ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အင်အား ၇၇ ဦးပါ စစ်တပ်စစ်ကြောင်း တစ်ခုလုံးပြုတ် သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ သည်။
ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလည်ကိုင်းကျေးရွာမှ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ ဆက် လက်ထွက်ခွာလာရာ မှတ်ထိရွာနှင့်မင်းကုန်းကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နံနက် ၇ နာရီအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်သွားပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နှင့် ၃ နာရီ ၃၅ မိနစ်တို့တွင် လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား ၃၀ ခန့်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက် နက် ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခုလိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက်တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ MA3 အမျိုးအစား သေနတ် ၁ လက် ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။