မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၇ ခု၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိ

by

in

မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၇ ခု၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၇ ခု၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်များအကြား တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ်သုံပန်း ၁ ဦး နှင့် လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့ပြီး စစ်သားအလောင်း ၇ လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တိုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။