-
မုံရွာမြို့ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံး၊ စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့် အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်းတွင် သဂြိုလ်
မုံရွာမြို့ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံး၊ စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့် အလုံတပ်မြို့ သရဏဂုံ သင်္ချိုင်းတွင် သဂြိုလ် ရန်ကုန်၊ ဇန်ဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၄ လုံး၊ ရော့ကတ် အလုံး ၃၀ ဖြင့် တိုက်ခိုက်မှု တိုင်းစစ်ဦးစီးချုပ်၏ PSO ဗိုလ်ကြီး ကောင်းခန့်ဇော် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သား အလောင်းများကို နမခ စစ်သင်္ချိုင်းနှင့်…
-
ပြည်မြို့တွင် တပ်မိသားစု၊ ရဲမိသားစုနှင့် ပျူစောထီးအဖွဲ့ ဝင်များကို စစ်သင်တန်းပေးနေ
ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၁၆ ရက် ပြည်မြို့၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တပ်မိသားစုဝင်များ၊ ရဲမိသားစုဝင်များနှင့် မြို့ပေါ်ရှိပျူစောထီးအဖွဲ့ဝင်များကို နဝင်းရဲရိပ်သာတွင် စစ်သင်တန်းပေးနေကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက တောင်ကုတ်-ပန်းတောင်း လမ်းရိုးမပေါ်ရှိ စစ်ကောင်စီ၏ စစ်စခန်းများကို ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ပြည်မြို့တွင်းရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များတွင် ခံစစ်အသင့်ပြင် ဆင်ထားပြီး တပ်မိသားဝင်များနှင့် ရဲမိသားစုဝင်များကိုပါ လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။ “ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးနေတဲ့ နဝင်းရဲရိပ်သာထဲမှာ တပ်မိသားစုဝင်တွေ၊ ရဲမိသားစုဝင်တွေနဲ့ ပျူစောထီး တွေကို စစ်သင်တန်းပေးနေတာ။ ရွှေတောင်ဘက်မှာရှိတဲ့ တပ်ရင်းတွေကိုလည်း ခံစစ် ပြင်ထားတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအချို့တွင် ပြီးခဲ့သည့် ဇန်နဝါရီပထမပတ် အတွင်းကစတင်၍ အရေးပေါ်…
-
ပြည်ခရိုင်အတွင်းတိုက်ပွဲရောက်ရှိလာ၊ ဉသျှစ်ပင်မှာ လူငယ်တွေကိုပေါ်တာဆွဲပြီး စစ်ကောင်စီခံစစ်ပြင်
ပြည်ခရိုင်အတွင်းတိုက်ပွဲရောက်ရှိလာ၊ ဉသျှစ်ပင်မှာ လူငယ်တွေကိုပေါ်တာဆွဲပြီး စစ်ကောင်စီခံစစ်ပြင် အဉ္စနလီညှင်း (လေး၀တီFM) ၁၅ ၊ဇန်န၀ါရီ ၊၂၀၂၅ စစ်ကောင်စီဟာ တောင်ကုတ်-ဉသျှစ်ပင် ရိုးမလမ်းပေါ်က လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ဂိတ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ဇန်နဝါရီလ ဒုတိယ အပတ်က စပြီး ဉသျှစ်ပင်မြို့နယ်က အိမ်စီးကားတွေ ၊ ကုန်တင်ကားတွေနဲ့ အတူ လူငယ်တွေကိုပါ ပေါ်တာဆွဲနေတယ်လို့ သတင်းရရှိပါတယ်။ ပဲခူးတိုင်း ပြည်ခရိုင် အတွင်းက ဉသျှစ်ပင် နဲ့ ပန်းတောင်းမြို့နယ် အစပ်တွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ ရဲ့ လက်နက်ကြီး လက်နက်ငယ်တွေ တင်ဆောင်ပြောင်းရွှေ့ဖို့ အခုလို ပေါ်တာဆွဲနေတာ ဖြစ်တယ်လို့ ဉသျှစ်ပင် ဒေသခံတစ်ဦးက ပြောပါတယ်။ ပန်းတောင်းမြိုနယ် မိုးထိ ၊ ကျွဲကြီး ၊ကျွဲလေး ကျေးရွာအနီးဝန်းကျင်နဲ့…
-
သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီ ပိိုက်စိပ်တိုက် စစ်ဆေး၊ လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံရ
သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီ ပိိုက်စိပ်တိုက် စစ်ဆေး၊ လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံရ ရဲခေါင်/People’s Spring ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ယမန်နေ့ည ၁နာရီခန့်ကစ၍ စစ်ကောင်စီအဖွဲ့သည် ရပ်ကွက်၏ အဝင်၊အထွက် လမ်းများကို ပိတ်ဆို့ကာ စစ်ကားငါးစီးဖြင့် တစ်တိုက်ဝင်၊ တစ်တိုက်ထွက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ “စံပြစျေးအောက်က ပြည့်တန်ဆာခေါင်းတွေပါတဲ့ ပျူစောထီးတွေနဲ့ စခ တွေအများစု ဝင်စစ်တာ။ရပ် ကွက်ရာအိမ်မှူး၊အုပ်ချုပ်ရေးမှူး မတွေ့ရဘူး။စစ်ကား ချည်းပဲ ငါးစီး။Faw ကားအကြီးတစ်စီးထဲမှာ ယောကျာ်း ၁၀ယောက်ကျော် ၁၆ ယောက် လောက်ပါသွားတာ”ဟု ဖြစ်စဥ်ကိုကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်များအနက်…
-
မန္တလေးတွင် ဇန်နဝါရီလ ၁၅ ရက်တာ ကာလ အတွင်း စစ်မှုထမ်းဥပဒေဖြင့် လူငယ် ၁၂၂ ဦးထက် မနည်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
မန္တလေးတွင် ဇန်နဝါရီလ ၁၅ ရက်တာ ကာလ အတွင်း စစ်မှုထမ်းဥပဒေဖြင့် လူငယ် ၁၂၂ ဦးထက် မနည်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်၊ ဇန်နဝါရီ ၁၇ မန္တလေးမြို့ပေါ် ၊ မြို့နယ် ၇ ခုအတွင်း စစ်တပ်က ဇန်နဝါရီလ ၁၅ ရက်တာကာ လအတွင်း လူငယ် ၁၂၂ ဦးထက် မနည်းကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မန္တလေး သပိတ်အင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာ ကာလအတွင်း အောင် မြေ သာဇံမြို့နယ်မှ ၁၉ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ ၁၅ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၇ ဦး၊…
-
မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ
မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ ရန်ကုန်၊ ဇန်နဝါရီ ၁၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။ “ ဇန်နဝါရီ ၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး…
-
ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး
ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး ဇန်နဝါရီ ၁၇၊ ၂၀၂၅ ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) က ဇန်နဝါရီ ၁၆ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) က ထုတ်ပြန်ကြေညာလိုက်တာပါ။ ပူတာအိုဒေသမှာ စစ်အာဏာရှင်အုပ်စုနဲ့ အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဝါဒဖြန့်နေတဲ့ အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်တွေကို စွန့်ပစ်ထားခဲ့မှုတွေကိုလည်း KPF က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ “မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို…
-
လူကုန်ကူးသတင်းကြီးချိန် မြဝတီနယ်စပ်အနီး ထိုင်းစစ်တပ် အင်အားတိုးကင်းလှည့်
လူကုန်ကူးသတင်းကြီးချိန် မြဝတီနယ်စပ်အနီး ထိုင်းစစ်တပ် အင်အားတိုးကင်းလှည့် ဧရာဝတီ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသအတွင်း တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေစဉ် ထိုင်းဘုရင့်တပ်မတော်အထူးတပ်ဖွဲ့က ဦးဆောင်ပြီး မြဝတီနှင့်နယ်နိမိတ်ထိစပ်နေသည့် မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖရ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့၌ ယနေ့ ကင်းလှည့်နေကြောင်း သိရသည်။ အဆိုပါလှုပ်ရှားမှုသည် မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကုန်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန်ဖြစ်ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်းလုပ် ဆောင်နေခြင်းဟု သိရသည်။ တရုတ်မင်းသား Xing Xing သည် ဇန်နဝါရီ ၃ ရက်၌ ထိုင်းနိုင်ငံသို့ ဇာတ်ကားရိုက်ကူးရန် လာရောက်စဉ် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြဝတီမြို့နယ်ဘက်ခြမ်းရှိ အွန်လိုင်းငွေလိမ်းဂိုဏ်(ကျားဖြန့်) တခုထံ လူကုန်ကူးခံခဲ့ရပြီး ဇန်နဝါရီ ၇…
-
ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း ပေးပို့ကြရန် စစ်ကောင်စီက အမြန်တောင်းခံပြန်
ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း ပေးပို့ကြရန် စစ်ကောင်စီက အမြန်တောင်းခံပြန် ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရန်ကုန်နှင့် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အလုပ်သမားများ စာရင်း စစ်ကောင်စီက တောင်းခံလာကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်နှင့်မန္တလေးရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမားအရေအတွက်ကို ပထမဆုံးအကြိမ်…
-
ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို ပိတ်ထား
ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို ပိတ်ထား ရန်ကုန်၊ ဇန်နဝါရီ ၁၇ မွန်ပြည်နယ် ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်၊ ၃၄၃ တပ်၊ ၅၈၇ တပ် အနီးရှိ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးတွင်ရေးဘီလူးတပ်ရင်းက လုံခြုံရေးအရ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် တပ်ကြပ်ကြီးအဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ တပ်များနှင့် နီးကပ်သည့် အမှတ် ၈…