တောင်ကုတ်မြို့တွင်​နောက်ဆုံးကျန်​သော စကခ(၅)ကို AA သိမ်းပိုက်

by

in

.တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဓိကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလံဖြူထောင် လက်နက်ချလို့ စကခ ၅ ကို အပြီးသတ်သိမ်းပိုက်နိုင်ပါပြီလို့ သိရပါတယ်။ နောက်တစ်ခုကတော့ AA ရဲ့ ထိုးစစ်က ဂွမြို့စောင့်တပ် ခမရ ၅၆၃ တပ်ကို စတိုက်နေပါပြီ” ဟု AA သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် AA ဘက်မှ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးသဖြင့် တောင်ကုတ်မြို့ စကခ ၅ သိမ်းပိုက်ရရှိမှု နှင့် ဂွမြို့စောင့်တပ်ကို တိုက်ခိုက်မှု သတင်းများအပေါ် AA ထံမှ တရားဝင် အတည်ပြုချက် ရရှိရန် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်သည်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်များအားလုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်က ဆိုသည်။
အာရက္ခတပ်တော် AA က ယခု ၂၀၂၄ နှစ်မကုန်မီ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်အားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြကြောင်း၊ AA က မောင်တောမြို့က နခခ ၅ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ ထိုးစစ်ဆင်နေကာ အမ်းမြို့ကိုလည်း ထိန်းချုပ်သိမ်းပိုက်ထားကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် ဖော့ပုံးအဖြူကိုင်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့များက အလင်းဝင်လာကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

တောင်ကုတ်မြို့တွင်​နောက်ဆုံးကျန်​သော
စကခ(၅)ကို AA သိမ်းပိုက်

အိမ်သွင်/People’s Spring
တောင်ကုတ်မြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ်စကခ(၅)ကို
အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
“စကခ(၅)က ရနေပါပြီ။သုံ့ပန်းတွေလည်း ရထားတာအမှန်ပါ။ တပ်တော်က ထုတ်ပြန်မှ သေချာသိကြရမယ်။ ရတာက ရပြီးနေပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက ယနေ့ ညပိုင်း၌ ပြော
သည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်
စခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားသည်ဟု အာရက္ခတပ်တော်( AA)
က နိုဝင်ဘာ ၂၉ ရက်သတင်းထုတ်ပြန်ခဲ့သည်။ အဓိကစခန်းဖြစ်သည့် စကခ (၅) တပ်မဌာနချုပ်နှင့် ၎င်းလက်​အောက်ရှိ ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင်ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို AAက ထပ်မံသိမ်းယူခဲ့သည်ဟု စုံစမ်းသိရသည်။ထို​ကြောင့်စကခ (၅)မှာ​နောက်ဆုံးကျန်ရှိ​နေခြင်းဖြစ်သည်။
နောက်ဆုံးကျန်ရှိနေသည့် စကခ(၅)ကိုAAကဒီ
ဇင်ဘာလဆန်းတွင် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ချရန်ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလ၉ရက်နေ့အထိ လက်နက်ချခြင်းမရှိ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခြင်းဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။
သို့​သော် တောင်ကုတ်မြို့မှ စကခ (၅)သိမ်းတိုက်ပွဲကို AA က တရားဝင်သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ AA နောက်ဆုံးထုတ်ပြန်ထားသည်မှာ မောင်တောမြို့မှ
နောက်ဆုံးကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ဒီဇင်ဘာ ၁၁ ရက် မနက်အ​စောပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ စစ်တပ်၏ လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ၆ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို​ကြောင့် AA က အမ်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သော နပခ နှင့် ဂွမြို့နယ်တွင် စစ်တပ်လက်ကျန် စခန်းများသာသိမ်းပိုက်ရန် ကျန်ရှိ​တော့သည်။အမ်းနှင့် ဂွမြို့နယ်များကို အလုံးစုံသိမ်းပိုက်ပြီးပါက AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ်သိမ်းပိုက်ပြီး ၊ စစ်​တွေ ၊​ကျောက်ဖြူ ၊မန်​အောင် မြို့နယ်တို့သာထပ်သိမ်းရန် ကျန်မည်ဖြစ်သည်။
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )