ရွှေဘိုက ထွက်လာတဲ့စစ်​ကြောင်း ဝက်လက် အ​ရှေ့ပိုင်းတွင်PDFများတိုက်၍စစ်​ကြောင်းတစ်​ကြောင်းလုံးပြုတ်

by

in

ရွှေဘိုက ထွက်လာတဲ့စစ်​ကြောင်း ဝက်လက်
အ​ရှေ့ပိုင်းတွင်PDFများတိုက်၍စစ်​ကြောင်းတစ်​ကြောင်းလုံးပြုတ်
ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူး
ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။
ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)ကနေ ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၇ ဦးဟာ ဟန်လင်း(ပျူမြို့ဟောင်း)ကျေးရွာမှာ ယာယီတပ်စွဲပြီး ဇန်နဝါရီလ၄ ရက်ညအိပ်ခဲ့ပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၅ရက်​​နေ့) မနက်မှာ စစ်ကြောင်းဟာ တောင်ဘက်ကိုဆက်တိုးလာတာလို့သိရပါတယ်။
အဲဒီစစ်ကြောင်းကို ဝက်လက်မြို့နယ်အ​ရှေ့ပိုင်းမှတ်ထိကျေးရွာ နဲ့ မင်းကုန်းကျေးရွာကြားထဲမှာ တော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီက​နေ မွန်းလွှဲ ၁ နာရီ​ကျော်အထိ့ ခုနှစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။စစ်ကောင်စီစစ်ကြောင်းက ၇၁ဦးသေဆုံး ၆ဦးကိုအရှင်ဖမ်းမိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
“စစ်ကြောင်းတခုလုံးအပြုတ်ပဲ။သက်ဆိုင်ရာတပ်တွေကနေသတင်းထုတ်ပြန်လာပါလိမ့်မယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ဒါ​ကြောင့် ဇန်နဝါရီ ၅ ရက်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းအတွင်းနေရာနှစ်ခုမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စုစုပေါင်းစစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး ၁၂ဦးအလံဖြူထောင်ကာ၊
၆ဦးကိုအရှင်ဖမ်းမိခဲ့တာလို့ ကနဦးသိရပါတယ်။