မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

by

in

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)
ဇန်နဝါရီ ၆၊ ၂၀၂၅

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်သားတွေကို ‌ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၇ ယောက် ထိခိုက်မှုရှိပြီး မြို့သာစက်မှုဇုန်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ၊ မြင်းခြံခရိုင်အမှတ်(၇)တပ်ရင်း၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မန္တလေးခရိုင် (မန္တလေးခရိုင်အမှတ်၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (မြင်းခြံခရိုင်အမှတ်၆) တပ်ရင်းနဲ့ (925)ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။