MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ် ရမခ ကိုသိမ်းပိုက်

by

in

MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်
ရမခ ကိုသိမ်းပိုက်
-​​နေ့သစ် /People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက လားရှိုးမြို့ရှိ စစ်​ကောင်စီတပ်၏
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) ကိုအ
ပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ​စစ်​ရေးရင်းမြစ်များက​ပြောသည်။
MNDAA ဦး​ဆောင်​​သောပူး​ပေါင်းတပ်များက လားရှိုး မြို့ကို ဇူလိုင် ၃ ရက်မှစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်စခန်းများကိုဆက်တိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ရမခ မဟိုကင်း နှင့် ရမခ ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ပူး​ပေါင်းတပ်များကယခုရက်ပိုင်းအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယမန်​နေ့ (သြဂုတ်) ၂ ရက်တွင် စစ်​ဆေးရုံမှ စစ်သားများလက်နက်ချ ခဲ့ပြီး သြဂုတ် ၃ ရက်မနက်အ​စောပိုင်းတွင် ရမခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့​ကြောင်း စစ်​ရေးရင်းမြစ်များက​ပြောသည်။
” ထွက်ပေါက်ပေးထားတဲ့ဘက်ကနေ ဆုတ်သွားတာပါ။ ရမက ကျသွားပါပြီ။ တပ်ချုပ်ငိုပွဲဆင်ပါပြီ” ဟုစစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။
အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
“ပြီးသွားပြီ”ဟုပြောသည်။
စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များက လည်းရမခ ကျသွားသဖြင့် ဝမ်းနည်း​ကြေကွဲ​သောပိုစ်များဆက်တိုက်​ရေးသား​​နေကြသည်။
“ယခုတကြိမ်​တော့စိတ်ဓါတ်ကျသွားပြီ တပ်မ​တော်သမိုင်းနဲ့ အင်မတန်ပစဥ်အလာကြီးတဲ့ ရမခဌာနချုပ်က​တော့ ကျသွားပါပြီ ။တပ်မ​တော်သမိုင်းရိုင်းပြီ “ဟု စစ်တပ်ဝါဒဖြန့် တယ်လီဟရန်ချန်နယ်တစ်ခုကလည်း​ရေးသားထားသည်။
​နွေဦး​တော်လှန်​ရေးတွင် ​တော်လှန်​ရေးတပ်များက စစ်တပ်၏ စစ်တိုင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်းမှာ ရမခ သည်ပထမဆုံးဖြစ်သလို ၊ စစ်တိုင်း ၁၄ တိုင်းရှိ​သော စစ်တပ်သမိုင်းတွင်လည်း ပထမဆုံးအကြိမ်တိုင်းစစ်ဌာနချုပ်ကျခဲ့ခြင်းဖြစ်သည်။
(ရမခ ၏ တံဆိပ် ​နေဝန်းနီပုံ နှင့် လားရှိုးမြို့ရှိ စစ်တပ်စခန်းများဆက်တိုက်သိမ်းပိုက်ခဲ့​သော MNDAA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ -MNDAA)

Breaking News- လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် ချေမှုန်းနိုင်ခြင်းဖြစ်
ရန်ကုန်၊ ဩဂုတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီး သတ်သိမ်းပိုက်ရရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ချေမှုန်း သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ကျနော်တို့သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်းရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ် လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု MNDAA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အား လုံး ထွက်ပြေးသွားပြီဖြစ်ကာ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ နယ်မြေ ရှင်းလင်းနိုင်ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများအား လုံး စွန့်ခွာသွားပြီဖြစ်ကြောင်း ၊ လက်နက်ချ မချ၊ သေချာ မပြောနိုင်သေးသော် လည်း အကြမ်းဖက်စစ်သားများ အားလုံး တိုင်းစစ်ဌာနချုပ်တွင် မရှိတော့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
“အခုလက်ရှိအနေအထားမှာတော့ ရမခ တိုင်းစစ်ဌာနချုပ် စခန်းဌာနချုပ်နယ် မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူး ။ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ပြီးတော့ ခြေကုတ်ယူပြီးတော့ နယ်မြေရှင်းနိုင်တဲ့ အဆင့်ကို ရောက်နေတာတော့ သေချာသွားပါပြီဗျ။ လက်နက်ချခြင်း၊ မချခြင်းကတော့ ကျွန်တော်တို့ သေချာမပြောနိုင်သေးပါဘူး။ လက်နက်ချဖို့ ရာခိုင်နှုန်းကတော့ နည်းပါတယ်။ သူတို့တွေ လုံးဝ တစ်နေရာကို ပြောင်းပြီးတော့ ခံစစ်ဆင်တဲ့ အနေ အထားမျိုးတော့ များပါတယ်။ ဒါပေမဲ့ ရမခ တိုင်းစစ်ဌာနချုပ်ရဲ့ စခန်းဌာနချုပ် နယ်မြေကြီး တစ်ခုလုံးကတော့ စစ်ကောင်စီတပ်တွေ အားလုံး စွန့်ခွာသွားပြီဖြစ်ပါတယ်ဗျ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- ခလရ ၄၁ ကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက်စဉ်။