ကျိုက်မရော၊ ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာ ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်မှု စစ်သား ၆ ဦး သေ ၅ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာ ရဲစခန်းနှင့် တောင်ကလေးကျေးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင် ၆ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD) တပ်ထံမှ သိရှိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်သား များနေရာယူထားသည့် ကဒါကျေးရွာ ရဲစခန်းအတွင်း NMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် နေရာယူထားသည့် တောင်ကလေးကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(AD)တပ်က ထုတ်ပြန်ထားသည်။