ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
လက်ရှိ စစ်ကောင်စီရဲ့ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်ဝန် ကြီးဟောင်းတစ်ဉီးဖြစ်သူ ပေါလ်စကူလီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်မှုမှာ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေး တွန်းအားပေးသင့်တယ်လို့ သူက ဆိုပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း (၃) ဉီးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်း ဆိုခဲ့ပြီး သူဟာ တိုင်းပြည်ကို ဒီမိုကရေစီနည်းကျ ဉီးဆောင်ဖို့ ထိုက်တန်သူဖြစ်တယ်လို့ သတိပေးပြီး နောက် ပေါလ်စကူလီရဲ့တောင်းဆိုမှု ဖြစ်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့စဉ် ရိုဟင်ဂျာတွေနဲ့ပတ်သက် လို့ ဂုဏ်သိက္ခာထိခိုက်ပေမယ့် မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကိုပြန်ရောက်ဖို့ ခြေလှမ်းတစ်လှမ်းသာ ရှိခဲ့တာကို သိရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“စစ်တပ်ဟာ လက်ရှိမှာ ပြစ်ဒဏ်မှသက်ညှာခွင့်နဲ့အတူ တိုင်းပြည်ကို အုပ်ချုပ်နေပါတယ်။ ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး မဲဆွယ်တာဟာ တရုတ်နိုင်ငံနဲ့ ကပ်လျှက်တည်ရှိတာကြောင့် မ ဟာဗျူဟာအရ အရေးပါတဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းဖွင့်ပေးတဲ့ အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ် ပါတယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူဖို့ပြင်ဆင်နေချိန်မှာ ပေါလ်စ ကူလီနဲ့ တွေ့ဆုံခဲ့တာပါ။ “သူဟာ မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်တစ်ခုဖြစ်ဖို့ လိုလား ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရတစ်ရပ် ရှိလာစေဖို့ မျှော် လင့်တယ်လို့ သူက ပြောပါတယ်။
ကိုးကား – Independent
Ref; Ex-minister who witnessed ‘horrible’ Myanmar military violence joins calls for Aung San Suu Kyi’s release
#Ayeyarwaddy_Times