ကပစ လက်နက်စက်ရုံတွေ အတိုက်အခံအင်အားစုတွေလက်ကျရောက်ဖို့ ခြိမ်းခြောက်ခံနေရ
ဒီဇင်ဘာလတုန်းက အမ်းစစ်ဌာနချုပ်ဟာ အေအေလက် ကျရောက်အပြီး မကွေးတိုင်းနဲ့ ပဲခူးတိုင်းထဲက စစ်လက်နက်ပစ္စည်းစက်ရုံတွေဟာ အေအေရဲ့ လက်တကမ်းအကွာကို ရောက်ခဲ့ရပါပြီ။ မြန်မာပြည်မှာ လက်နက်စက်ရုံပေါင်း ၂၅ ခုရှိရာမှာ မကွေးတိုင်းက ၁၅ ခု၊ ပဲခူးတိုင်းက ၇ ခု၊ နေပြည်တော် ၂ ခု နဲ့ တိုက်ကြီး ၁ ခု အသီးသီးရှိကြပါတယ်။ လက်နက်စက်ရုံတွေကို နေဝင်းခေတ်ကစလို့ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ကမ်းမှာပဲ အဓိကထားကာ တည်ဆောက်ခဲ့ကြတာပါ။ ဒါဟာ အရှေ့ဖက်ကမ်းကနေ တက်လာနိုင်တဲ့ရန်သူတွေလက်ထဲ မကျရောက်စေဖို့အတွက် တမင်စီမံထားခဲ့တာပါ။ အခုတော့ ရန်သူက အနောက်အရပ်က လာမှာမို့ ပိုလို့သိမ်းရလွယ်ကူသွားစေပါတယ်။
အမ်း-မင်းဘူး၊ အမ်း-ပဒေါင်း ကားလမ်းတွေဟာ အခုကိုပဲ အေအေထိန်းချုပ်မှုအောက် ရောက်ဖို့အလားအလာ များနေခဲ့ပါပြီ။ လက်နက်စက်ရုံတွေသာ တော်လှန်ရေးအဖွဲ့တွေ သိမ်းနိုင်ခဲ့ရင် တော်လှန်ရေးအမြန်ပြီးဖို့ တွန်းအားသစ်တခု ဖြစ်လာဖို့ရှိနေပါတယ်။ 👍
ref: the Irrawaddy