အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို့ ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ.. ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို့ UG ခေါင်းဆောင်ပြော..

by

in

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို့ ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ..
ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို့ UG ခေါင်းဆောင်ပြော..
အောက်တိုဘာ ၃၁၊ ၂၀၂၄
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ယောက်သေပြီး ၂ယောက်ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။
အောက်တိုဘာ ၃၁ရက်၊ ဒီနေ့ညနေမှာ ရန်ကုန်- မန္တလေး(လမ်းဟောင်း) တိုးဂိတ်နားမှာရှိနေတဲ့ ရဲ၊ စစ်သားနဲ့ မော်တော်ပီကယ် အပါ ၇ယောက်ကို UG အဖွဲ့ဝင်တွေက လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဒီကောင်တွေက အမြန်လမ်းပေါ် ကားရပ်ပြီး လာသမျှကုန်ကားတွေ၊ ဆိုင်ကယ်တွေဆီက ငွေညှစ်နေတာပေါ့။ ၇ယောက်လောက်ရှိတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ကားပေါ်ကနေပဲ လက်ပစ်ဗုံး၂လုံးနဲ့ ပစ်ခဲ့တာပါ။ မြေပြင်ကင်းထောက်ပြောချက်အရဆို ၁ကောင်ကတော့ လုံးဝကို ပက်လက်ဖြစ်ပြီး ကားလမ်းဘေးမြတ်ခင်းစိမ်းပေါ် ဆွဲသွားတယ်လို့တော့ သိရပါတယ်။” လို့ Mother Son မြို့ပြ UG ဦးစီးမှူး ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က ဆုံးပါးသွားခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးပြန်ယူတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့လည်း သူကပြောပါတယ်။
“လက်ရှိအခြေအနေအရဆို မြို့ပြ စစ်ဆင်ရေးလုပ်ရတာ အရင်ထက်ပိုကြပ်လာတယ်ပေါ့။ ရှောင်တခင်စစ်တာတွေ၊ စီမံချက်တွေရှိလာတယ်။ ကျနော်တို့ကတော့ ပြည်သူကလှူတဲ့ ချွေးနဲစာကို ချွေတာသုံးပြီး ရပ်တည်တယ်။ ပြီးမှ စစ်ကောင်စီကို အစီအစဥ်ဆွဲပြီးတိုက်ပါတယ်။” လို့လည်းMother Son မြို့ပြ UG ဦးစီးမှူး ဗိုလ်နိုင်က ပြောပါတယ်။
ပုံစာ – အမြန်လမ်း တစ်နေရာမှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)