KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း တပ်ရင်းမှူး ၁ ဦးနှင့် ဒုတပ်ရင်းမှူး ၁ ဦးအပါ အဝင် စစ်သား ၈၈ ဦးသေဆုံးခဲ့ကြောင်း KNUက တရားဝင်သတင်း ထုတ်ပြန်သည်။
နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်းအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အ မှတ် ၅ တပ်မဟာ၊ ပူးပေါင်း မဟာမိတ်စစ်သည်တော်များနှင့် အကြမ်းဖက် စစ် ကောင်စီတပ်များ အကြား တိုက်ပွဲပေါင်း ၄၃ ကြိမ်တိတိဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၈၈ ဦးသေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ သေဆုံးသူ အကြမ်းဖက်စစ်သားများထဲတွင် တပ်ရင်းမှူး၁ ဦးနှင့် ဒုတပ် ရင်းမှူး ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ကူးဆိပ်စခန်းနှင့် မထောစခန်းတို့ကို လည်း KNLA တပ်မဟာ စစ်သည်တော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက အလုံးစုံသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ တစ်လတာအတွင်း အကြမ်းဖက်စစ်ရှုံးတပ်မှ လေယာဉ်အားကိုးဖြင့် ဗုံးသီး ၁၆ လုံး ကျဲ ချခဲ့ရာ အပြစ်မဲ့ပြည်သူများနေထိုင်ရာရပ်ရွာနှင့် လုပ်ကိုင်စားသောက်ရာနေရာအတွင်းသို့ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ယမန်နေ့ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်း၊ ဆင်စွယ်တပ်စခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။