တရုတ်မင်းသားဟာ ရွှေကုက္ကိုမှာကတုံးတုံးခံရတာဖြစ်ပြီး အွန်လိုင်း​ပေါ်ကလိမ်ဖို့သင်တန်းတက်ခဲ့ရ ■တရုတ်မင်းသားလူကုန်ကူးခံရမှု နောက်ဆက်တွဲ ထိုင်းအ​ပေါ်ထိခိုက်နိုင်ခြေတွေအတွက် ကြိုပြင်ဆင်ဖို့ဝန်ကြီးချုပ်ညွှန်ကြား

by

in

တရုတ်မင်းသားဟာ ရွှေကုက္ကိုမှာကတုံးတုံးခံရတာဖြစ်ပြီး အွန်လိုင်း​ပေါ်ကလိမ်ဖို့သင်တန်းတက်ခဲ့ရ
■တရုတ်မင်းသားလူကုန်ကူးခံရမှု နောက်ဆက်တွဲ ထိုင်းအ​ပေါ်ထိခိုက်နိုင်ခြေတွေအတွက် ကြိုပြင်ဆင်ဖို့ဝန်ကြီးချုပ်ညွှန်ကြား
-People’s Spring

တရုတ်မင်းသားဝမ်ကျင် ထိုင်း-မြန်မာ နယ်စပ်မှာ လူကုန်ကူး ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ စိုးရိမ်မှု အခြေအနေတွေအတွက် အမြန်ဆုံး ထိထိရောက်ရောက် တုံ့ပြန်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဝမ်ကျင်ကို မြန်မာဖက်ခြမ်း၊ မြဝတီ မြို့နယ်ထဲက​ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ အများအပြား ရှိနေတဲ့ ရွှေကုက္ကို မြို့ထဲကနေ ဇန်နဝါရီ ၇ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။
ဝမ်ဟာ ထိုင်း-မြန်မာ နယ်စပ်ကို အလုပ်ကိစ္စနဲ့ သွားရောက်ရင်း လူကုန်ကူးခြင်း ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဝမ်ဟာ ထိုင်းရဲ့ အနုပညာ အေဂျင်စီ ဝန်ထမ်းတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်တစ်ဦးနဲ့ အဆက်အသွယ် ရခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် သူဟာ အလုပ်ကိစ္စ ခရီးသွားတယ်လို့ ယုံကြည်ခဲ့ပေမယ့် မဲဆောက်ကို ရောက်သွားပြီး မြန်မာပိုင်နက်ထဲ လှည့်စား ခေါ်ဆောင်သွားတာ ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝမ်ဟာ အဲဒီလို အလိမ်ခံရတဲ့ အကြောင်းကို အရမ်းနောက်ကျမှ သတိထားမိခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။ သူဟာ အထူးလေ့ကျင့်ထားပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ လူမှောင်ခိုသမားတွေရဲ့ လက်ထဲကို ကျရောက်ခဲ့တာပါ။ သူ့ကို လိမ်ညာတဲ့ လုပ်ငန်းတွေမှာ အသုံး
ချဖို့ ရက်ပိုင်းလောက် သင်တန်းပေးခဲ့ပေမယ့် ကိုယ်ထိလက်ရောက် နှိပ်စက်တာတော့ မရှိခဲ့ဘူးလို့ ဝမ်က ပြောပါတယ်။ ဒါ​ပေမယ့် သူ​ခြေ​ထောက်​တွေက အနီ​ရောင် အစင်းအကြား​တွေဟာ နှိပ်စက်ခံထားရတာ​ကြောင့်ဖြစ်တယ်လို့ လူမှုကွန်ယက်​ပေါ်မှာ​ခန့်မှန်း​ပြောဆို​နေကြပါတယ် ။
ဒါအပြင် သူ​ရွှေကုက္ကို​ရောက်ပြီးတဲ့အခါ ကတုံး တုံးခံရတာလို့ ထိုင်းသတင်းဌာန The Reporter က​ဖော်ပြပါတယ် ။
ဝမ်ပျောက်ဆုံးသွားတယ် ဆိုတာကို သူ့ရဲ့ချစ်သူက လူမှုကွန်ရက် မီဒီယာမှာ မျှဝေခဲ့ရာကနေ အရမ်းလူသိရှင်ကြား ဖြစ်သွားပြီး တရုတ် သံရုံး၊ ကောင်စစ်ဝန်ရုံးတွေရဲ့ ပါဝင်ကူညီမှုနဲ့အတူ ထိုင်းရဲတပ်ဖွဲ့ဟာ ဝမ်ကို လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တခြား တရုတ်နိုင်ငံသား ၅၀ လောက်နဲ့ အတူထားရှိရာ နေရာကနေ ထိုင်းရဲတွေက ခေါ်ထုတ်လာရတာဖြစ်ပြီး အဲဒီအတွက်လည်း ရွှေကုက္ကိုမြို့ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ ညှိနှိုင်းခဲ့ရပါတယ်။
ဝမ်ကသာ ကံ​ကောင်းလို့လွတ်​​မြောက်ခဲ့​ပေမယ့် နိုင်ငံစုံက လူကုန်ကူးခံရပြီး မလွတ်​မြောက်​သေးသူ ရာ​ပေါင်းများစွာရှိ​နေပြီး ကျားဖြန့်လုပ်ငန်း​တွေရဲ့ သား​ကောင်ဖြစ်​နေရသူ​ပေါင်း၆၀၀၀ခန့်​တောင်ရှိနိုင်တယ်လို့ The Reporter က​ဖော်ပြထားပါတယ်။
ဝမ်ရဲ့ ဖြစ်စဉ်ဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လူမှောင်ခို လုပ်ငန်းတွေကို ကိုင်တွယ်ရာမှာ အ
ခက်အခဲတွေ ရှိနေဆဲ ဆိုတာကို အထင်အရှား မြင်သာစေခဲ့သလို အရင်ကတည်းက ထိုင်းကို သွားရောက် လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ဒီအခြေအနေဟာ ကိုဗစ်ကပ်ရောဂါအလွန် ပြန်
လည် ခေါင်းထောင်ဖို့ အားယူနေတဲ့ ထိုင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်တာကြောင့် လိုအပ်တဲ့ စီမံတုံ့ပြန်မှုတွေ အရေးတကြီး ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် ထိုင်းကို ခရီးသွားတာဟာ မလုံခြုံနိုင်ဘူးဆိုတဲ့အွန်လိုင်းပေါ်ကကောလာဟလသတင်း
စကား ပျံ့နှံ့မှုတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အသေအချာ စဉ်းစားပြင်ဆင်ဖို့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနကို ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။
အတိုက်အခံ အမတ်တစ်ဦးဖြစ်ပြီး ပြည်တွင်းလုံခြုံရေး လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူ ရန်ဆင်မန် ရုမ်းကတော့ နယ်စပ်ရေးရာ လုံခြုံရေး အစီအမံတွေ ပိုမိုတင်းကျပ်သင့်ပြီလို့ တောင်းဆိုထားပါတယ်။ သူ့ရဲ့ ကော်မတီဟာ လူကုန်ကူးမှုတွေနဲ့ နယ်စပ် လုံခြုံရေး ကဏ္ဍအ
ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ဆွေးနွေးသွားမယ်လို့လည်း ရုမ်းက ဆိုပါတယ်။
၂၀၂၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို တရုတ် ကမ္ဘာလှည့် ခရီးသွား ၆.၇ သန်းလောက် သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖေထောင်ထန်က လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ဗီဇာကင်းလွတ်မှု အခွင့်
အရေးလို ကမ်းလှမ်းမှုတွေနဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆက်လက် ဆွဲဆောင်နိုင်အောင် ကြိုးစားမယ်လို့ ကတိပြုထားပါတယ်။
ကိုးကား -Khaosod ၊ The Reporter
(တရုတ်မင်းသားကို မဲ​ဆောက်မှ ဘန်​ကောက်သို့ ထိုင်းရဲတပ်ဖွဲ့က​ခေါ်​ဆောင်လာစဥ် ။ဓါတ်ပုံ-The Reporter)