆို

    ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို တောင်းဆို ရန်ကုန်၊ ဇန်နဝါရီ ၁၇ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တရုတ်နိုင်ငံသားများ မကြာခဏဆိုသလို လူကုန်ကူးခံရမှုများ ပေါ် ပေါက်လာပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံနိုင်ငံများသို့ တောင်းဆိုလိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် တယ်လီကွန်းငွေလိမ်လည်မှုများ နှိမ်နင်းရန် ပြတ်သားပြင်းထန်သော စီမံချက်များဖြင့် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်နဝါရီ ၁၆ ရက်က တောင်းဆိုခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်လည်မှုများက တရုတ်နိုင်ငံသားများနှင့် အခြား နိုင်ငံသားများကို ခြိမ်းခြောက်နေသည့်အပြင် အန္တရာယ်ရှိနေကြောင်း…

    January 17, 2025
  • ပြင်ဦးလွင်မှာ လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံမပေါ်

    ပြင်ဦးလွင်မှာ လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံမပေါ်

    ပြင်ဦးလွင်မှာ လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံမပေါ် မေ/People’s Spring စစ်တပ်မြို့တော်လို့ပြောကြတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလအတွင်း လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံပေါ်တဲ့ အမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ စစ်တက္ကသိုလ်အပါအဝင် စစ်တပ်အများအပြားရှိတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလ ဇန်နဝါရီအတွင်းနေ့ခင်းကြောင်တောင်မှာ လုယက်မှုတွေ၊ဆိုင်ကယ်ခိုးယူမှုတွေ ဆက်တိုက်ဖြစ်​နေတာလို့မြို့ခံတွေက ပြောပါတယ်။ “ဆိုင်ကယ်လုတဲ့အဖွဲ့ဆို ၆ယောက်အဖွဲ့ဆိုပြီးတော့ကို နာမည်ကြီးနေတာ။ဒီမြို့ကျဥ်းကျဥ်းလေးကို ဘယ်စစ်သားမှ မဖမ်းနိုင်ဘူး။သူတို့မလုသွားတာတောင်ကျေးဇူးတင်နေအုံးမယ် “လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မနေ့ကနေ့လယ်ပိုင်းမှာလည်း လူစည်ကားရာပြင်ဦးလွင်ကန်ဘောင်မှာ အမျိုးသမီးတစ်ဦးပိုက်ဆံအိတ်နဲ့ဖုန်းကို လူငယ်အမျိုးသားနှစ်ဦးကလုယက်သွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အထက်တန်းကျောင်းသားတစ်ဦးကို လူ၆ဦးက ဝိုင်းရိုက်ကာ ဆိုင်ကယ်လုယူသွားသေးတယ်လို့မြို့ခံတွေက ပြောပါတယ်။ ဒီဇင်ဘာလကတည်းက ကျင်းပနေတဲ့ပန်းပွဲတော်ကို ယခုလအထိစစ်တပ်က ရက်တိုးမြှင့်ကျင်းပနေပြီး အဲဲဒီပွဲတော်အတွက် လုံခြုံရေးတွေချထားချိန်မှာပါ လုယက်မှုတွေ ဆက်တိုက် ဖြစ်နေတာလို့မြို့ခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ…

    January 16, 2025
  • အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၅ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

    အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၅ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

    အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၅ နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်း တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ကြက်ရေစမ်းရွာစခန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး…

    January 16, 2025
  • ■ ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်

    ■ ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်

    ■ ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင် Western News| ဇန်နဝါရီ ၁၆ အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြေညာပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါသေဆုံးခဲ့သလို ၆၀ ဦးနီးပါးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။ ယင်းအပြင် အာရက္ခတပ်တော် AA ၏ နယ်မြေခံ ထိပ်ပိုင်းခေါင်းအချို့လည်း ဗုံးဒဏ်ကြောင်း သေဆုံးသွားသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း Western News…

    January 16, 2025
  • တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်

    တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်

    တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၆ ရက် စစ်ကိုင်းတိုင်း၊ တမူးမြို့သိမ်းတိုက်ပွဲ သတင်းများ ထွက်ပေါ်လာ၍ ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရှိရသည်။ တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွဲတော့မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက မြို့အပြင်တွင် စာများကပ်ခြင်း၊ ပြည်သူများကြား အချင်းချင်းပြောဆိုမှုများလာသည့်အတွက် ယခုကဲ့သို့ ကြိုတင်တိမ်းရှောင် နေကြခြင်းဖြစ်သည်။ “မြို့သိမ်းတိုက်ပွဲသတင်းက ဇန်နဝါရီ လဆန်းပိုင်းကတည်းက ကြားနေရတာပါ။ အရင်ရက်က မြို့အပြင်မှာ မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ သတိပေးစာကပ်ထားတာကြောင့် အခုရက်ပိုင်းထဲ သိသိသာသာ ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဒေသခံပြည်သူများသည် တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့နှင့် ကျေးရွာများ၊ ကလေးမြို့နယ် နှင့် မြန်မာ – အိန္ဒိယနယ်စပ်ရှိ…

    January 16, 2025
  • ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ

    ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ

    ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ ရန်ကုန်၊ ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။ “ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။…

    January 16, 2025
←Previous Page
1 … 179 180 181 182 183 … 201
Next Page→

MYIA MM

Proudly powered by WordPress