ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရ
ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။
နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၇)၊ ၅၀၀ ပြည့်ရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီဝန်ထမ်းများအား အနီးကပ်တိုက်ခိုက်ရာ ၁၅မိနှစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဝင် တစ်ဦးသေဆုံးပြီး ၅ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ရေစကြိုပကဖက ပြောသည်။
“သူတို့နဲ့ သိပ်မဝေးဘူး။ ပေသုံးရာအကွာလောက်ပဲ။ တစ်ဦးဗိုက်ပွင့်သေတာက မျက်မြင် ပါ”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သို့သော် စစ်ကောင်စီအုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၉ရက်ကလည်း ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ရေစကြိုပကဖက အနီးကပ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိခဲ့သည်။
ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ပြည်သူများအား ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်နေပြီး ဒေသခံပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်နေသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းကောက်နေ သော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံး သွားခဲ့ကြောင်း ရေစကြို ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေစကြို၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အ တွင်း အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်ပြီး သန်းခေါင်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက အနီးကပ် ခြုံခိုပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ စစ်သား ၁ ဦး ဗိုက်ပွင့်ထွက်သေဆုံး ကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာ။ ကျနော်တို့ကတော့ လက်မခံဘူး။ အခုက မြို့ပေါ် ရပ်ကွက်ထဲမှာ ကြိုးစားနေတာ၊ လဝကတွေဘာတွေမပါဘူး။ စခနဲ့ ပျူတွေချည်းပဲ။ အရင်ဦးအောင် ချောင်း ပြီး ပစ်ခဲ့တာ၊ အပြန်အလှန်ပစ်ခတ်မှုကတော့ ၁၅ မိနစ်လောက်ကြတယ်။ စခတွေက အင် အားက နည်းနည်းများတော့ စုရုံး၊ စုရုံးဆိုတော့ ထိတယ်၊ တစ်ယောက်ကတော့ ဗိုက်ပွင့် ထွက်သေ တယ်။ ၅ ယောက်လောက်ကတော့ ဒဏ်ရာရတယ်။ နားထင် ရှပ်မှန်တဲ့သူနဲ့၊ ဗိုက်ရှပ်မှန်တဲ့သူနဲ့ ဒဏ် ရာရကြတာ၊” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ ထို့အတူ ရပ်ကွက်နေမိဘပြည်သူများလည်း ထိခိုက်မှုမရှိကြောင်း သိရ သည်။
(သန်းခေါင်စာရင်းကောက်သည့်စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ