ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ ▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း

by

in

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ကပိတ်ဆို့ထား၍ မြို့တွင်းပိတ်မိ​နေ​သောပြည်သူများရှိ​နေဆဲ
▪︎ပိတ်မိ​နေ​သောပြည်သူများအခွင့်အ​ရေးရသည်နှင့်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း
အိမ်သွင်/People’s Spring
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်က ပြည်သူများထွက်ခွာမည့်လမ်းများကိုပိတ်ထား
၍ပြည်သူများပိတ်မိ​နေ​သေးပြီး မြို့အတွင်းမှ ရ​အောင်ထွက်ခွာကြရန် ပြည်သူအချင်းချင်းတိုက်တွန်း​နေကြသည်။
“အနည်းငယ်လောက်ပဲကြိုပြီးရှောင်နိုင်လိုက်တယ်။အများစုက ပိတ်မိသွားတယ်။ စစ်တပ်က မြို့ထဲမှာပဲရှိပြီး အထွက်လမ်းတွေကို ပေးမဖြတ်ဘူး။” ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးကပြောသည်။
သို​သော်မိုးမောက်မြို့ဘက်မှ ဗန်းမော်မြို့အဝင် ၃မိုင်မှ စစ်ကောင်စီတပ်ရင်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒေသခံများကို ထွက်ခွင့်ပြုနေကြောင်း သတင်းရရှိသည်။
တိုက်ပွဲစတင်ဖြစ်​​သော ဒီဇင်ဘာ ၄ ရက်တွင် ​ဒေ
သခံပြည်သူအချို့မှာ ဧရာဝတီမြစ်အတွင်းမှ စက်​​လှေများ၊​လှေများဖြင့်တိမ်း​ရှောင်ခဲ့ကြသည်။
ဗန်​မော်မြို့အတွင်းကျန်ရှိ​နေ​သော ပြည်သူများတိုက်ပွဲပြင်းထန်လာသဖြင့် အခွင့်အ​ရေးရသည်နှင့် မြို့မှ တိမ်း​ရှောင်ကြရန် ပြည်သူအချင်းချင်း တိုက်တွန်းမှုများလည်း ပြုလုပ်​နေကြသည်။
ပိတ်မိနေသည့်မြို့ခံများ ဘေးလွတ်ရာသို့ရောက်ရှိရေးအတွက် လူမှုရေးအဖွဲ့များကဦးဆောင်၍ အလံဖြူထောင်ကာ ထွက်ခွာရန်ကြိုးစားသော်
လည်း စစ်ကောင်စီတပ်က တားမြစ်ခဲ့သည်ဟု သတင်းရရှိသည်။
“စစ်ကောင်စီဘက်ကတော့ အရပ်သား ပြည်သူ
လူထုတွေကို အကာအကွယ်ယူတဲ့အနေနဲ့ မြို့တွင်းမြို့ပြင် အဝင်အထွက်ကို ပိတ်ထားတယ်လို့ ပြောတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ရှိတဲ့အရပ်သား ပြည်သူလူထုတွေက တိုက်ပွဲရှောင်ချင်ရင်တောင်မှ မြို့ပြင်ထွက်လို့မရတဲ့အနေအထားပေါ့။ ဒီကိစ္စဟာဆိုလို့ရှိရင် စစ်ကောင်စီဘက်က အရပ်သား ပြည်သူလူထုကို တိုက်ပွဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ပဲမြင်ပါတယ်”ဟုကချင်စစ်​ရေး​လေ့လာသူ ဦးဇော်ဆန်က ပြော
သည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆိုအရပ်
သားပြည်သူများကို အသုံးချပြီး အကာအကွယ်ယူခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း၎င်းကပြောသည်။
“အကယ်၍ ဗန်းမော်မြို့ထဲကအရပ်သားပြည်သူ
လူထုတွေ စစ်ဘေးရှောင်ကုန်ကြပြီဆိုရင်တော့ စစ်ကောင်စီက မကြာခင်မှာပဲ ဗန်းမော်မြို့ကို လက်
လွှတ်ဆုံးရှုံးနိုင်ခြေရှိပါတယ်။” ဟု ဦးဇော်ဆန်က ပြောသည်။
စစ်တပ်က မြို့အဝင်အထွက်လမ်းများကိုပိတ်ထား​သော်လည်း စစ်တပ်ကို KIA နှင့် မဟာမိတ်များက ဝိုင်း၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။
ထိုအပြင်တိုက်ပွဲများအတွင်း စစ်​တပ်ကပစ်​သောလက်နက်ကြီးကျည်ကျ၍ ​ဒေသခံပြည်သူအချို့ ​သေဆုံးမှုများလည်းရှိ​နေသည်။
“လေကြောင်းကပစ်တာတွေရှိတယ်။လက်နက်
ကြီးကျတာတွေရှိတယ်။ စျေးထဲမှာ သေဆုံးတာတွေရှိတယ်။ ခွန်သာဘက်မှာအဆိုးဆုံးဖြစ်တယ်”
ဟု ဗန်းမော်မြို့ခံများနှင့် အဆက်အသွယ်ရရှိသူ
တစ်ဦးကပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ကပစ်ခတ်​သောလက်နက်ကြီးထိမှန်၍ ပြည်သူ ၇ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း​ပြောသည်။သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်
၍ အသေးစိတ်အချက်အလက်များကိုမူ မသိရှိရသေးပေ။
ဗန်းမော်မြို့တိုက်ပွဲအ​ခြေအ​နေမှာ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ဒီဇင်ဘာ ၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ်တတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်​ရေးအရင်းအမြစ်များက​ပြောသည်။
သို့​သော် စစ်​ကောင်စီတပ်သည် ဗန်းမော်မြို့ထဲရှိ ဘုန်းကြီးကျောင်းနှင့် အထက်မြင့်အဆောက်အအုံများတွင် နေရာယူထားပြီး ခံစစ်ပြင်နေသည်ဟု သိရသည်။ စစ်ကောင်စီက ရွှေကျောင်းကုန်းဘုန်း
ကြီးကျောင်းနှင့်ကန်ဦးကျောင်းတိုက်၊ နီနီစံကိုယ်
ပိုင်အထက်တန်းကျောင်းနှင့်အထက်မြင့်အ
ဆောက်အအုံများတွင် ဝင်ရောက်တပ်စွဲ​နေသည်ဟု စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။
ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)၊ ခလရ(၂၃၆)၊အမှတ်(၉၃၃)
ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁)စစ်မြေ
ပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်
၊အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၃၁၄)အ
မြောက်တပ်၊အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၉၁၄)
စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့် စစ်ဘက်ရေးရာလုံ
ခြုံရေးတပ်တို့ရှိသည်။ တပ်အများစုမှာတိုက်ခိုက်​ရေးတပ်ရင်းများမဟုတ်ကြ​ပေ။ ဗန်း​မော်မြို့၏ အအဓိကခံစစ်စခန်းဖြစ်​သော မိုး​မောက်မြို့နယ်ရှိ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်းကို KIA က ပြီးခဲ့
သည့် သြဂုတ်လတွင်းသိမ်းပိုက်ခဲ့သည်။
KIA က ဗန်း​မော်မြို့ရှိတပ်များထဲမှ ငါးခုထည့်မနည်း သိမ်းယူထားနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။ လက်နက်ခဲယမ်းအများအပြားကိုလည်း KIA က ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ KIA က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
KIA က ပြီးခဲ့သည့် သြဂုတ်လ တွင် ဗန်း​မော်မြို့၏ အဓိက ခံစစ်စခန်းဖြစ်​သော မိုး​မောက်မြို့နယ်ရှိ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ-၄၃၇)ကိုသိမ်းပိုက်ခဲ့သည်။ ခမရ (၄၃၇)တပ်ရင်းသိမ်းပိုက်ခံရပြီး​နောက် ဗန်း​မော်မြို့ အ​ရှေ့ပိုင်းတွင် ခံစစ်မရှိ​တော့၍ မြို့အသိမ်းခံရမည်ကိုစိုးရိမ်​နေ​သော စစ်​ကောင်စီက ခမရ (၄၃၇)ပြန်သိမ်းနိုင်ရန် ဗန်း​မော်မှ စစ်​ကြောင်းများပို့၍ ဆက်တိုက် တိုက်ခိုက်​နေခြင်းဖြစ်သည်။
ဗန်း​မော်မြို့မှ စစ်​ကြောင်းများ ခမရ (၄၃၇)ပြန်ရရန် ဗန်း​မော် နှင့် မိုး​မောက်မြို့ကြား ၇ မိုင် ၊ ၄ မိုင်တို့တွင် စစ်​ကြောင်းထိုးရင်း တိုက်ပွဲဖြစ်​နေစဥ် KIA နှင့် မဟာမိတ်ပူး​ပေါင်းတပ်များက ​နောက်တွင်ကျန်​နေ​သော ဗန်း​မော်မြို့ရှိ စစ်တပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက် မြို့သိမ်းတိုက်ပွဲဆင်နွှဲရာ ၇ မိုင်မှ စစ်တပ်များ​လည်းနောက်ပြန်ဆုတ်လာ​ကြောင်းစုံစမ်းသိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA သ
တင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်
အသွယ်မရသေးပေ။
ဗန်းမော်မြို့ခံများ စစ်ရေးသတိပြုနေထိုင်ကြရန် KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း သတိပေးခဲ့ဖူးသည်။
ဗန်းမော်မြို့ကို စစ်ကောင်စီက ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ထားသည်။
(ဗန်း​မော်မြို့သိမ်းတိုက်ပွဲစတင်​သည့် ဒီဇင်ဘာ ၄ ရက်တွင် ​​ရေလမ်း​ကြောင်းမှ တိမ်း​ရှောင်​နေကြ​သောပြည်သူများ ။ဓါတ်ပုံ-CJ )