-
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ် မတ် ၂၁၊ ၂၀၂၅။ မိထက်/People’s Spring ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄)နှင့် သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း (ခမရ-၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။ စစ်ကောင်စီက မတ်လ ၁၇ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။ “စစ်ဘေးရှောင်တွေက တစ်နိုင်တစ်ပိုင်သယ်ပြီး ထွက်လာကြရတာ။ ဟင်္သာတ၊ အထောင်၊ ယုန်သလင်း၊ ကွင်းကောက်မြို့အဝင်ဂိတ်တွေမှာ စစ်သားတွေနဲ့ရဲတွေက အသေအလဲစစ်ပြီး ပြန်လွှတ်နေတာ။ တချို့ဆို လမ်းဘေးတွေမှာထိုင်နေရတယ်။ ရခိုင်မှတ်ပုံတင်တွေကိုပိုစစ်တယ်”ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။ တိုက်ပွဲမှာ…
-
ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော
ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။ တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း (ခမရ-၄၁၅)သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါးသရောက် အရှေ့ဘက်ခြမ်းဒေသသို့ ဝင်လာသည့် စစ်ကြောင်းကို မတ်လ ၁၄ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံ၊ညောင်ဦးဒေသတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ “ငါ့သရောက်နယ်မြေထဲကို ဝင်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပေါ့။ စစ်ကြောင်းက နှစ်ကြောင်းဗျ။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၈၀ ခန့်မှန်းခြေလောက်ပါတာပေါ့။ အဲဒီ…
-
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်း တာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ(ရုပ်/သံ)
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်း တာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ(ရုပ်/သံ) ရန်ကုန်၊ မတ် ၂၁ ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် လမ်းပိုင်း၌ အထိုင်ချ တပ်ဆွဲထားသော ပြည်သူများကို ဖမ်းဆီး ငွေညှစ်နေသည့် စစ်ကွင်းတာဆုံ…
-
သာပေါင်း ကမွန်းချဉ်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများသယ်ကာ ခမရ ၃၀၈ အနီးတွင် ခံစစ်ပြင်နေရ
သာပေါင်း ကမွန်းချဉ်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများသယ်ကာ ခမရ ၃၀၈ အနီးတွင် ခံစစ်ပြင်နေရ ဧရာဝတီတိုင်းမ် မတ် ၂၀ ရက် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ သာပေါင်းလေးရွာနှင့် ကမွန်းချဉ်ကုန်းတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ ယမန်နေ့ မတ် ၁၉ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲပြင်း ထန်လာပြီးနောက် စစ်ကောင်စီက လက်နက်ကြီး နှစ်လက်ကို ကမွန်းချဉ်မှ သဲဖြူရွာကို ပြန်သယ်လာပြီး ခံစစ်ပြင်နေကြောင်း သိရသည်။ “တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးရင် ထိုးစစ်ပိုပြီး ပြင်းထန်လာမယ်ဆိုလို့ ခမရ ၃၀၈ နားက ရွာတွေအကုန်လုံး စိုးရိမ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရတယ်”ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် ရွာအနီးနားရှိ…
-
အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်
အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန် မတ် ၂၁၊ ၂၀၂၅ အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ တရုတ်နဲ့ ရုရှားကိုသာ အဓိက မိတ်ဖက်နိုင်ငံအဖြစ် အားကိုးအားထားပြုနေရတဲ့ စစ်ကောင်စီက သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုးချဲ့ရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီနေ့ မတ်လ၂၁ ရက်နေ့က နေပြည်တော်ရှိ MICC-1 မှာကျင်းပတဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားမှာထည့်သွင်းပြောကြားလိုက်တာပါ။ နိုင်ငံတကာဆက်ဆံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့ရှိရမှာ ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း…
-
စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ
စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ မတ် ၂၁၊ ၂၀၂၅ အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့ ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ ဥပဒေနဲ့အညီ မလုပ်ဆောင်တာကြောင့် နိစ္စဓူဝ ပြဿနာတွေ ဖြေရှင်းနေရပြီး အခက်အခဲတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၂၀ ရက်နေ့မှာ ကလောတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။ ပေါ်တာဆွဲခြင်း၊ စာရင်းမပါဝင်သူတွေကို ထည့်သွင်းခြင်း အစရှိတဲ့ ဥပဒေနဲ့အညီ မလုပ်ဆောင်မှုတွေရှိနေတာကြောင့် စစ်မှုထမ်းကိစ္စအတွက် ဖြေရှင်းနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံပြောကြားလိုက်ပါတယ်။ “ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတချို့ အခက်အခဲ…
-
အင်းတော်သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၅၄ လက် သိမ်းဆည်းရရှိ
အင်းတော်သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၅၄ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ မတ် ၂၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်သို့ စစ်ကူလာသော စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၅၄ လက် သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်သည်။ မတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်တွင် ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာသော…
-
ပုဇွန်တောင်တွင် ရဲမှူး မင်းဟန်က ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ ခြိမ်း ခြောက်တောင်း၊ မြစ်ကြီးနားတွင်လည်း ပြည်သူ ၁ ဦးထံမှ ရွှေ ၂ ကျပ်သား ရဲက လုယက်
ပုဇွန်တောင်တွင် ရဲမှူး မင်းဟန်က ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ ခြိမ်း ခြောက်တောင်း၊ မြစ်ကြီးနားတွင်လည်း ပြည်သူ ၁ ဦးထံမှ ရွှေ ၂ ကျပ်သား ရဲက လုယက် ရန်ကုန်၊ မတ် ၂၁ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးက ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ တောင်းခံခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဇီဇဝါလမ်းတွင် နေထိုင်သော ဦးမောင်မြင့် ကို…
-
ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ
ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ ရန်ကုန်၊ မတ် ၂၀ ချင်းပြည်နယ်၊ ဖလမ်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့တွင် ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်း၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟတို့…
-
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်ကြောင်းKNDFကြေညာ
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်ကြောင်းKNDFကြေညာ မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်နေ့ရက်စွဲဖြင့်ကြေညာသည်။ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ရှိနေ၍ စစ်ရေးအခြေအနေအရ အချိန် မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်ကြောင်းအသိပေးထာယသည်။ ထို့ကြောင့် မတ်လ ၂၀ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ယာဥ်ငယ်ဖြင့် ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီးလူထုလုံ ခြုံရေးအတွက် သတိပြုလိုက်နာရန်တိုက်တွန်းထားသည်။ လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မည့်အချိန် နှင့် နေ့ရက်ကိုပြန်လည်အသိပေးမည်ဖြစ်ပြီးသတိပေးကြေညာ ချက်ကို လိုက်နာမှုမရှိပါကဖြစ်ပေါ်လာမည့်ကိစ္စများ ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်သည်။ “ဆီဆိုင်မြို့ကိုစကစဘက်ကခုရက်ပိုင်းအင်အားအလုံးအရင်းဖြည့်နေတယ်။နောင်ထော်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ရှိသေးတယ်။ဆီဆိုင်-လွိုင်ကော်လမ်းကနေပဲ ကရင်နီဘက်ကို ဝင်မှာလား။တပ်အချိန်းအပြောင်းလုပ်တာလား။ဒါမှမဟုတ် အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်” ဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။ ရှမ်းပြည်တောင်ပိုင်းမှကရင်နီပြည်နယ်သို့ဝင်ရောက်နိုင်သည် လမ်းမနှစ်ခုအနက်ဆီဆိုင်-လွိုင်ကော် နှင့်…