မြင်းခြံခရိုင်တစ်ခုလုံး သိမ်းပိုက်နိုင်တဲ့အထိ MDSO အထူးစစ်ဆင်ရေးကို ဖော်ဆောင်သွားမယ်လို့ဆို စစ်ဆင်ရေး ငါးရက်အတွင်း စစ်အုပ်စု ၅၀ ဦးထက်မနည်း သေဆုံး၊ ရှစ်ဦး အရှင်လက်ရဖမ်းမိထား လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေ၊

by

in

မြင်းခြံခရိုင်တစ်ခုလုံး သိမ်းပိုက်နိုင်တဲ့အထိ MDSO အထူးစစ်ဆင်ရေးကို ဖော်ဆောင်သွားမယ်လို့ဆို
စစ်ဆင်ရေး ငါးရက်အတွင်း စစ်အုပ်စု ၅၀ ဦးထက်မနည်း သေဆုံး၊ ရှစ်ဦး အရှင်လက်ရဖမ်းမိထား
လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေ၊
MN/MFP ၊ ဩဂုတ် ၁၅

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MD SO) ကို ဒေသခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့အထိ ဖော်ဆောင်သွားမှာဖြစ်သလို တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ် တယ်လို့ မြေပြင် တိုက်ပွဲဝင်
ရဲဘော်တွေက MFP ကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ အထူးစစ်ဆင်ရေးက အခုမှ စတာဗျ။ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ တော်လှန်ရေး ပြီးအောင်တိုက်မယ်။ မြင်းခြံ မြို့ ကို သိမ်းနိုင်အောင် တိုက်မယ်။ မြင်းခြံ တစ်ခရိုင်လုံးကို သိမ်းနိုင်အောင်ထိ တိုက်မှာပါ။ မြင်းခြံခရိုင်ကို သိမ်းပိုက် ပြီးရင်တော့ ကျန်တဲ့နေရာတွေကို ဆက်လက်တိုက်ခိုက်သွားမှာပါဗျ” လို့ မြင်းခြံခရိုင် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူ က MFP ကို ပြောပါတယ်။
လက်ရှိမှာ လိုအပ်ချက်နဲ့ အခက်အခဲတွေရှိနေပေမဲ့ စစ်ဆင်ရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တဲ့ ကိစ္စတွေအားလုံးကို လုပ်ဆောင်သွားမှာဖြစ်သလို ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီဖို့ မေတ္တာရပ်ခံလိုတယ်လို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက်က စတင်ခဲ့တဲ့ အဆိုပါ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) ဟာ ငါးရက်တာကာလအတွင်း တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး သုံးမြို့နယ်ထဲက စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အပါအဝင် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါ တယ်။ အလားတူ တိုက်ပွဲကာလအတွင်းမှာလည်း စစ်အုပ်စု ၅၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းထုတ် ပြန်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ အထူးစစ်ဆင်ရေး မစတင်မီကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြေပြင်မှာ စနစ်တကျ လေ့ကျင့် ပြင် ဆင်ထားခဲ့ပြီးဖြစ်တယ်လို့ နောက်ထပ် မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့ ဒီ မြင်းခြံခရိုင် Myingyan District Special Operation (MDSO) အထူးစစ်ဆင်ရေးက သူ့အပိုင်းနဲ့ သူ တာဝန်ယူထားကြပြီးတော့ ညီညီညာညာလုပ်နေကြတာပါ။ တစ်ခရိုင်လုံးညီ တစ်ချီတည်းရုံးနေကြတာပါ။ အခု စစ်ဆင်ရေးမတိုင်ခင်ကတည်းက အားလုံးတိုင်ပင်စုစည်းပြီးတော့ လုပ်ဆောင်ခဲ့ကြတာပါဗျ။ စစ်ဆင်ရေးက အခုမှ စတာပဲရှိပါသေးတယ်။ မပြီးဆုံးသေးပါဘူး။ ဒီ စစ်ဆင်ရေးကို ကျွန်တော်တို့ ပြီးဆုံးတဲ့အထိ လုပ်ဆောင်သွားမှာပါ။ လုပ်လည်းလုပ်နိုင်ပါတယ်” လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် ဩဂုတ်လ ၁၀ ရက်က စတင်ပြီး တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး သုံးမြို့နယ် ထဲက စစ်အုပ်စု စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ ဩဂုတ်လ ၁၄ ရက်အထိ စစ်အုပ်စု စခန်းပေါင်း ၁၀ ခု ထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မြို့ပေါ်ရှိ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရားတွေပါ ရပ်တန့်သွားတဲ့အထိ စစ်ရေးအရှိန် မြင့် တက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
MDSO အထူးစစ်ဆင်ရေးမှာ မြင်းခြံခရိုင်ထဲက တပ်ရင်း၊ တပ်ဖွဲ့တွေ အပါအဝင် မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ညောင်ဦးစတဲ့ ခရိုင်တွေထဲက တပ်ရင်းတပ်ဖွဲ့တွေပါ ပူးပေါင်းအားဖြည့်ပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်း ဆို ပါတယ်။
မြင်းခြံခရိုင်ထဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အထူးစစ် ဆင်ရေးဖော်ဆောင်နေတာကြောင့် တောင်သာနဲ့ မြင်းခြံ မြို့ပေါ်မှာ စစ်အုပ်စုက ခံစစ်ပြင်ဆင်တာနဲ့ အင်အားဖြည့် တင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
စစ်အုပ်စု စခန်းတွေအားလုံး တိုက်ခိုက်သိမ်းပိုက်ခံထားရတဲ့ နွားထိုးကြီးမြို့ပေါ်မှာလည်း ဌာနဆိုင်ရာရုံးလုပ်ငန်း တွေ အားလုံး ရပ်ဆိုင်းသွားခဲ့ပြီး လက်ရှိမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ဝင်ရောက်အထိုင်ချ တပ်စွဲထားတယ်လို့ ဒေ သခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြင်းခြံခရိုင်ထဲမှာ အထူးစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အောင်မြင်မှုရရှိနေသလို တစ်ဖက်မှာလည်း အ ခက် အခဲနဲ့ စိန်ခေါ်မှုအချို့လည်းရှိနေသေးတယ်လို့ မြင်းခြံခရိုင် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူက ဆိုပါတယ်။
“ဘာတွေ အခက်အခဲတွေရှိလဲဆိုတော့ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းလိုအပ်ချက်တွေ အများကြီးရှိ နေပါသေး တယ်။ ပြည်သူတွေ ကူညီထောက်ပံ့ပေးထားတာတွေ ရအောင်လုပ်နေရသလို ကိုယ်ကျည်ကို ရှာပြီးတော့ တိုက်ပွဲ ဝင်နေ ရတာပေါ့။ အဲဒီလို အခက်အခဲစိန်ခေါ်မှုတွေရှိပေမဲ့လည်း ကျွန်တော်တို့ ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ရည်မှန်း ချက်ပြည့်ဝတဲ့အထိ သွားမယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေကို ဝိုင်းဝန်း ကူ ညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်ဗျ” လို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိ မြင်းခြံမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားသလို အထူးစစ်ဆင်ရေး သုံး မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့တာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ လမ်းပိုင်းတွေကိုလည်း ပြည်သူတွေအနေနဲ့ မသွားလာကြဖို့ကိုလည်း အ သိပေး ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာ မြင်းခြံခရိုင်ထဲ စစ်ရေးအရှိန်မြင့်တက်နေတာကြောင့် ပြည်သူ အ များစုလည်း စစ်ဘေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
အလားတူ ဒေသတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ စစ်အုပ်စု စခန်းတွေအနီး မနေထိုင်ကြဖို့နဲ့ သွားလာ တာ တွေမလုပ်ကြဖို့၊ လေကြောင်းရန်နဲ့ လက်နက်ကြီး အန္တရာယ်ကိုလည်း သတိပြုကြဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ လမ်းပိုင်းတွေကိုလည်း ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိ ပေး ထားပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် ဩဂုတ်လ ၁၀ ရက်က စတင်ကာ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး သုံးမြို့နယ်ထဲက စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးပူး ပေါင်း တပ်ဖွဲ့ တွေက တိုက်ခိုက်နေတာ ဒီကနေ့ဆိုရင် ခြောက်ရက်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
အထူးစစ်ဆင်ရေး စတင်ခဲ့တဲ့ ဩဂုတ်လ ၁၀ ရက် နွားထိုးကြီးမြို့ တိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ဦး ထက်မနည်း သေ ဆုံးကာ လက်နက် ၂၇ လက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံ့ပန်းသုံးဦး၊ တောင်သာမြို့နယ် ဝဲလောင်ရွာ လျှပ်စစ်ဓာတ် အား ခွဲရုံတိုက်ပွဲအတွင်း စစ်အုပ်စု လေးဦးသေဆုံးပြီး လက်နက်သုံးလက်၊ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိပြီး မြင်းခြံမြို့ (ခမရ-၁၅) ကို ၁၀၇ မမ ရှော့တိုက်ဒုံး တိုက်ခိုက်မှုအတွင်း စစ်အုပ်စု ၁၄ ဦးထက် မနည်း သေဆုံး ခဲ့တယ်လို့ တော် လှန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ မြင်းခြံမြို့ ခြေမြန်တပ်ရင်း (ခမရ-၁၅) အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့ပြီးထိခိုက် ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်က MFP ကို ပြောထားပါတယ်။
ဩဂုတ်လ ၁၄ ရက် မနေ့က မြင်းခြံ-တောင်သာ လမ်းပိုင်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စု တပ် ဖွဲ့ဝင်နဲ့ ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းကို မီးရှို့ရှင်း လင်းခဲ့တယ်လို့ ဆိုပါတယ်။
#Mandalay_Free_Press_MFP