ဖားကန့်မြို့နယ်ရှိ စစ်တပ်၏ တောမော် တပ်စခန်း ကို KIA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦး အရှင်မိ

by

in

ဖားကန့်မြို့နယ်ရှိ စစ်တပ်၏ တောမော် တပ်စခန်း ကို KIA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦး အရှင်မိ
ရန်ကုန်၊ ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တောမော် တပ်စခန်း ကို KIA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦး အရှင် ဖမ်းဆီးရမိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့် အကြမ်းဖက် စစ်တပ်၏ လှမောင်စခန်းနှင့် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တောမော် စခန်းတို့ကို KIA က အပြီးသတ် တိုက်ခိုက်သိမ်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၁ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ယင်းစခန်း ၂ ခုသည် အကြမ်းဖက် စစ်တပ်၏ ဗျူဟာကုန်းကို ကာဗာပေးထားသော အရေးပါသည့် စခန်းများဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ ၄ နာရီ ၄၀ မိနစ်မှာ ဖားကန့်မြို့နယ် တောမော် စစ်ခွေး တပ်စခန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ခွေး အရှင် ၁၁ ကောင် ဖမ်းဆီး ရမိထားတယ်။ အဲစစ်ခွေးတွေက လှမောင် စခန်းက ဖမ်းမိတာ အဲဒီ စခန်းတွေက စစ်ရေးအရ တော်တော်အရေးပါတဲ့ စခန်းတွေပါ။ ဖားကန့် စကစ ဗျူဟာကုန်းကို ကာဗာလုပ်ထားတဲ့ စခန်းတွေဖြစ်တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
Photo – ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တောမော် စခန်း