ဗန်းမော်၊ မန်စီ မြို့ ၂ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ၄ ရက်မနက်ကတည်းက စခဲ့တာပါ။
မြို့ ၂ မြို့ ဆိုပေမယ့် ပြည်မဖက်က မြို့တွေလို မြို့စောင့်တပ်ရင်း လောက်တင် ရှိနေတာမျိုး မဟုတ်ပဲ၊ နှစ်ပေါင်းများစွာ တော်လှန်ရေးကို ကြံ့ကြံ့ခံနိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်စခန်းကြီးများ ဝန်းရံထားတဲ့ စစ်ဒေသဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ဗန်းမော်ဟာ ရန်သူ့စကစဖက်က အားသာချက်များကတော့ ထောက်ပို့လွယ်ကူခြင်း ဖြစ်ပါတယ်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ရှိခဲ့တယ်။ အခုတော့ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီးလေကြောင်းထောက်ပို့ကိုသာ အားကိုးနေရတဲ့ သဘောရှိပါတယ်။
ရန်သူ စကစ အင်အား အနေဖြင့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ မန်ဝန်းကြီးမြို့၊ ဆင်ဘိုမြို့၊ မြို့သစ်၊ ကုန်းလော၊ ယောယုံဗျူဟာ၊ စိန်လုံဗျူဟာ လို တပ်စခန်းကြီးများမှ တပ်ဆုတ်များ စုပေါင်းထားရာ နေရာဖြစ်ရာ၊ တိုက်ရည် ခိုက်ရည် တင့်တင့်ရှိပြီးသူများ စုဝေးရာ နေရာ ဖြစ်နေတာကတကြောင်း၊ ရန်သူ့ဖက်က လေကြောင်းအင်အားအများအပြား သုံးနိုင်တာက (မနေ့က တရက်တည်းမှာ ဂျက်ဖိုက်တာ ၁၈စင်း နှင့် ထောက်ပို့ယဉ် Y12 ၂ စင်း နဲ့ အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲ) တကြောင်း အခက်ခဲပေါင်းများစွာမှ တော်လှန်ရေးအင်အားစုများ အောင်မြင်မှုအထိုက်အလျှောက် ရရှိနေပါပြီ။
ဆက်ပြီးလဲ ဆုတောင်းပေးကြပါ။