ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး

by

in

ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၅

မကွေးတိုင်း၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏ၀တီ အဖွဲ့က ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်း၊ ရန်ကုန် -တောင်တွင်းကြီးလမ်းပိုင်းရှိ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်‌ EPCရုံး၌ အထိုင်ချ တပ်ဆွဲထားပြီး မော်တော်ယာဥ်များကို ဂိတ်ဖွင့်ဆက်ကြေးကောက်ခံနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDFPNWD၊ သရက်ခရိုင်း အမှတ် ၅ တပ်ရင်း၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်တွင်းကြီး)၊ နေပြည်တော်စစ်တိုင်း၊ တပ်ရင်းအမှတ် ၉၀၂ တောင်တွင်းကြီးတပ်ခွဲ၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။