ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်စတင် ▪︎စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းရ

by

in

ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်စတင်
▪︎စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းရ
ဟန်နွေ/People’s Spring

DCIM100GOPROGOPR1422.JPG

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ
၁၅ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။
ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA၏ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။
“ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြော
သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်
နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ People’s Spring ကဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIAနှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ်နီးပါး ကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွား​နေဆဲ​ဖြစ်သည်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အများစုကို KIA မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်
ကြီးပစ်ကူဖြင့် ခုခံလျက်ရှိသည်။တိုက်ပွဲကြောင့် မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။
ဒီဇင်ဘာ ၁၅ရက်နေ့ တွင် စစ်ကောင်စီက မံစီနှင့် ဗန်းမော်သို့ လေကြောင်းအသုံးပြု ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များ ဖြည့်တင်းခဲ့ကြောင်း သတင်းရင်း
မြစ်က အသိပေးသည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သကဲ့သို့ KIA ဘက်ကလည်း လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ဗန်းမော်အခြေစိုက် အမှတ်
(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)
နှင့် ခလရ(၄၇)တပ်ရင်းအနီးဝန်းကျင်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ်တွင်အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းပိုက်ရန် ထိုးစစ်
ဆင်​နေခြင်းဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် မဘိမ်းမြို့နှင့် နမ့်ဖက်ကာ​ဒေသကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။
(၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့်ပူတာအို
PDF (K-PDF) ၊ ခါကာဘို People Force(KPF)
ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါ
ဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ်နှင့် ကချင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖို့ဂရပ်ဖစ်။ဓါတ်ပုံ- K-PDF)