ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ သည်။
ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလည်ကိုင်းကျေးရွာမှ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ ဆက် လက်ထွက်ခွာလာရာ မှတ်ထိရွာနှင့်မင်းကုန်းကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နံနက် ၇ နာရီအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်သွားပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နှင့် ၃ နာရီ ၃၅ မိနစ်တို့တွင် လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား ၃၀ ခန့်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက် နက် ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက်တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ MA3 အမျိုးအစား သေနတ် ၁ လက် ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဝက်လက်အရှေ့ခြမ်းတိုက်ပွဲ နှစ်ပွဲမှာ PDFတွေလက်စွမ်းပြလို့စစ်သား(၁၀၀)ဝန်းကျင်သေ၊
၉ ဦးအဖမ်းခံရ
■ရွှေဘိုမှထွက်လာသောစစ်ကြောင်း ပျက်သွား
ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
စစ်ကိုင်းတပ်မ (၃၃) ကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားကျေးရွာရဲစခန်းကိုထိုင်ဖို့ တောလမ်းကနေလာတဲ့ စစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာ စစ်သား၂၀ကျော်သေဆုံးပြီး၃ဦးအရှင်ဖမ်းမိခဲ့တယ်လို့ရွှေဘိုခရိုင်တပ်ရင်း(၁၈)ရဲ့တာဝန်ရှိသူကပြောပါတယ်။
“ကျည်ကုန်သွားလို့ သုံးဦးဖမ်းမိတဲ့အနေအထားပါ။လက်ရှိအနေအထားကတော့သူတို့ ကတောထဲမှာစဥ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးသွားလို့ကျွန်
တော်တို့ လိုက်လံပိတ်ဆို့ဖမ်းဆီးနေပါတယ်။သူတို့ရှိမ်းမကားအထိမရောက်သေးပါဘူးဗျ’လို့ ရွှေဘိုခရိုင်တပ်ရင်း၁၈ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုနေမျိုး
(ပဲခူး)ကပြောပါတယ်။
ဒီတိုက်ပွဲမှာ သေနတ် ၅ လက်၊လက်ဗစ်ဗုံး၂လုံး၊ရှေ့ထွက်မိုင်း၁လုံး၊မြင်းခွာနင်းမိုင်း၄လုံး၊ဒရုန်းဖြတ်စက်၁ခု၊၆၀မမဗုံးသီးတလုံးနဲ့အခြားစစ်အသုံးဆောင်တွေသိမ်းယူနိုင်ခဲ့တယ်လို့ တပ်ရင်း(၁၈)ကထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ ရှိမ်းမကားကျေး
ရွာဘက်ကိုသွားဖို့ပြင်ဆင်နေပြီး တော်လှန်ရေးတပ်တွေကဝိုင်းရံတိုက်ခိုက်နေသလို ရှိမ်းမကားကျေးရွာရဲစခန်းကလည်းအနောက်ဘက်ကို လက်
နက်ကြီးပစ်ကူပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ကပဲ ရွှေဘိုမြို့ အမှတ်(၈)လေ့
ကျင့်ရေးတပ်ကထွက်လာတဲ့ ထောက်ပံ့နဲ့ပို့ဆောင်ဆက်သွယ်ရေးတပ်က မင်းကုန်းကျေးရွာနဲ့ မှတ်ထိကျေးရွာကြားမှာတိုက်ပွဲဖြစ်ပြီး တပ်ဖွဲ့ဝင် ၇၇ဦးမှာလည်း ၇၁ ဦးသေဆုံးပြီး၆ဦးအရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။
တိုက်ပွဲအပြီးမှာသေဆုံးနေတဲ့ စစ်သားအလောင်းအများအပြား ရဲ့ဓါတ်ပုံတွေကို People’s Spring
ကလက်ခံရရှိထားပြီး https://t.me/PeopleSpring/66157?single
တယ်လီဂရန်ချန်နယ်လ်မှာကြည့်ရှုနိုင်ပါတယ် ။
မနက်၇နာရီကနေ ညနေ၄နာရီအထိ ၉ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဝက်လက်မြို့ကိုထောက်ပို့သွားမယ့်စစ်ကြောင်းလို့သိရပါတယ်။
“ဝက်လက်နယ်မှာ၂၀၂၄ခုနှစ်အတွင်းအခုလိုအပြုတ်မဖြုတ်နိုင်သေးပါဘူး။အခု၁၀၂၇ဒုတိယလှိုင်းမှာလက်နက်တွေရလာလို့ အခုလိုမျိုးထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ “လို့ ရွှေဘိုခရိုင်အမှတ် (၁၅)တပ်ရင်းကတပ်ရင်းမှူး ဗိုလ်ကောက်ရိုးက
လူထုနွေဦးကိုပြောပါတယ်။
ဒီတိုက်ပွဲ၂ခုလုံးမှာစစ်ကိုင်း တပ်မ(၃၃)ကအရာရှိနဲ့တပ်သားတွေပါဝင်ပြီး တပ်မ၃၃ဟာ စစ်တပ်ရဲ့ အပူးတပ်တွေထဲကအကြမ်းဆုံးတပ်မလို့နာမည်ကြီးတဲ့တပ်ပါ။တပ်မ၃၃ဟာ ချင်းပြည်နယ်၊ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တပ်ဖြစ်သလို လက်ရှိ တောင်ခမ်း နဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေဆီစစ်ကူပို့ထားတဲ့တပ်လည်းဖြစ်ပါတယ်။
အုန္နဲဘုတ်ရွာတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း၁၈၊ရွှေဘိုခရိုင်အမှတ်(၂၃) တပ်ရင်း၊ကြောင်လက်
သည်းတပ်ဖွဲ့၊ တပ်ရင်း(၁၈) တပ်ခွဲ (၁ )ဝက်လက်မင်းသားကြီးတပ်ဖွဲ့၊တပ်ခွဲ၂ ProLife အဖွဲ့၊ တပ်ခွဲ(၃)ဗိုလ်သင်္ချိုင်းအဖွဲ့၊တပ်ခွဲ(၄ )ဗိုလ်ကျားကြီးအဖွဲ့၊ဝက်လက်ဒေါင်းနီအဖွဲ့၊ဒေါင်းစစ်သည်အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
မင်းကုန်းရွာအနီးတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း
(၁၅) ၊ရွှေဘိုခရိုင် အမှတ်(၂၃)တပ်ရင်း၊အမှတ်(၂) ခရိုင်ကွက်ကဲရေး၊ရွှေဘိုခရိုင်တပ်ရင်း( ၁) ၊တပ်ရင်း(၂) နဲ့ မြို့နယ်ပကဖ၊ဝက်လက်တိုက်နယ်(၂)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
(တိုက်ပွဲ ၂ ခုမှာ ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်းတွေ၊ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ။ဓါတ်ပုံ- ရွှေဘို ခရိုင် အမှတ် (၁၅)တပ်ရင်း ၊ ရွှေဘို ခရိုင် အမှတ် (၁၈)တပ်ရင်း)