-
“လွတ်အောင်ပြေးကျ စစ်တပ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ် အဓိကနိုင်ငံကြီးပါ ပါလာပြီ”
“လွတ်အောင်ပြေးကျ စစ်တပ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ် အဓိကနိုင်ငံကြီးပါ ပါလာပြီ”3
-
အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်ခြင်းမှာ သေ တွင်း ပို့သည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထား ကူညီစောင့်ရှောက်ပေးရန် NUG က မေတ္တာရပ်ခံ
အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်ခြင်းမှာ သေ တွင်း ပို့သည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထား ကူညီစောင့်ရှောက်ပေးရန် NUG က မေတ္တာရပ်ခံ ရန်ကုန်၊ မတ် ၄ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံတွင်း တရားမဝင် နေထိုင်အလုပ်လုပ်မှုဖြင့် ဖမ်းဆီးရရှိထားသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်နေခြင်းမှာ သေ တွင်းသို့ ပို့ဆောင်နေသည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ မေတ္တာရပ်ခံ လိုက်သည်။ ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။ “အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်း ဖက်စစ်အုပ်စုလက်ကို ပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲ ပြန်ပို့တဲ့သဘောဆောင်နေတာမို့ မိမိတို့နိုင်ငံအလိုက်ထုတ်ပြန်ထားကြတဲ့…
-
NUG မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိနေချိန် MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာ ရှိနေ၊ ဖေဖော်ဝါရီအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့်ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
NUG မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိနေချိန် MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာ ရှိနေ၊ ဖေဖော်ဝါရီအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့်ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ရန်ကုန်၊ မတ် ၄ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိသကဲ့သို့ MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာရှိနေကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု (Chain of Command) အောက်မှ…
-
အသည်းရောင်အသားဝါ(အေ)ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ ကြိုတင်ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်
အသည်းရောင်အသားဝါ(အေ)ရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ ကြိုတင်ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန် အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေသလို ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ကြဖို့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားလေ့ပြီး အထူးသဖြင့် ကလေးငယ်တွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ ရောဂါကူစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေးတွေပါရှိနေတဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသောက်မိတာ၊ အသည်းရောင်အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနဲ့ အနီးကပ်ထိတွေ့တာ၊ ပြုစုတာတွေကနေ ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားတယ၊ မောပန်းနွမ်းနယ်တာ၊ အစားအသောက်ပျက်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာနဲ့ အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာတွေဖြစ်တယ်လို့ဆိုပါတယ်။ ပြင်းထန်စွာအသည်းရောင်ရင် ရုတ်တရက်အသည်းပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သလို အသည်းရောင်အသားဝါ(ဘီ) ဒါမှမဟုတ် (စီ)ရောဂါပိုးရှိသူတွေ၊ အိပ်ခ်ျအိုင်ဗီပိုးရှိသူတွေမှာ ရောဂါဖြစ်ပွားရင် ပိုမိုပြင်းထန်စွာခံစားရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို သတိပြုဖို့၊ အစားအစာတွေကို…
-
ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို
ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို ရန်ကုန်၊ မတ် ၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ စတင်သည့် ရုရှားခရီးစဉ် မတိုင်မီ နေပြည် တော် စစ်ရုံးတွင် ပြုလုပ်သော စစ်ဘက်ဆိုင်ရာ Joint of Command အစည်းအဝေးတွင် “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ လုံး၀ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ” တပ်မတော်ကို သစ္စာရှိဖို့၊ အထက်အရာရှိနဲ့ ခေါင်းဆောင်တွေ အပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ အဲဒါက အရေးကြီးဆုံးဖြစ်တယ်။…
-
ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး
ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး ရန်ကုန်၊ မတ် ၃ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန်အတွက် ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်ကောင်စီက ဆင့်ခေါ် ဖိအားပေးနေပြီဖြစ်ကြောင်း သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်မှ မိဘပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းနှင့်ယခု မတ်လဆန်းပိုင်းအတွင်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် မဖြစ်မနေ…
-
ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း
ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း ~~~ ■ ယောတပ်တော် (YA) အဖွဲ့ထံကို ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ပေါင်းစည်းလာကြောင်း YA က မတ်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ယောဒေသမှာ တပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးစားခဲ့ရာမှာ YPDF က ပူးပေါင်းလာတာလို့ ယောတပ်တော်ကာကွယ်ရေးဌာနမှူးက ပြောပါတယ်။ “ယောတပ်တော်ထဲကို လာရောက်ပူးပေါင်းတဲ့ပုံစံမျိုးပါ၊ ယောဒေသတစ်ခုလုံး လွှမ်းခြုံတဲ့အဖွဲ့အစည်းဖြစ်ဖို့ စကားပြောနေတာတော့ကြာပြီ၊ တဖြည်းဖြည်းချင်း ပြန်လိုက်စုနေရတဲ့ပုံစံမျိုးပါ” YPDF က ပူးပေါင်းလာတာဟာ ယောဒေသ ညီညွတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့အပြင် စစ်အာဏာရှင်ကို တိုက်ခိုက်ရာမှာ ပိုမိုထိရောက်တဲ့ အင်အားတစ်ခုဖြစ်လာကြောင်းလည်း YA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ယောတပ်တော်နဲ့ ပူးပေါင်းလာတယ်လို့…
-
စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ
စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ ရန်ကုန်၊ မတ် ၄ စစ်ကောင်စီက အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC-Oversea Workers Identity Card) ထုတ်ပေးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ထုတ်ပေးမှုများကို အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းခဲ့ရာ ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ…
-
ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်
ရွှေပြည်သာရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက် သတိုး/People’s Spring ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။ “မိုင်း ၂လုံးနဲ့ ပင်မဂိတ်အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ဂိတ်ကင်း အစောင့်တွေ ထိခိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို မတ်လ ၃ရက် ည ၇နာရီခွဲခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ OFအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။ Operation Flame (OF)အဖွဲ့အနေဖြင့် ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲ၍ စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။
-
BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား…
BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား… မတ် ၃၊ ၂၀၂၅ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။ စောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ရာမှာ ထိုင်းနိုင်ငံက ပြည်သူတွေနဲ့ နိုင်ငံတကာပြည်သူတွေကို လူကုန်ကူးတဲ့အကြောင်းအရင်းက အဓိက ဖြစ်တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဆိုပါတယ်။ DSI က ထိုင်းရှေ့နေချုပ်ရုံးကို တင်သွင်းထားတဲ့ အဲ့ဒီဖမ်းဝရမ်းဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ဆိုပါတယ်။…